ဖုန်းငွေဖြည့်ခြင်း

တယ်လီနောမှ အသုံးပြုသူကပ်စတန်မာများအားလုံး အဆင်ပြေစေရန် ငွေဖြည့်သည့် နည်းလမ်းသုံးခုကို ပြုလုပ် ပေးထားပါသည်။ ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်ခြင်း၊ တယ်လီနောအရောင်းဆိုင်များမှ Electronic Loading (E-Load) ဖြင့်ငွေဖြည့်ခြင်း၊ အခြား payment channel များ (ဥပမာ wave money, red dot, Mobile Banking) မှတစ်ဆင့်ငွေဖြည့်ခြင်း တို့ဖြစ်ပါသည်။

 

ငွေဖြည့်ကတ်

ငွေဖြည့်ကတ်များကို ၁ဝဝဝကျပ်၊ ၃ဝဝဝကျပ်၊ ၅ဝဝဝကျပ် နှင့် ၁၀,ဝဝဝကျပ် စသည်ဖြင့် လိုအပ်သလို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

 

တယ်လီနောအရောင်းဆိုင်များမှ E-Load ဖြင့် ငွေဖြည့်ခြင်း

တယ်လီနောအရောင်းဆိုင်များမှ E-Load ဖြင့် မြန်မာကျပ်ငွေ ၁၀၀၀ မှ ၁၀၀၀၀ထိ ငွေဖြည့်နိုင်ပါသည်။

 

အခြား Payment Channel များ

တယ်လီနောသုံးစွဲသူများမှ Wave Money၊ Red Dot နှင့် မိုဘိုင်းဘဏ်စနစ်များမှလည်း ငွေဖြည့်နိုင်ပါသည်။

၁၀၀၀တန်
ငွေဖြည့်ကတ်

၃၀၀၀တန်
ငွေဖြည့်ကတ်

၅၀၀၀တန်
ငွေဖြည့်ကတ်

၁၀၀၀၀တန်
ငွေဖြည့်ကတ်

အမေးများသောမေးခွန်းများ
Telenor Sim Card တစ်ခုကို ဘယ်လောက်ပေးရမလဲ။

၁၅၀ဝ ကျပ် ပဲပေးဆောင်ရပါမည်။ နံပါတ်အလှ မဟုတ်လျှင် ၁၅၀ဝ ကျပ်ထက် ပိုပေးရန် မလိုပါ။

SIM Card များကို ဘယ်မှာ ဝယ်ယူနိုင်မလဲ။

Telenor မှ ဝန်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပါသည်။ ဒါ့အပြင် Telenor အရောင်းဆိုင်များတွင်လဲ ဝယ်ယူနိုင်ပါသည်။ Telenor မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ဝယ်ယူနိုင်ပါသည်။ မှတ်ပုံတင် (သို့) ထောက်ခံစာ တစ်ခုခု ယူဆောင်လာရမည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို Telenor ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။

Telenor SIM Card များက ဆိုင်တိုင်းတွင် ဝယ်ယူနိုင်ပါသလား (သို့) Telenor မှဝန်ဆောင်မှုပေးထားသော ဆိုင်များမှသာ ဝယ်ယူနိုင်ပါသလား။

ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ဝယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

Telenor SIM Card ဝယ်ယူရန် မည်သို့သော အထောက်အထားရှိသည့် အရာများဖြင့် ဝယ်ယူနိုင်ပါသနည်း။

မှတ်ပုံတင် ၊ ကားမောင်းလိုင်စင် ၊ Passport ၊ ကျောင်းသားကဒ် ၊ ထောက်ခံစာများ ဖြင့် ဝယ်ယူနိုင်ပါသည်။

ဝယ်ယူထားသော Telenor SIM Card သည် အသုံးပြုလို့မရလျှင် မည့်သို့လုပ်ဆောင်ရမည်နည်း။

Telenor Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@telenor.com.mm သို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။

My Telenor