သင့် ခံစားချက်များကို ဂီတသံ များနှင့် ဖော်ပြ လိုက်ပါ

MyTune ဆိုတာကတော့ “ခေါ်ဆိုသူနားဆင်တေးသွား ၀န်ဆောင်မှု” နှင့် “ကိုယ်တိုင် နားဆင်တေးသွား ၀န်ဆောင်မှု” တို့ဖြင့် မိမိကိုယ့်ကို သံစဉ်များဖြင့် ဖော်ကျူးနိုင်စေမယ့် တယ်လီနောရဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

မိမိထံသို့ခေါ်ဆိုသော ဖုန်းများအတွက် ရွေးချယ်ထားသည့် တေးသွား များကို နားဆင်စေနိုင်ခြင်းနှင့် မိမိဖုန်းခေါ်ဆိုနေသည့်အခါတွင် ကိုယ်တိုင်နားဆင်နိုင်မည့် တေးသွားများထည့်သွင်းနိုင်ခြင်းတို့ကို MyTune ၀န်ဆောင်မှုကို ရယူခြင်းဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားသော နိုင်ငံတကာတေးသီချင်းများနှင့် မြန်မာတေးသီချင်းပေါင်း (၂)သောင်းကျော်ထဲမှ မိမိနှစ်သက်ရာ တေးသွားကို MyTune မှတစ်ဆင့် ရှာဖွေရယူပြီး “ခေါ်ဆိုသူ နားဆင်တေးသွား ၀န်ဆောင်မှု” (သို့မဟုတ်) “ကိုယ်တိုင်နားဆင် တေးသွား ၀န်ဆောင်မှု” တို့အား ရယူခြင်းဖြင့် စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးစွာ ၀န်ဆောင်မှုကို ရယူပြီးနောက် မိမိနှစ်သက်ရာ တေးသွားများကို ၀ယ်ယူနိုင်မည်သာမက ၀န်ဆောင်မှု နှစ်ခုစလုံးကိုလည်း တစ်ပြိုင်နက်တည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ ၀န်ဆောင်မှု တစ်ခုစီအတွက် အပတ်စဉ် ၀န်ဆောင်ခ ကောက်ခံမှာ ဖြစ်ပါတယ်။

သင့်အကြိုက်ဆုံးတေးသွားကို သင့်ဖုန်းကို ခေါ်ဆိုသူများ နားဆင်စေနိုင်ခြင်းနှင့် ကိုယ်တိုင်နားဆင်နိုင် ခြင်းတို့တွင် အသုံးပြုနိုင်ရန် ဒီနေ့ပဲ ရယူလိုက်ပါ။

MyTune ဝန်ဆောင်မှုကို မိတ်ဆက်ပေးခြင်း

MyTune App ကိုအသုံးပြုပြီး သင့်အတွက်ရော သင့်ချစ်ခင်သူများအတွက်ပါ တေးသီချင်းများကို လွယ်ကူ စွာ ရှာဖွေနိုင်ခြင်း နှင့် တေးသွားလက်ဆောင်များကို ပေးနိုင်ပါတယ်။ တယ်လီနောမြန်မာရဲ့ MyTune application ကို အသုံးပြုပြီး သင့်ရဲ့ MyTune ဝန်ဆောင်မှုအကောင့်ကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါတယ်။ အင်္ဂလိပ်၊ မြန်မာ ဘာသာနှစ်မျိုးလုံး နှင့် အသုံးပြုနိုင်ပါတယ်။

တယ်လီနောမြန်မာ၏ MyTune ဝန်ဆောင်မှုမှာ သင့်ခံစားမှုကို ဖော်ကျူးပြသနိုင်တဲ့ ဂီတသံစဉ်များကို ရယူနိုင်ပါတယ်။ ခေါ်ဆိုသူနားဆင် နှင့် ကိုယ်တိုင်နားဆင် တေးသွားဝန်ဆောင်မှုများအတွက် အသုံးပြုမှု ကျသင့်မည့် ဝန်ဆောင်ခများကို MyTune App ထဲတွင်လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

- ဂီတကို မြတ်နိုးသူများအတွက် MyTune application -

  • တေးသွား ၂၀,ဝဝဝ ကျော်ကို လွယ်ကူအဆင်ပြေစွာရှာဖွေနိုင်ခြင်း။
  • MyTune app ကို အသုံးပြုပြီး အထူးသက်သာသောဈေးနှုန်း ၃၁၅ ကျပ် တည်းဖြင့် လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
  • နှစ်သက်ရာ တေးသွားအပုဒ်တိုင်းကို ၄၅စက္ကန့် အကြိုခံစားနားဆင်နိုင်မှာပါ။
  • ချစ်ခင်သူများကို တေးသွားလက်ဆောင်ပေးခြင်းဖြင့် သင့်ခံစားချက်တွေကို ဖော်ပြနိုင်ပြီနော်။
  • ကြိုက်နှစ်သက်တဲ့ တေးသွားများကို မှတ်ထားခြင်းဖြင့် နောက်တစ်ကြိမ်အတွက် လွယ်ကူစွာရှာဖွေနိုင်ပါပြီ။
  • သင့်ရဲ့ MyTune ဝန်ဆောင်မှု အကောင့် setting ကို သင်နှစ်သက်သလို တစ်နေရာထဲမှာ လွယ်ကူစွာပြုလုပ်နိုင်ပါပြီ။
  • တယ်လီနောမြန်မာ အသုံးပြုသူများအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
  • Android ဖုန်းအသုံးပြုသူများအနေဖြင့် သင့်ဖုန်းတွင် 3G / 4G ကွန်ယက်များတွင် အသုံးပြုနို်င်ပါတယ်။
  • ဒေတာအသုံးပြုခ မကောက်ခံပါ။ MyTune app ကို အသုံးပြုရာမှာ ဒေတာအသုံးပြုခြင်းအတွက် ဘေလ်လုံးဝကောက်ခံမည် မဟုတ်ပါ။ ဝန်ဆောင်မှုကို ရယူခြင်း (သို့) တေးသွားများကို ဝယ်ယူခြင်းအတွက်သာ ဝန်ဆောင်ခကျသင့်ငွေကိုသာ ကောက်ခံမည်ဖြစ်ပါသည်။

