Broadband အင်တာနက် စည်းမျဉ်းစည်းကမ်းချက်များ

  • Broadband ဝန်ဆောင်မှု (“ဝန်ဆောင်မှု”) ပေးရာတွင် လိုအပ်သည့် cable ကြိုးနှင့် ကိရိယာပစ္စည်းများကို ("ကိရိယာပစ္စည်း") တပ်ဆင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များတွင် ဖော်ပြထားသည့်အတိုင်း အသုံးပြုသူ၏ အခန်းအိမ်ယာ အတွင်းနှင့်အပြင်တွင် တပ်ဆင်နိုင်ရန် အသုံးပြုသူက TML ကို ခွင့်ပြုသည်။
  • TMLမှ သတ်မှတ်ထားသော ဝန်ဆောင်မှုတပ်ဆင်ခအား (လိုအပ်သော) ပေးဆောင်ရန် အသုံးပြုသူက သဘောတူညီပါသည်။ ဝန်ဆောင်မှုအား အနည်းဆုံး ၆လခန့်အသုံးပြုမည်ဟု သုံးစွဲသူမှ ကတိပြုအပ်ပါသည်။
  • ဝန်ဆောင်မှုပေးရန် တပ်ဆင်သည့် ကိရိယာပစ္စည်းများသည်  TML ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ပြီး၊ တယ်လီနော Broadband ဝန်ဆောင်မှုအား ဆက်လက်အသုံးပြုရန် အသုံးပြုသူက ဆုံးဖြတ်ပါက TML ထံပြန်လည်လွဲအပ်ရမည်။
  • ဤကိရိယာပစ္စည်းများကို ထိန်းသိမ်းပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မွမ်းမံခြင်း ပြုလုပ်ရန် ပိုင်ရှင်အား ခွင့်မပြုပါ။ ထို့အပြင် TML ၏ စာဖြင့်ရေးသားထားသည့် သဘောတူညီမှု မရှိဘဲ ပိုင်ရှင်သည် အခြားသူတစ်ဦးဦးက ဤပစ္စည်းကိရိယာများကို ထိန်းသိမ်းပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် မွမ်းမံခြင်း မပြုလုပ်စေရန် ဆောင်ရွက်ထားရမည်။
  • ဝန်ဆောင်မှုများ ပြုလုပ်ရန် တပ်ဆင်ထားသော Wi-Fi router နှင့် ကိရိယာအစိတ်အပိုင်းတို့သည် TML ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ကြသည်။
  • သုံးစွဲသူ၏ အမှားကြောင့် ကိရိယာ ပစ္စည်းများ တစ်စိတ်တစ်ပိုင်းဖြစ်စေ အားလုံးဖြစ်စေ ပျက်ဆီးခဲ့ပါက သို့မဟုတ် ပျောက်ဆုံးခဲ့ပါက သုံးစွဲသူကTML အား ပစ္စည်းတန်ဖိုးအတိုင်း ပေးဆောင်စေရမည်။
  • TML သည် သုံးစွဲသူ၏ ဦးစားပေးနေရာ၌သာ Wi-Fi routerအား တစ်ကြိမ်သာအခမဲ့တပ်ဆင်ပေးမည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူမှ Wi-Fi routerအား နေရာအသစ်သို့ ရွှေ့ပြောင်းလိုပါက သုံးစွဲသူမှ အပိုကျသင့်ငွေအား ပေးဆောင်ရပါမည် (ကေဘယ်လ်ကြိုးဆက်ခြင်း နှင့် ပြန်လည်တပ်ဆင်ခြင်း၌ အသုံးပြုသော ပစ္စည်းများအတွက်)။ TML သည် routerနေရာရွှေ့ပြောင်းမှုအား သုံးစွဲသူတောင်းဆိုသည့်ရက်မှ ရုံးဖွင့်ရက် (၇)ရက်အတွင်း ပြုလုပ်ပေးပါမည်။
  • သုံးစွဲသူ၏ အမှားကြောင့် အင်တာနက်အသုံးပြုလို့မရပါက၊ သုံးစွဲသူသည် လာရောက်ပြန်လည်ပြင်ဆင်မှုအတွက် ကျသင့်ငွေအား ပေးဆောင်ရပါမည် (ကေဘယ်လ်ကြိုး ပျက်စီးမှု၊ rotuer ပျက်စီးမှု၊ ကေဘယ်လ်ကြိုးလျော့ရဲမှု၊ စသည်ဖြင့်)။
  • သုံးစွဲသူ၏ အမှားကြောင့် အင်တာနက်အသုံးပြုလို့မရပါက၊ သုံးစွဲသူသည် လာရောက်ပြန်လည်ပြင်ဆင်မှုအတွက် ကျသင့်ငွေအား ပေးဆောင်ရပါမည် (ကေဘယ်လ်ကြိုး ပျက်စီးမှု၊ rotuer ပျက်စီးမှု၊ ကေဘယ်လ်ကြိုးလျော့ရဲမှု၊ စသည်ဖြင့်)။
  • သုံးစွဲသူသည် ပရိုမိုးရှင်းဝန်ဆောင်မှုအား သုံးစွဲရန်ရွှေးချယ်ပါက၊ ထို ပရိုမိုးရှင်းနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များအား လိုက်နာရမည်။ ပရိုမိုးရှင်းကာလ ကျော်လွန်သွားပါက၊ ထို ပရိုမိုးရှင်းနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များသည် အဆုံးသတ်ပါလိမ့်မည်။ မူလဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များအား (တနည်းအားဖြင့် CAF၌ဖြည့်ထားသည့် ၀န်ဆောင်မှုအတွက်) လိုက်နာရမည်။
  • နည်းပညာ/ စီးပွားရေးလုပ်ငန်း/ အင်အားသုံး majeureအကြောင်းပြချက်များနှင့်ပတ်သက်သော ကြိုတင်မှန်းဆမမြင်နိုင်သောအခြေအနေများ၌၊ TMLသည် တပ်ဆင်ခြင်အား ရပ်ဆိုင်းပိုင်ခွင့်ရှိပါသည်။

လျှောက်လွှာအား ရယူပါ

My Telenor