50 % Cashback | Telenor Myanmar

သုံးစွဲသူမှ ၁၇၉၉ကျပ်တည်းဖြင့် တစ်လစာ 1GB ဒေတာအစီအစဉ်ရယူမှုအတွက် 1GB အပြင် ၅၀% အပိုဆု ၉ဝဝကျပ် ကိုရရှိနိုင်ပါမည်။ အပိုဆုကို ၃ ရက်တိတိ သုံးသလောက်ပေးနှုန်းထား ၁ မီဂါဘိုက် ၈ ကျပ်နှုန်းဖြင့် အင်တာနက်သီးသန့်သုံးနိုင်ပါသည်။

၁၇၉၉ ကျပ်

ရရှိမည့်ဒေတာပမာဏ
1 GB
သုံးစွဲနိုင်သည့် သက်တမ်းကာလ
၃၀ ရက်
သက်တမ်းတိုးရန် ပိုမိုရရှိသောအချိန်ကာလ
၇ ရက် (ဒေတာစုဘူးနှင့်တူသည်)

အဓိက အချက်များ

  • ၅၀ ရာခိုင်နှုန်းအပိုဆု အစီအစဉ်မှာ ၁၇၉၉ ကျပ်တန် 1GB ဒေတာအစီအစဉ်သီးသန့်သာဖြစ်ပါသည်။
  • ၉၀၀ ကျပ်သည် သီးခြားသတ်မှတ်ထားသော လက်ကျန်ပမာဏစာရင်း (sub-balance account) အတွင်း ရောက်ရှိသွားပါမည်။
  • ၉၀၀ ကျပ်အတွက် အသုံးပြုနိုင်သည့် သက်တမ်းကာလမှာ ၃ ရက်ဖြစ်ပါသည်။
  • ရရှိသော အပိုဆု ၉၀၀ ကျပ်ကို သုံးသလောက်ပေး အင်တာနက်နှုန်းထား 1MB လျှင် ၈ကျပ်နှုန်းအတွက်သာ အသုံးပြုနိုင်ပါမည်။
  • သုံးစွဲသူမှ ဒေတာအသုံးပြုမှုများအတွက် အပိုဆု ၉၀၀ ကျပ် (အစီအစဉ်ကို နောက်ဆုံး၀ယ်ယူသည့်နေ့မှ ၃ ရက်အတွင်း)ကို ရှေးဦးစွာ အသုံးပြုမည်ဖြစ်ပြီး ထို့နောက်မှသာ ၀ယ်ယူရရှိထားသည့် 1GB ဒေတာအစီအစဉ် (ရက် ၃၀ သုံး) မှ အသုံးပြုပါမည်။

အသုံးပြုသူမှ ယခုအစီအစဉ်ကို အကြိမ်ကြိမ်ရယူခဲ့ပါက ဒေတာပမာဏသည်လည်းကောင်း၊ ပြန်လည်ရရှိသည့်အပိုဆုသည်လည်းကောင်း ထပ်မံ၀ယ်ယူသည့်အစီအစဉ်နှင့် ပေါင်းစည်းသွားမည် ဖြစ်သည်။ သက်တမ်းမှာ နောက်ဆုံး၀ယ်ယူသည့် အစီအစဉ်၏ သက်တမ်းကာလအတိုင်းဖြစ်ပါသည်။

အမေးများသောမေးခွန်းများ
ငွေပြန်လည်ရမယ့် CashBack အစီအစဉ်သစ်က ဘယ်လိုမျိုးလဲ။

ယခုအစီအစဉ်ကိုရယူရမည့် တန်ဖိုးမှာ ၁၇၉၉ ကျပ်ဖြစ်ပြီး 1GB ဒေတာကို ရက် ၃၀ အသုံးပြုနိုင်ပါမယ် (ဒေတာစုဘူးကဲ့သို့ သက်တမ်းကာလတိုးမြှင့်ရန်တွက် အချိန်ပို ၇ ရက်လည်းရရှိမှာဖြစ်ပါတယ်။) အစီအစဉ်ကို ရယူသည့် မည်သူမဆို ဒေတာပမာဏအပြင် အပိုဆု ၉၀၀ကျပ်ရရှိမှာ ဖြစ်ပါတယ်။ ရရှိသော အပိုဆု ၉၀၀ ကျပ်ကို သက်တမ်းကာလ ၃ ရက်အတွင်း သုံးသလောက်ပေး အင်တာနက်နှုန်းထား 1MB လျှင် ၈ကျပ်နှုန်းအတွက်သာ အသုံးပြုနိုင်ပါမည်

အရင်တုန်းက ၁၅၀%အပိုဆုငွေ (၉၀၀ကျပ်) ပြန်လည်ရမယ့်အစီအစဉ် ရရှိခဲ့တာဖြစ်ပြီး ယခုအခါမှာ ဘာလို့လျော့ချလိုက်တာလဲ။