My Tune နေ့စဉ်သုံး အစီအစဉ်

စျေးနှုန်း သက်တမ်း ရယူရန်
၅၀ ကျပ် ၁ရက် ၃၃၃ သို့ "MTD ON" ဟု စာတိုပေးပို့ရန်။

တေးသွားဝန်ဆောင်မှုကို ရယူခြင်း / ဖျက်သိမ်းလိုခြင်း

MyTune app

MyTune application ကို Download ရယူပြီး အသုံးပြုနိုင်ပါပြီ။

စာတို

MyTune ကိုရယူရန် ၃၃၃ သို့ "MTD ON" ဟု စာတိုပေးပို့ပါ။ ရယူခြင်းကို ရပ်ဆိုင်းရန် ၃၃၃ သို့ "MTD OFF" ဟု စာတိုပေးပို့ပါ။

IVR

၃၃၃ ကို ဖုန်းခေါ်ဆိုပြီး ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

CRBT

(ခေါ်ဆိုသူနားဆင်ဝန်ဆောင်မှု)


ဝန်ဆောင်မှုရယူခြင်း : ၃၃၃ သို့ "MT ON" ဟု စာတိုပေးပို့ပါ။

ဝန်ဆောင်မှုကို ဖျက်သိမ်းခြင်း: ၃၃၃ သို့ "MT OFF" ဟု စာတိုပေးပို့ပါ။

RRBT

(ကိုယ်တိုင်နားဆင်ဝန်ဆောင်မှု)


ဝန်ဆောင်မှုရယူခြင်း : ၃၃၃ သို့ "RT ON" ဟု စာတိုပေးပို့ပါ။

ဝန်ဆောင်မှုကို ဖျက်သိမ်းခြင်း: ၃၃၃ သို့ "RT OFF" ဟု စာတိုပေးပို့ပါ။

အမေးများသောမေးခွန်းများ
MyTune - တေးသွားဝန်ဆောင်မှုဆိုတာ ဘာလဲ

တယ်လီနောမြန်မာ၏ ခေါ်ဆိုသူနားဆင်တေးသွားဝန်ဆောင်မှု နှင့် ကိုယ်တိုင်နားဆင်တေးသွားဝန်ဆောင်မှု တို့ကို အသုံးပြုပြီး နှစ်သက်ရာတေးသီချင်းများဖြင့် ခံစားချက်များကို ဖော်ကျူးနိုင်ပြီနော်။ ခေါ်ဆိုသူနားဆင်တေးသွားဝန်ဆောင်မှုသည် သင့်ထံဖုန်းခေါ်ဆိုလာသော သူများအတွက် တေးသွားများကို နားဆင်စေနိုင်ခြင်းနှင့် ကိုယ်တိုင်နားဆင်တေးသွားဝန်ဆောင်မှုသည် သင်ဖုန်းခေါ်စဉ် သင်နှစ်သက်တဲ့ တေးသွားများကို သင်ကိုယ်တိုင်နားဆင်နိုင်ရန်အတွက် MyTune ဝန်ဆောင်မှုကို ရယူသတ်မှတ်နိုင်ပါတယ်။

တေးသွားဝန်ဆောင်မှုက ဘယ်လိုဝန်ဆောင်မှုကို ပေးပါသလဲ။
ခေါ်ဆိုသူနားဆင်တေးသွား ဝန်ဆောင်မှုဆိုတာဘာလဲ။ ကိုယ်တိုင်နားဆင်တေးသွားဝန်ဆောင်မှုဆိုတာဘာလဲ။
MyTune ဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါလဲ? ဘယ်လိုဖျက်သိမ်းနိုင်ပါသလဲ?
ခေါ်ဆိုသူနားဆင်ဝန်ဆောင်မှု (သို့) ကိုယ်တိုင်နားဆင်ဝန်ဆောင်မှုမှာ အသုံးပြုရန် တေးသီချင်းများကို ဘယ်လိုဝယ်ယူရမလဲ
တေးသွားကို ဘယ်လိုလက်ဆောင်ပေးရလဲ။
တေးသီချင်းကို ဘယ်လိုဝယ်ရမလဲ
ကြိုက်တဲ့ တေးသီချင်း ကို ဘယ်လိုမှတ်ထားရပါသလဲ
ကိုယ်ပိုင် MyTune အကောင့်ကို ဘယ်လိုပြုပြင်လို့ရပါသလဲ
My Telenor