တိုက်ရိုက်ကြည့်ရှုနားဆင်မှု ကဘာလဲ

တေးသီချင်းနှင့်ရုပ်ရှင်များကို တိုက်ရိုက်ကြည့်ရှုနားဆင်မှုနဲ့ ပတ်သက်၍ ၎င်း နှင့် ဒေါင်းလုဒ်ရယူမှုတို့၏ကွာခြားချက်အစရှိသော မေးလေ့ရှိသည့် မေးခွန်းများကို ဖော်ပြထားပါတယ်

အောက်သို့

တိုက်ရိုက်ကြည့်ရှုနားဆင်မှု ကဘာလဲ

အင်တာနက်ပေါ်တွင် တေးသီချင်းနှင့်ဗီဒီယိုများ ကိုနေရာတစ်ခုမှ ကူးယူပြီး ထုတ်လွှင့်ပေးခြင်းကိုဆိုလိုသည်။ YouTube ပေါ်တွင် ဗီဒီယိုများကြည့်ရှုမှုကို ပြောရာတွင် ထိုအသုံးအနှုန်းကို အသုံးပြုသည်။

အင်တာနက်မှ အခြားသောနေရာများသည် ‘server’, သို့ ‘cloud’ ဖြစ်သည်။ YouTube ကဲ့သို့တိုက် ရိုက်ကြည့်ရှုသည့် ၀န်ဆောင်မှုများသည် ထိုနေရာမှ ဖိုင်များကို အင်တာနက်မှတစ်ဆင့် ရယူပြီး ထုတ်လွှင့်ပေးခြင်းဖြစ်သည်။ ထိုနည်းသည် ရေဘုံဘိုင်မှ ရေများတိုက်ရိုက်စီးဆင်းသလိုကဲ့သို့ဖြစ်ပြီး ဖိုင်များကို တစ်နေရာမှတစ်နေရာသို့ကူးယူမှုမလိုသည့်အတွက် သင့်ဖုန်းထဲတွင်လည်း နေရာယူသိုလှောင်မှု မရှိခြင်းဖြစ်သည်။

တိုက်ရိုက်ကြည့်ရှုနားဆင်မှု ပြုလုပ်သော ဥပမာတစ်ချို့

  • YouTube ကိုအသုံးပြုပြီး စမတ်ဖုန်းပေါ်တွင် ဗီဒီယို ကြည့်ရှုခြင်း
  • YouTube ၌ ဗီဒီယိုကြည့်ရာတွင်ပြတ်တောင်းမှုများမဖြစ်ပေါ်စေရန် ၃ စက္ကန့်မျှကြာသည့် သက်ဆိုင်ရာ ဖိုင်ကို ပြင်ဆင်စောင့်ဆိုင်းမှု အချိန်တစ်ခုရှိသည်။
  • တယ်လီနောမြန်မာ ၏မြန်နှုန်းမြင့် အင်တာနက်ဖြင့် ထိုပြင်ဆင်ချိန်အတွက် အဝိုင်းလည်မှုအချိန် လုံးဝမရှိဘဲ ဗီဒီယိုများကို ချောမွေ့စွာ ကြည့်ရှုနိုင်ပါသည်။
  • သတိပြုရန်မှာ ရုပ်ထွက် အရည်အသွေးမြင့်ဗီဒီယိုများကို ကြည့်ရှုရာတွင် အင်တာနက်လိုင်းမြန်နှုန်းပိုသုံးရ သဖြင့် ဒေတာကုန်ကျမှုပိုနိုင်သည်။
  • တိုက်ရိုက်ကြည့်ရှုနားဆင်မှုမှ ထိုသီချင်းနှင့်ဗီဒီယိုများကို သင့်၏ဖုန်းထဲတွင် သိမ်းဆည်းထားမည်မဟုတ်ပါ။
  • တိုက်ရို်က်ကြည့်ရှုနားဆင်မှုမှာ Pyone Play နှင့် YouTube တွင် အခမဲ့ဖြစ်သလို iflix ကဲ့သို့လစဉ်ကြေးပေးဆောင် ရတာမျိုးလည်းရှိ သည့်အပြင် အချိန်အတိုင်းအတာတစ်ခုအတွင်း ဗီဒီယို ကို ငှားရမ်းရခပေးဆောင် ရသည်မျိုးလည်းရှိပါတယ်။
  • ၀န်ဆောင်မှုကြေး ပေးသွင်းထားမှသာလျှင် တေးသီချင်းနှင့်ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ထိုမှမဟုတ်လျှင် ၀န်ဆောင်မှုရပ်ဆိုင်းသွားမည်ဖြစ်သည်။

