စျေးအတန်ဆုံး ပြည်ပတွင် ဖုန်းအသုံးပြုနှုန်း | Telenor Myanmar

တယ်လီနောမြန်မာ ဆင်းကတ်များဖြင့် ထိုင်း၊ မလေးရှား နိုင်ငံတွင် နိုင်ငံတွင်း ဖုန်းနံပါတ်များကို တစ်မိနစ် (၂၅) ကျပ်၊ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆိုလျှင် တစ်မိနစ် (၁၅၀) ကျပ်၊ စာတိုပို့ဆောင်မှု (၁၅) ကျပ်၊ ဖုန်းအဝင်လက်ခံခြင်း တစ်မိနစ် (၅၀) ကျပ် နှင့် အင်တာနက်အသုံးပြုခ တစ်မီဂါဘိုက် (၈) ကျပ်ကို တစ်ရက် (၂၄) အတွင်း အသုံးပြုနိုင်ပါတယ်။ ဤပရိုမိုရှင်းမှာ ၂၀၁၆၊ ဒီဇင်ဘာ (၁၅) ရက်မှ စတင်မည်ဖြစ်ပြီး၊ ပရိုမိုရှင်း ပြီးဆုံးသည်ဟု အကြောင်းမကြားမချင်း အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

 

Product အကြောင်းအရာ

နေ့စဉ်ဝန်ဆောင်ခ ၅၀၀ ကျပ်
Benefit တစ်မိနစ် ၂၅ ကျပ် (ပြည်တွင်းနံပါတ်များသို့)
တစ်မိနစ် ၁၅၀ ကျပ် (မြန်မာနံပါတ်များသို့)
တစ်မိနစ် ၅၀ ကျပ် (ဖုန်းအဝင်လက်ခံမှု )
၁ မီဂါဘိုက် ၈ ကျပ် (Data Roaming/Internet)
SMS ၁ စောင် ၁၅ ကျပ်၏
နိုင်ငံ/ ကွန်ယက် DTAC/THAI & DIGI/Malaysia
သက်တမ်းကာလ စယူသည့်အချိန်မှ ၂၄ နာရီအတွင်း
How to make IDD Call + OR 00 66 XXXXXXXXX to DATC\Thai
+ OR 00 60 XXXXXXXXX to DIGI\Malay
တခြားနိုင်ငံတွေမှာသုံးလို့ရလား?    မရပါ။ DTAC/Thai နှင့် DIGI/Malaysia တွင်သာ သုံးနိုင်သည်
ဘယ်လိုပြန်ဖြုတ်မလဲ    Auto renewal မဟုတ်ပါ။
တစ်ကြိမ်ဝယ်ယူပြီးသည်နှင့် ပြန်ဖြုတ်၍မရပါ။

ဘယ်လိုရယူနိုင်မလဲ?

  • *979*2*5*2# သို့ ဖုန်းခေါ်ဆိုပါ (only for prepaid)
  • 500 သို့ TMROAM ဟု SMS ပို့ပါ  (prepaid)
  • 500 သို့ SKYROAM ဟု SMS ပို့ပါ  (postpaid)
  • MyTelenor App
အမေးများသောမေးခွန်းများ
TMROAM ဝန်ဆောင်မှုကို နိုင်ငံအားလုံးတွင် အသုံးပြုနိုင်ပါသလား။

မရပါ။ (ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအတွင်းသာအသုံးပြုနိုင်ပါသည်။)

TMROAM ဝန်ဆောင်မှုကို မည်သို့ရယူမည်နည်း။

Prepaid အသုံးပြုသူများအတွက် ဖုန်းနံပါတ် 500 ကို “TMROAM” နှင့် Postpaid အသုံးပြုသူများအတွက် ဖုန်းနံပါတ် 500ကို “SKYROAM” လို့ပေးပို့ရပါမည်။ My Telenor App တွင်လည်း USSD *979*2*5*2# လို့ဖုန်းခေါ်ဆိုပြီး ရယူနိုင်ပါသည်။ (Prepaid အသုံးပြုသူများအတွက်သာ)

ဤဝန်ဆောင်မှု၏ ဈေးနှုန်းမှာ မည်မျှကျသင့်မည်နည်း။

၀န်ဆောင်မှု၏ဈေးနှုန်းမှာ (၅၀ဝ) ကျပ် (ကုန်သွယ်အခွန်အခမပါဝင်ပါ)

