Power Load | Telenor Myanmar

Prepaid ဆင်းကတ် အသုံးပြုသူများ အားလုံးအတွက် အထူးပြုလုပ်ထားတဲ့ ပရိုမိုးရှင်းဖြစ်လို့ ဒီနေ့ပဲ E-load မှ ငွေဖြည့်ပြီး ငွေဖြည့်အပိုဆုများနဲ့ အထူးအစီအစဉ်တွေကို ရယူလိုက်ပါ။

Power Load ကတော့ တယ်လီနောကြိုတင်ငွေပေးစနစ်အသုံးပြုသူအားလုံးအတွက် e-load ငွေဖြည့်အပိုဆုများနဲ့ အထူးအစီအစဉ်များကို ရရှိနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

မတူညီတဲ့ e-load ငွေဖြည့်အပိုဆု နှစ်ခုနဲ့ အထူးအစီအစဉ်များကို ရရှိရန် ဖော်ပြထားတဲ့ တန်ဖိုးအတိအကျကို ငွေဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ *555# ကိုခေါ်ဆိုပြီး ငွေဖြည့်အပိုဆုများနဲ့ အထူးအစီအစဉ်များရရှိဖို့ ဖြည့်သွင်းရမယ့် ငွေပမာဏကို ရှာဖွေလိုက်ပါ။

*555# ကို ဖုန်းခေါ်ဆိုပါ။

အမေးများသောမေးခွန်းများ
Power Load ဆိုတာ ဘာလဲ ?

 Power Load ဆိုတာကတော့ POS အတွက် e-load ဖြင့်ငွေဖြည့်ဖို့အတွက် ရွေးချယ်စရာတစ်ခုဖြစ်ပြီး အသုံးပြုသူအတွက် သက်ဆိုင်ရာ အင်တာနက် သို့မဟုတ် ဖုန်းပြောခွင့်အစီအစဉ်များကို ရောင်းချပေးရန်ဖြစ်ပါတယ်။ 

*555# ကိုခေါ်ဆိုပြီး POS နဲ့ customer နှစ်ဖက်လုံးကနေ customer ရရှိနိုင်တဲ့  offer များကိုကြည့်ရှုနိုင်ပါတယ်။ ရရှိနိုင်တဲ့ Offer တွေကတော့ e-load ငွေဖြည့်အပိုဆုနှစ်ခုနဲ့ အခြား အစီအစဉ် ( အင်တာနက် သို့မဟုတ် ဖုန်းပြောခွင့်) ၃ခု ဖြစ်ပါတယ်။ 

*555# ကိုခေါ်ဆိုရင် ဘာတွေမြင်ရမှာလဲ ?

*555# ကိုခေါ်ဆိုလိုက်ရင်တော့ အောက်ပါအချက်အလက်များနဲ့ အနီးစပ်ဆုံးတူညီတဲ့ အချက်အလက်တွေ ပါဝင်တဲ့ USSD pop-up menu တစ်ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

၁) ဒေတာစုဘူး ၅၆၅ မီဂါဘိုက် @ ၈၉၉ကျပ် 
၂) ၅၀%ငွေဖြည့်ဆု ရရန် e-load ဖြင့် ၅၀၀၀ကျပ် ငွေဖြည့်ပါ။ 
၃) ဒေတာစုဘူး ၈၂၀ မီဂါဘိုက် @ ၁၂၉၉ကျပ် 
၄) ၆၆%ငွေဖြည့်ဆု ရရန် e-load ဖြင့် ၁၀၀၀၀ကျပ် ငွေဖြည့်ပါ။ 
၅) တယ်လီနောအချင်းချင်း ရရက်အတွင်း ၅၀မိနစ်ဖုန်းပြောခွင့် @ ၄၀၀ကျပ်