တိုက်ရိုက်ကြည့်ရှုနားဆင်မှုနှင် ဒေါင်းလုဒ် ရယူခြင်းကဘာကွာလဲ

တေးသီချင်းနှင့်ဗီဒီယိုများကို သင့်စမတ်ဖုန်းတွင် ကြည့်ရှုနိုင်သည့်အခြားနည်းလမ်းမှာ ၎င်းတို့ကို ဒေါင်းလုဒ်ဆွဲ ၍ဖြစ်စေ Zapya ကဲ့သို့ ဖိုင်များမျှဝေနိုင်သည့် အက်ပ်ဖြင့် ရယူနိုင်ပါသည်။ ထိုဖိုင်များ ဒေါင်းလုဒ်ရယူပြီးသည့်အခါ သို့မဟုတ် ဝေမျှပြီးသည့်အခါတွင် ၎င်းတို့သည် သင့်ဖုန်းထဲသို့သိမ်းထားပြီး ဖြစ်သည်။

ဒေါင်းလုဒ်ရယူထားမည်ဆိုလျှင် ထိုသီချင်းနှင့် ဗီဒီယိုများကို နောင်တွင်ပြန်ကြည့်ရှုနိုင်သည်။ JOOX နှင့် iflix ကဲ့သို့ဝန်ဆောင်မှုများတွင် ဒေါင်းလုဒ်ရယူနိုင်သည့် အတွက်ကြောင့် သင်နှစ်သက်ရာတေးသီချင်းနှင့်ဗီဒီယိုများကို ကြည့်ရှုရန်သိမ်းဆည်းထားနိုင်သည်။

သတိပြုရန်မှာ မူပိုင်ခွင့်ရှိသော ဖိုင်များကို ခွင့်ပြုချက်မပါခြင်း၊ မူပိုင်ခွင့်ရှိသူကို တန်ရာတန်ကြေးမပေးခြင်းဖြင့် ဒေါင်းလုဒ်ရယူခြင်း ဝေမျှခြင်းသည် ဥပဒေချိုးဖောက်ခြင်းဖြစ်သည်။

ဒေါင်းလုဒ်ရယူခြင်းနှင့်ပတ်သက်သည့် ဥပမာများ

  • သင့်စမတ်ဖုန်းသည် ဖိုင်ဖြင့်ချိတ်ဆက်မိသည့်အခါ ထိုဖိုင်သည် သင့်စမတ်ဖုန်းအတွင်းသို့ သိမ်းဆည်းပြီးဖြစ်သည်။
  • ပုံမှန်အားဖြင့် ရုပ်ရှင်နှင့်တေးသီချင်းများကြည့်ရှုနားဆင်နိုင်ရန် ဒေါင်းလုဒ်ပြီးမြောက်သည့် အချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။
  • မူပိုင်ခွင့်ရှိသည့် ဖိုင်မဟုတ်လျှင် ထိုဖိုင်ကို ကူးယူပြီး သူငယ်ချင်းများကို ဝေမျှနိုင်ပါသည်။
  • ဒေါင်းလုဒ်ရယူပြီးသားဖိုင်ကို မည့်သည့်အချိန်တွင်မဆိုပြန်လည်နားဆင်ကြည့်ရှုနိုင်သည်။
My Telenor