EASY ဘေလ်

Campaign ကာလအတွင်း ဗုဒ္ဓဟူးနေ့တိုင်း e-load ဖြင့် ၁ဝဝဝကျပ်နှင့်အထက် (မှော်ငွေဖြည့်ကတ်မပါ) ငွေဖြည့်သူများသည် Easy Bill အပိုဆုကို ရရှိမှာဖြစ်ပါတယ်။

  • ပရိုမိုရှင်းကာလအတွင်း ဗုဒ္ဓဟူးနေ့တိုင်း Easyဘေလ် (Eload Top up) ဖြင့် ၁၀ဝဝ ကျပ်နှင့် အထက် ငွေဖြည့်ခြင်းအတွက် (မှော်ငွေဖြည့်ကတ် ၆၀ဝဝ မပါ) အပိုဆုကြေး (Easy Bill bonus) ကိုရရှိပါမည်။
  • အပိုဆုကြေးကို ပြည်တွင်းတယ်လီနောနံပါတ်သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ်သို့ SMS ပေးပို့ခြင်း၊ သုံးသလောက်ပေး အင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်ပါသည်။
  • အပိုဆုကြေး (Easy Bill Bonus) ၏ သက်တမ်းမှာ ငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်ပါသည်။
  • ပရိုမိုးရှင်းကာလမှာ ၂၀၁၇ ဖေဖော်ဝါရီလ (၁) ရက် နေ့မှစ၍ နောက်ထပ်အကြောင်းမကြားမှီ အချိန်အထိဖြစ်သည်။
  • ၁၀ဝဝ - ၂၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၁၀%
  • ၃၀ဝဝ - ၄၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၂၀%
  • ၅၀ဝဝ - ၉၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၂၅%
  • ၁၀ဝဝဝကျပ် နှင့်အထက် – ငွေဖြည့်သော ပမာဏ၏ ၃၃%

အပိုဆုကြေးကို အသုံးပြုမှု :

အပိုဆုကြေးကို ပြည်တွင်းတယ်လီနောနံပါတ်သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ်သို့ SMS ပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်ပါသည်။ အပိုဆုကြေး (Easy Bill Bonus) ၏ သက်တမ်းမှာ ငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်ပါသည်။

အပိုဆုကြေး ကန့်သတ်ချက်များ :

အခြားသောဝန်ဆောင်မှုများဖြစ်သည့် pack များဝယ်ယူအသုံးပြုခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်း၊ လက်ကျန်ငွေလွှဲပြောင်းခြင်း(balance transfer) နှင့် ကြိုသုံး စသည့် ဝန်ဆောင်မှုများကို အပိုဆုကြေး (Easy bill bonus) ကို အသုံးပြု၍ ဝယ်ယူအသုံးပြုနိုင်မည် မဟုတ်ပါ။

အပိုဆုကြေး ရယူခြင်း :

ဗုဒ္ဓဟူးနေ့တိုင်း e-load ဖြင့် ၁ဝဝဝကျပ်နှင့်အထက် ငွေဖြည့်သူများသည် ဖုန်းပြောခွင့်အပိုဆုများကို ရရှိမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလအတွင်း တစ်ကြိမ်ထက်ပိုငွေဖြည့်နိုင်ပြီး ရရှိလာသော အပိုဆုများမှာ အစီအစဉ်လိုက် စုပေါင်းသွားမည်ဖြစ်သည်။

အမေးများသောမေးခွန်းများ
မည်သည့်ပမာဏမဆိုငွေဖြည့်ခြင်းဖြင့်အပိုဆုကြေး မရနိုင်ပါ။

၁ ရက် ဖေဖေါ်ဝါရီလ ၂၀၁၇ မှစ၍ နောက်ထပ်အကြောင်းမကြားမီ အချိန်အထိ ဗုဒ္ဓဟူးနေ့တိုင်း e-load စနစ်မှအနည်းဆုံး ၁၀ဝဝ ကျပ်နှင့် အထက်ငွေဖြည့်မှသာ အပိုဆုကြေးရယူနိုင်ပါသည်။

E-load စနစ်မှ မည်သည့်ပမာဏမဆို ငွေဖြည့်ခြင်းအတွက် အပိုဆုကြေး တစ်မျိုးတည်းကိုသာ ရရှိနိုင်ပါသလား။

မရနိုင်ပါ။ ဗုဒ္ဓဟူးနေ့တွင် E-load စနစ်မှ အောက်ပါအတိုင်း ငွေဖြည့်ခြင်းဖြင့် အပိုဆုကြေးရယူနိုင်ပါသည်။ ၁၀ဝဝ - ၂၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၁၀% ၃၀ဝဝ - ၄၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၂၀% ၅၀ဝဝ - ၉၉၉၉ ကျပ် – ငွေဖြည့်သော ပမာဏ၏ ၂၅% ၁၀ဝဝဝကျပ် နှင့်အထက် – ငွေဖြည့်သော ပမာဏ၏ ၃၃%

ဗုဒ္ဓဟူးနေ့အပြင် အခြားသောရက်များတွင် E-load စနစ်ဖြင့် ငွေဖြည့်ပါက အပိုဆုကြေး ရရှိနိုင်ပါသလား။