အထက်မှာဖော်ပြထားတာတွေဟာ ဥပမာသာဖြစ်ပြီး သုံးစွဲသူတစ်ဦးချင်းအလိုက် ပြောင်းလဲနိုင်ပါတယ်။ သို့သော်လည်း ရှေ့နောက်အစီအစဉ်များကတော့ ထပ်မံကြေညာခြင်းမရှိသေးသရွေ့ သုံးစွဲသူအားလုံးအတွက် အတူတူပဲဖြစ်နေမှာဖြစ်ပါတယ်။ Option ၁ ၃ ၅ ဟာ အစီအစဉ်များဖြစ်ပြီး ၂ နဲ့ ၄ဟာ e-load ငွေဖြည့်အပိုဆုများဖြစ်ပါတယ်။ *555# သို့မဟုတ် *979*33# ကိုခေါ်ဆိုပြီး ငွေဖြည့်ရမယ့် ပမာဏ သို့မဟုတ် အသုံးပြုမှုအနေအထားပေါ်မူတည်ပြီး ရရှိနိုင်မယ့် အစီအစဉ်များကို သိရှိနိုင်ပါတယ်။ 

Customer နှင့် POS တို့က e-load ငွေဖြည့်အပိုဆုရရှိရန် ငွေဖြည့်ရမယ့် ပမာဏကို ဘယ်လိုသိရှိနိုင်မလဲ?

POS မှ customer ရဲ့ ဖုန်းနံပါတ်ကို  *555# menu မှာ ထည့်လိုက်ပြီဆိုရင် offer တွေကို တွေ့မြင်ရပါလိမ့်မယ်။ customer များမှ *555# သို့မဟုတ် *979*33# ကိုခေါ်ဆိုပြီး ငွေဖြည့်ရမည့် ပမာဏ နှင့် အခြား အချက်အလက်များကို သိရှိနိုင်ပါတယ်။

Power Load မှ e-load bonus ကို ဘယ်နှစ်ကြိမ်ရယူနိုင်လဲ?

အကြိမ်ကြိမ်ရယူနိုင်ပါတယ်။ တကယ်လို့များ ၅၀% အပိုဆုကို အကြိမ်ကြိမ်ရယူခဲ့လျှင် သက်တမ်းကုန်ဆုံးရန်မှာ နောက်ဆုံးရက်မှ ၃ရက်အတွင်း ဖြစ်ပါတယ်။ ၆၆%အတွက်လည်း ထိုနည်းတူပဲဖြစ်ပါတယ်။ သတိပြုရန် : ၅၀% နှင့် ၆၆% မှာပေါင်းစည်းသွားမှာမဟုတ်ပါဘူး။

post-paid အသုံးပြုများအတွက်ကော အပိုဆုများ ရရှိနိုင်ပါလား?

ယခု အစီအစဉ်မှာ  prepaid customer များအတွက်သာဖြစ်ပါတယ်။ postpaid အသုံးပြုသူများအတွက် အကျုံးမဝင်ပါ။ 

ဒီအစီအစဉ်မှာ customer များမှ အသုံးပြုနိုင်ပါလဲ? အခြားလူများနဲ့မတူတဲ့ option တွေကို ဘာကြောင့်မြင်နေရတာလဲ?

Prepaid customer များအားလုံးအတွက် အကျုံးဝင်ပါတယ်။ သို့သော်လည်း customer တစ်ယောက်စီရရှိတဲ့ ငွေဖြည့်အပိုဆု နှင့် အစီအစဉ် (ဖုန်းပြောခြင်း သို့မဟုတ် အင်တာနက်သုံးခြင်း) တွေကတော့ မတူညီနိုင်ပါဘူး။ (ယခင်က ငွေဖြည့်ခြင်း၊ အသုံးပြုခြင်းပေါ်မှာ မူတည်ပါတယ်။)

တကယ်လို့ မှော်ငွေဖြည့်ကတ် ၆၀၀၀ ကျပ်ကို e-load ဖြင့်ဖြည့်သွင်းမယ်ဆိုရင် Power Load Bonus ကောရနိုင်မှာလား?

*555# ကနေ ငှဖွေညျ့မှသာ Power Load bonus မြားကို ရရှိနိုငျမှာဖွစျပါတယျ။ ၅၀% သို့မဟုတျ ၆၆%ဆိုတာကတော့ customer ရဲ့ target amount ပေါ်မူတည်ပါတယ်။

*555# တွင်ဖော်ပြထားတဲ့ ငွေဖြည့်အပိုဆု နှစ်ခုလုံးအတွက် ငွေဖြည့်ပေးဖို့ customer မှ တောင်းဆိုလာရင် ဘာဖြစ်မလဲ?

