တယ်လီနောနှင့် Myanmar Net တို့မှ ပူးပေါင်း တင်ဆက်လိုက်သည့် မိုဘိုင်းဒေတာနှင့် အကန့်အသတ်မရှိ wiifi အသုံးပြုနိုင်သည့် အဝသုံးဒေတာ အစီအစဉ်။ ရန်ကုန်နှင့် မန္တလေးမြို့တွင် နေထိုင်သည့် တယ်လီနော အသုံးပြုသူတိုင်း ပါဝင်နိုင်မည့် အစီအစဉ် ဖြစ်ပြီး  Myanmar Net ဝန်ဆောင်မှုရယူနိုင်သည့် နေရာတိုင်းတွင် အကန့်အသတ် မရှိ wifi အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားနေရာ များတွင် အသုံးပြုလျှင် ဝယ်ယူထားသည့် ဒေတာပမာဏများထဲမှ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

အစီအစဉ်တွင် ပါဝင်ရန် တယ်လီနောဆင်းကတ်ကို sim slot 1 မှာထည့်သွင်း၍ *979*18# ကိုခေါ်ဆိုကာ နှစ်သက်ရာ အစီအစဉ်ကိုရွေးချယ်ပြီး ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဒေတာများစတင်အသုံးမပြုခင် လိုအပ်သည့် setting အပြောင်းအလဲအချို့ကို ပြုလုပ်ဖို့လိုပါတယ်။ Android နဲ့ iOS အသုံးပြုသူများအတွက် ပြုလုပ်ရန်လိုအပ်တဲ့ setting အပြောင်းအလဲများကို ဖော်ပြပေးလိုက်ပါတယ်။

တယ် လီ နောသုံးစွဲသူများ အဆင် ပြေ စေရန် နှင့် နှစ် သက် ရာအစီအစဉ် ကို ရွေးချယ် အသုံးပြုနိုင် ရန် အဝသုံး ဒေတာ အစီအစဉ် ၃ခုကို စီစဉ် ပေးထားပါတယ် ။

စျေးနှုန်း သုံးစွဲနိုင်မှု သက်တမ်း  
၉၉၉ကျပ် (300 MB မိုဘိုင်း ဒတာ ) + အဝသုံး Myanmar Net ၃ရက် ရယူရန်
၁၄၉၉ကျပ် (500 MB မိုဘိုင်း ဒတာ ) + အဝသုံး Myanmar Net ရ ရက် ရယူရန်
၆၉၉၉ကျပ် (2 GB မိုဘိုင်း ဒတာ ) + အဝသုံး Myanmar Net ၃၀ ရက် ရယူရန်

Android အသုံးပြုသူများအတွက်

  • Wifi setting ကိုဖွင့်ပြီး Myanmar Net ကို ချိတ်ဆက်ပါ။
  • ထို့နောက် EAP ကိုနှိပ်ပြီး SIM ကိုရွေးချယ်ပါ။

iOS အသုံးပြုသူများအတွက်

  • Myanmar Net website မှ patch ကို download ပြုလုပ်ရန် လိုပါတယ်။ download ပြုလုပ်ရန် ဤနေရာကို နှိပ်ပါ။
  • Patch ကို download ပြုလုပ်ပြီးလျှင် Myanmar Net Network အား ချိတ်ဆက်နိုင်ပါပြီ။
  • Download ပြုလုပ်ပြီးသော patch file ကို ဖွင့်ပါ။
  • Allow ကိုနှိပ်ပါ။ Install ကိုနှိပ်ပါ။ Done ကိုနှိပ်ပါ။

ရန်ကုန်မြို့တွင် မြန်မာနက်ကွန်ရက်ရသော နေရာများ

  • လမ်းမတော်

  • လသာ

  • ပန်းဘဲတန်း

  • ကျောက်တံတား

  • ဗိုလ်တစ်ထောင်

  • ပုဇွန်တောင်

  • မင်္ဂလာတောင်ညွန့်

  • တာမွေ

  • ရန်ကင်း

  • စမ်းချောင်း

  • အလုံ

  • ကြည့်မြင်တိုင်

  • လှိုင်

  • ကမာရွတ်

  • သင်္ဃန်းကျွန်း

  • တောင်ဥက္ကလာပ

  • မြောက်ဥက္ကလာပ

  • မရမ်းကုန်း

မန္တလေးမြို့ တွင် မြန်မာနက်ကွန်ရက်ရသော နေရာများ

  • ချမ်းအေးသာဇံ
  • မဟာအောင်မြေ
  • ချမ်းမြသာစည်
အမေးများသောမေးခွန်းများ
မိုဘိုင်းဒေတာနှင့် Myanmar Net ၀ိုင်ဖိုင်အတွက် မည်သည့်မြန်နှုန်းဖြင့် ရရှိနိုင်ပါမလဲ။