မရရှိနိုင်ပါ။ ၁ ရက် ဖေဖေါ်ဝါရီလ ၂၀၁၇ မှ စ၍ ဗုဒ္ဓဟူးနေ့တိုင်း e-load စနစ်မှအနည်းဆုံး ၁၀ဝဝ ကျပ်နှင့် အထက်ငွေဖြည့်မှသာ အပိုဆုကြေးရယူနိုင်ပါသည်။

အပိုဆုကြေး (Easy Bill Bonus) ၏ သက်တမ်းမှာ ဘယ်လောက်လဲ။

အပိုဆုကြေး (Easy Bill Bonus) ၏ သက်တမ်းမှာ ပရိုမိုရှင်းကာလအတွင်း ငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်ပါသည်။

Easy Bill ပရိုမိုးရှင်းသည်မည်သည့်အချိန်တွင်စ၍ မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်း။

ပရိုမိုးရှင်းသည် ၂၀၁၇ ဖေဖော်ဝါရီလ (၁) ရက် မှစ၍ နောက်ထပ်အကြောင်းမကြားမီ အချိန်အထိ ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလအတွင်း ဗုဒ္ဓဟူးနေ့တိုင်း E-load စနစ်မှ အနည်းဆုံး ၁၀ဝဝ ကျပ်နှင့် အထက်ငွေဖြည့်လျှင် အပိုဆုကြေး (Easy Bill Bonus) ကိုရရှိမည်ဖြစ်ပါသည်။

လစဉ်ငွေပေးဝန်ဆောင်မှုစနစ် (Postpaid) ကို အသုံးပြုနေသော customer အနေဖြင့် သတ်မှတ်ထားသော ငွေပမာဏအတိုင်း ငွေဖြည့်ပါက အပိုဆုကြေး ရရှိနိုင်ပါသလား။

မရရှိနိုင်ပါ။ ကြိုတင်ငွေဖြည့်ဖုန်းဝန်ဆောင်မှု (Prepaid) အသုံးပြုသူများအတွက်သာ ဖြစ်ပါသည်။

အပိုဆုကြေး (Easy Bill Bonus) ၏ လက်ကျန်တန်ဖိုးကို မည့်သို့စစ်ရမည်နည်း။

*124*1#သို့ ဖုန်းခေါ်ခြင်းဖြင့် လက်ကျန်တန်ဖိုးကို စစ်ဆေးနိုင်ပါသည်။

ရရှိသည့် အပိုဆုကြေး (Easy Bill Bonus) ကို ဝန်ဆောင်မှု အားလုံးအတွက် အသုံးပြုလို့ရပါသလား။

အပိုဆုကြေးကို ပြည်တွင်းတယ်လီနောနံပါတ်သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ်သို့ SMS ပေးပို့ခြင်း နှင့် သုံးသလောက်ပေး အင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်ပါသည်။ အခြားသောဝန်ဆောင်မှုများဖြစ်သည့် pack များ ဝယ်ယူအသုံးပြုခြင်း (အင်တာနက်ဝန်ဆောင်မှု၊ စူပါဇီးကွက်)၊ VAS ဝန်ဆောင်မှုရယူခြင်း၊ လက်ကျန်ငွေလွှဲပြောင်းခြင်း(Balance Transfer) နှင့် ကြိုသုံး စသည့် ဝန်ဆောင်မှုများကို အပိုဆုကြေး (Easy bill bonus) ကို အသုံးပြု၍ ဝယ်ယူအသုံးပြုနိုင်မည် မဟုတ်ပါ။ ဤအခြားသော ဝန်ဆောင်မှုများအတွက် အသုံးပြုခများကို customer လက်ရှိအသုံးပြုနေသော Plan တွင် ကောက်ခံသည့်နှုန်းထားအတိုင်း ကောက်ယူမည်ဖြစ်သည်။

ငွေမဖြည့်မှီက ကြိုသုံးဝန်ဆောင်မှုမှ ရယူထားသော ငွေပမာဏရှိသော customer တယောက်အနေဖြင့် ဖုန်းခေါ်ဆိုပါက ဖုန်းခေါ်ဆိုခကို မည်သည့်ငွေပမာဏမှ ကောက်ခံ (နှုတ်ယူ)မည်နည်း။

ဖုန်းခေါ်ဆိုခကို အပိုဆုကြေး (Easy Bill Bonus)မှ ကောက်ခံ(နှုတ်ယူ)မည်ဖြစ်ပါသည်။

အပိုဆုကြေး (Easy Bill Bonus) ကိုရရှိရန် မည်သည့် channel ကိုအသုံးပြုပြီး ငွေဖြည့်ရမလဲ။

ပရိုမိုးရှင်းကာလအတွင်း ဗုဒ္ဓဟူးနေ့တိုင်း e-load စနစ် ဖြင့် CoCo, FoFo, Red Dot စနစ်ဖြင့် ငွေဖြည့်ခြင်း, POS and Online Banking (CB Bank, AYA Bank, KBZ Bank, MAB Bank & Yoma Bank) တို့မှ ၁၀ဝဝ ကျပ်နှင့် အထက်ငွေဖြည့်ပြီး အပိုဆုကြေး ရယူနိုင်ပါမည်။

Red Dot မှတဆင့် ငွေဖြည့်သော် အပိုလက်ဆောင် ရရှိနိုင်ပါသလား။

Red Dot စနစ်ဖြင့် ငွေဖြည့်ခြင်းအတွက် အပိုဆုကြေး (Easy Bill Bonus) ရနိုင်ပါသည်။

My Telenor