ဤဝန်ဆောင်မှုကို ရယူပြီးကြောင်း မည်သို့သိရှိမည်နည်း။

၀န်ဆောင်မှုရယူပြီးကြောင်း စာတိုရရှိပါမည်။ စာတို: “TMROAM Roaming Pack သည် (၅၀ဝ) ကျပ်ဖြစ်ပါသည်။ သက်တမ်းမှာ (၂၄) နာရီအထိဖြစ်ပါသည်။”

ဤဝန်ဆောင်မှုသည် ဖုန်းခေါ်ဆိုမှု နှင့် စာတိုဝန်ဆောင်မှု အသုံးပြုနိုင်ပါသလား။

ဖုန်းခေါ်ဆိုမှု၊ စာတိုနှင့် အင်တာနက်အသုံးပြုနိုင်ပါသည်။

ဤဝန်ဆောင်မှုတွင် အင်တာနက် မည်မျှအသုံးပြုနိုင်မည်နည်း။

၀န်ဆောင်မှုရယူပြီးချိန်မှစ၍ (၂၄) နာရီအတွင်း အသုံးပြုနိုင်ပါသည်။

ဤဝန်ဆောင်မှုကို ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့မသွားခင် ကြိုတင်ရယူဖို့လိုပါသလား။

မလိုပါ။ (မြန်မာ၊ ထိုင်းနှင့် မလေးရှားတွင် ရယူနိုင်ပါသည်)။

ဝန်ဆောင်မှု၏ သက်တမ်းကို မည်သို့ သိရှိနိုင်မည်နည်း။

စာတို အကြောင်းကြားစာ (၂) စောင်ရရှိပါမည်။ ပထမစာတိုကို သက်တမ်းကုန်ဆုံးမည့်အချိန်၏ တစ်နာရီအလိုတွင်ရရှိပါမည်။ ဒုတိယစာတိုကို သက်တမ်းကုန်ဆုံးပြီးသည့်ချက်ချင်း ရရှိပါမည်။ ပထမစာတို : သင်၏ TMROAM Roaming Pack သည် နောက်တစ်နာရီတွင် ကုန်ဆုံးပါတော့မည်။ ဝန်ဆောင်မှုကို ဆက်လက်ရယူလိုလျှင် သက်တမ်းကုန်ဆုံးပြီးနောက် ထပ်မံရယူနိုင်ပါသည်။ ဒုတိယစာတို : ယခုသင်၏ TMROAM Roaming Pack သည် သက်တမ်းကုန်ဆုံးသွားပါသည်။ ဆက်လက် အသုံးပြုမှုများကို ပုံမှန်အတိုင်း ကောက်ခံသွားပါမည်။ ဤဝန်ဆောင်မှုကိုဆက်လက်အသုံးပြုလိုလျှင် ထပ်မံရယူနိုင်ပါသည်။

(၂၄) နာရီအတွင်း အင်တာနက်အသုံးမပြုနိုင်လျှင် မည်သို့လုပ်ဆောင်ရမည်နည်း။

ဤဝန်ဆောင်မှုကို (၂၄)နာရီအတွင်းအသုံးပြုရမည်။ (အသုံးမပြုလျှင် အစားထိုးပေးခြင်းမရှိပါ။)

ဝန်ဆောင်မှုကို ရယူပြီးနောက် ပယ်ဖျက်နိုင်ပါသလား။

မပယ်ဖျက်နိုင်ပါ။ ဝန်ဆောင်မှုရယူပြီးနောက် (၅၀ဝ) ကျပ်ဖြတ်ထောက်သွားပါမည်။ (ငွေပြန်မအမ်းပါ)။

အင်တာနက်အသုံးပြုမှုအတွက် (၂၄) နာရီတစ်ကြိမ်ထက်ပို၍ ရယူနိုင်ပါသလား။

မရပါ။ ပထမတစ်ကြိမ် (၂၄)နာရီ ကုန်ဆုံးပြီးမှ နောက်တစ်ကြိမ် ရယူနိုင်ပါသည်

ဤဝန်ဆောင်မှုသည် အလိုအလျောက်သက်တမ်းတိုးပါသလား။

သက်တမ်းမတိုးပါ။ ထပ်မံအသုံးပြုလိုလျှင် ဤဝန်ဆောင်မှုကို ထပ်မံဝယ်ယူရပါမည်။

My Telenor