မိုဘိုင်းဒေတာမှာ အသုံးပြုသူ၏ မိုဘိုင်းဖုန်းအမျိုးအစားနှင့် ကွန်ယက်ချိတ်ဆက်မှုအပေါ်မူတည်ပါတယ်။ ဥပမာ: 4G မိုဘိုင်းဖုန်းကို အသုံးပြုပြီး 4G ကွန်ယက်ကို အသုံးပြုနေပါက အကောင်းဆုံး မြန်နှုန်းကို ရရှိမည်ဖြစ်ပြီး မိုဘိုင်းဒေတာမှ ၁စက္ကန့်လျှင် ၂၀မီဂါဘိုက်နှင့်အထက် အထိ ရရှိ နိုင်ပါမည်။ Myanmar Net ၏အကန့်အသတ်မဲ့ Wifi မြန်နှုန်းမှာ အစီအစဉ် ၃ မျိုးစလုံးအတွက် 0.5 mbps/500 kbps ရရှိနိုင်ပါမည်။

အဝသုံးဒေတာ အစီအစဉ်များကို တစ်ခုထက်ပိုပြီး ၀ယ်ယူခဲ့ပါက ဘာဖြစ်သွားမလဲ။

အဝသုံးဒေတာ အစီအစဉ်များကို တစ်ခုထက်ပိုပြီး ၀ယ်ယူခဲ့ပါက မိုဘိုင်းဒေတာပမာဏများမှာ ပေါင်းစည်းသွားမည်ဖြစ်ပြီး သက်တမ်းကာလမှာ အစီအစဉ်ကို နောက်ဆုံးရယူသည့် သက်တမ်းကာလ အတိုင်း ရရှိနိုင်ပါမည်။ ဒေတာအသုံးပြုမှုမှာ သက်တမ်းကာလအနည်းဆုံးမှ အရင် အသုံးပြုမည်ဖြစ်ပြီး သက်တမ်းကာလမည့်သည့် အစီအစဉ်ကို နောက်မှ အသုံးပြုမည်ဖြစ်သည် (၃ ရက်သက်တမ်း - ပထမအသုံးပြု၊ ရ ရက်သက်တမ်း - ဒုတိယအသုံးပြု၊ ၃၀ ရက်သက်တမ်း - တတိယအသံးပြု)။ wifi မှာမူ အကန့်အသတ်မဲ့ဖြစ်သည့်အတွက် အကြိမ်ကြိမ်ရယူမှုအတွက် သက်တမ်းကာလတွင်သာ အပြောင်းအလဲ ရှိနိုင်ပါသည်။

ဒေတာစုဘူးအစီအစဉ်မှ လက်ကျန်ဒေတာများ ရှိနေသေးတယ်ဆိုရင်ကော ဘယ်လိုဖြစ်သွားမလဲ။

ဒေတာစုဘူးနှင့် အဝသုံးဒေတာ အစီအစဉ်မှာ ပေါင်းစည်းသွားမှာမဟုတ်ဘဲ သီးသန့်စာရင်း ၂ ခု အဖြစ်သာ တည်ရှိနေပါမည်။ ဒေတာဘူဖေးမိုဘိုင်းဒေတာမှ အရင်အသုံးပြုဖြတ်တောက်မည်ဖြစ်ပြီး ၄င်းအစီအစဉ်အသုံးပြုကုန်ဆုံးမှသာ ဒေတာစုဘူး အစီအစဉ်မှ ဆက်လက်အသုံးပြုပါမည်

အစီအစဉ်ကို ရယူနိုင်ခဲ့ပြီးနောက်တွင် ၀ိုင်ဖိုင်မရရှိနိုင်တဲ့ နေရာများသို့ သွားရောက်ခဲ့ပါက မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုနိုင်ဦးမှာလား

ရနိုင်ပါတယ်။ အထက်ပါ အခြေအနေတွင် မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါ

အစီအစဉ်ကိုရယူခဲ့ပါသော်လည်း Myanmar Net ကို အသုံးပြုလို့ မရသေးပါ။ Wifi မှာ connecting ဟုသာ ပေါ်နေပါသည်။

လူကြီးမင်းအနေဖြင့် အောက်ပါ အချက်များကို ပြန်လည်စစ်ဆေးဖို့ မေတ္တာရပ်ခံပါရစေ။

  1. လက်ရှိ နေထိုင်နေသည့်နေရာသည် Myanmar Net ကွန်ရက်ဝန်ဆောင်မှုရရှိသည့် မြို့နယ်တွင်း ပါမပါ။
  2. Wifi Signal အားကို စစ်ဆေးပေးပါ။
  3. မိမိမိုဘိုင်းဖုန်း၏ Wifi Setting ကို စစ်ဆေးပေးပါ။
  4. မိမိနေထိုင်သည့် တိုက်ခန်း၊ ကွန်ဒို၏ အလွှာပေါ်တွင်လည်း မူတည်နိုင်ပါတယ်။ အချို့သော အထပ်မြင့်နေရာများတွင် Wifi ချိတ်ဆက်မိရန်ခက်ခဲနိုင်ပါတယ်။
My Telenor