၅၀% နှင့် ၆၆% နှစ်ခုလုံးအတွက် ငွေဖြည့်လျှင် မတူညီတဲ့ account နှစ်ခုဖြင့် bonus ရရှိမှာဖြစ်ပါတယ်။ ကုန်ဆုံးရက်ကတော့ ငွေဖြည့်ရက်မှ ၃ရက်အတွင်းဖြစ်ပါတယ်။ 

တကယ်လို့များ customer မှ Yangon 4 POS မှ ၅၀၀၀ကျပ် ငွေဖြည့်ခဲ့ပြီး ၆၆% ရရှိဖို့ ငွေဖြည့်ရမယ့် amount ကလဲ ၅ထောင်ကျပ်ပဲဖြစ်နေမယ်ဆိုရင် ဘာဆက်ဖြစ်မလဲ?

တကယ်လို့များ customer ရရှိမယ့် Bonus က ၆၆% ငွေဖြည့်အပိုဆုဖြစ်ပြီး POS မှလည်း *555# မှတစ်ဆင့် ငွေဖြည့်ပေးခဲမယ်ဆိုရင် customer မှ ၆၆%အပိုဆုကို ရရှိမှာဖြစ်ပါတယ်။ 

တကယ်လို့များ customer ရရှိမယ့် Bonus က ၆၆%ပဲဖြစ်ပြီး Yangon POS မှ သာမန် e-load ( DSTK သို့မဟုတ် အခြား) ဖြင့် ငွေဖြည့်ခဲ့လျှင် customer မှ လက်ရှိပေးနေတဲ့ ၅၀% အပိုဆုကိုသာ ရရှိမှာဖြစ်ပါတယ်။

ဝန်ဆောင်မှု အားလုံးအတွက် အပိုဆုကို အသုံးပြုလို့ရပါလား?

ရရှိတဲ့ အပိုဆုကိုကို သုံးသလောက်ပေး ပြည်တွင်းဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု နှင့် သုံးသလောက်ပေး အင်တာနက် အသုံးပြုမှုများကို ၃ရက်အတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကြိမ်ကြိမ်ငွေဖြည့်ခဲ့မယ်ဆိုရင်လဲ နောက်ဆုံးငွေဖြည့်ခဲ့တဲ့ ရက်မှ ၃ရက်အတွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

သတိပြုရန်မှာ ၅၀% နှင့် ၆၆%မှာပေါင်းသွားမည်မဟုတ်ပါ။ 

Power Load ပရိုမိုးရှင်း စတင်ပြီး ပြီးဆုံးတဲ့အချိန်?

2018 ခုနှစ် သြဂုတ်လ၁ရက်နေ့မှ ရက်ပေါင်း ၉၀ ( နောက်ထပ် မကြေငြာခင်) 

E-Load ၅၀% ၆၆% ရဲ့ သက်တမ်းက ဘယ်လောက်လဲ?

၃ရက်ဖြစ်ပါတယ်။

ငွေမဖြည့်ခင် ကြိုသုံး ရှိနေမယ်ဆိုရင် ဖုန်းခေါ်တဲ့အခါမှာ မည်သည့်အကောင့်မှ ငွေဖြတ်မှာပါလဲ?

ငွေဖြည့်အပိုဆုမှ ဖြတ်မှာဖြစ်ပြီး ကြိုသုံးကနေ ပြီးမှ ဖြတ်မှာဖြစ်ပါတယ်။

အပိုဆု ၅၀% ၆၆% နှင့် voice pack သို့မဟုတ် data packs တို့အတူတူရှိနေမယ်ဆိုရင် မည်သည့်အကောင့်မှ ငွေဖြတ်မှာပါလဲ?

အပိုဆု ၅၀% ၆၆%တို့သည် monetary value ဖြစ်သည့်အတွက် အင်တာနက်အသုံးပြုခြင်းနှင့် ဖုန်းပြောခြင်းတို့သည် ရှိနေပြီးသား packs များမှ အရင်ဖြတ်ပြီး monetary value မှ နောက်မှ ဖြတ်ပါလိမ့်မည်။

My Telenor