ယခင်ကရရှိခဲ့သည့် အစီအစဉ်မှာ ပရိုမိုးရှင်းကာလ ရက် ၉၀ အတွင်းတွင်သာဖြစ်ပါတယ်။ ယခုအခါ အစီအစဉ်မှာမူ လက်ရှိအချိန်တွင် ပရိုမိုးရှင်းသက်တမ်းကာလအဖြစ် ကန့်သတ်ထားခြင်းမရှိပါ။

အစီအစဉ်ကို ရယူပြီးပါက ဒေတာပမာဏ 1GB ရော၊ အပိုဆု ၉၀၀ ကျပ်ကိုရော ရမှာဆိုတော့ ဘယ်ထဲက အရင်ဖြတ်မှာလဲ။

သုံးစွဲသူမှ ဒေတာအသုံးပြုမှုများအတွက် အပိုဆု ၉၀၀ ကျပ် (အစီအစဉ်ကို နောက်ဆုံး၀ယ်ယူသည့်နေ့မှ ၃ ရက်အတွင်း) ရှေးဦးစွာ အသုံးပြုမည်ဖြစ်သည်။ ၉၀၀ ကျပ်လုံးကုန်ဆုံးသွားလျှင်သော်လည်းကောင်း၊ သုံးစွဲခွင့် သက်တမ်း ၃ ရက်ကို ကျော်လွန်သွားလျှင်သောလည်းကောင်း ၀ယ်ယူရရှိ ထားသည့် 1GB ဒေတာအစီအစဉ် (ရက် ၃၀ သုံး) မှ အသုံးပြုပါမည်။

အစီအစဉ်ကို ဘယ်လို ရယူနိုင်ပါသလဲ။

အစီအစဉ်ကို အောက်ပါအတိုင်း ရယူနိုင်ပါတယ်။
USSD : *4150#
USSD : 500 သို့ CBDATA ဟုပို့ပါ။
MyTelenor App မှလည်းရယူနိုင်ပါတယ်။

အစီအစဉ်ကို ကြိမ်ဖန်များစွာ ရယူနိုင်ပါသလား ။

ရယူနိုင်ပါတယ်။ အကြိမ်ကြိမ်၀ယ်ယူခွင့် ရရှိပါတယ်။

SIM ကဒ်အသစ်များရော ယခုအစီအစဉ်ကို ရယူနိုင်ပါသလား။

ရယူနိုင်ပါတယ်။

ပြန်လည်ရရှိသည့် အပိုဆု ၂၆၉၉ကျပ် အား သတ်မှတ်ကုန်ဆုံးချိန် ပြီးဆုံးပြီးသည်အထိ အသုံးမပြုဘဲထားလျှင် ဘယ်လိုဖြစ်နိုင်သလဲ။

၉၀၀ ကျပ်လုံးကုန်ဆုံးသွားလျှင်သော်လည်းကောင်း၊ သုံးစွဲခွင့် သက်တမ်း ၃ ရက်ကို ကျော်လွန်သွားလျှင်သောလည်းကောင်း ၀ယ်ယူရရှိထားသည့် 1GB ဒေတာအစီအစဉ် (ရက် ၃၀ သုံး) မှ အသုံးပြုပါမည်။ ဒေတာပမာဏလက်ကျန်အားလုံး အသုံးပြုလိုက်ပါက အင်တာနက်အသုံးပြုမှုအတွက် မူလလက်ကျန်စာရင်း (Main Balance) မှ ဆက်လက်အသုံးုပြုသွားမည် ဖြစ်ပါသည်။

ပြန်လည်ရရှိငွေ ၂၆၉၉ ကျပ်နှင့် ဝယ်ယူရရှိထားသည့် 1GB ဒေတာပမာဏ ကို ဘယ်လိုစစ်ဆေးရမလဲ။

ဒေတာလက်ကျန်ပမာဏ သိလိုပါက *9124# ကို ခေါ်ဆိုပါ၊ အပိုဆုလက်ကျန်ငွေပမာဏကို သိရှိလိုပါက *124*1# ကိုခေါ်ဆိုပါ (သို့မဟုတ်) MyTelenor App တွင့် ကြည့်ရှုပါ။

Postpaid အစီအစဉ်အသုံးပြုနေသူများပါ ရယူနိုင်ပါသလား။

မရယူနိုင်ပါ။ prepaid သုံးစွဲသူများအတွက်သာ ဖြစ်ပါသည်။

အစီအစဉ်ကို ကြိမ်ဖန်များစွာ ရယူခဲ့ပါက လက်ကျန်ပမာဏ အားလုံး ပေါင်းစည်းသွားပါမလား။

အသုံးပြုသူမှ အစီအစဉ်ကို အကြိမ်ကြိမ်ရယူခဲ့ပါက ဒေတာ 1GB နှင့် 2699 ကျပ်မှာ ပေါင်းစည်းသွားမည် ဖြစ်ပြီး သက်တမ်းမှာ နောက်ဆုံး၀ယ်ယူသည့် အစီအစဉ်၏ သက်တမ်းကာလအတိုင်းဖြစ်ပါသည်။

My Telenor