သူငယ်ချင်း၊ မိသားစု၊ ချစ်ခင်ရသူတွေနဲ့ အမြဲအဆက်အသွယ်မပြတ်ရှိနေချင်ပါလား? တယ်လီနောမှ အသုံးပြုသူများအတွက် အသက်သာဆုံးနှုန်းထားများနဲ့ ၁မိနစ် ၆ကျပ် အစီအစဉ်ကို ယူဆောင်လာပါပြီ။

အသေးစိတ်နှုန်းထားများနဲ့ ခံစားခွင့်တွေကို လေ့လာနိုင်ပါတယ်။

အမေးများသောမေးခွန်းများ
အစီအစဉ်က ဘာလဲ။

၁၂၆၀ ကျပ် ပေးရုံဖြင့် တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၂၀၀ ရရှိနိုင်မည့်အစီအစဉ်ဖြစ်ပါတယ်။ ရက် ၃၀ အတွင်း အသုံးပြုနိုင်မှာပါ။

အစီအစဉ်ကို ဘယ်လိုရယူနိုင်မှာလဲ။

အစီအစဉ်ကို *979*200# ကိုနှိပ်ပြီး ယခုအစီအစဉ်ကို ရွေးချယ်ရယူနိုင်ပါတယ်။

e-load ဖြင့်ရော အစီအစဉ်ကို ရယူနိုင်ပါသလား။

မရယူနိုင်ပါ။ USSD မှတဆင့်သာ ရယူနိုင်မှာဖြစ်ပါတယ။

အစီအစဉ်၏ သက်တမ်းကာလမှာဘယ်လောက်ဖြစ်ပါသလဲ။

တယ်လီနောမှ သုံးစွဲသူများအတွက် အဆင်ပြေစေရန်ကိုသာ ဦးစားပေးပါတယ်။ အစီအစဉ်ကိုရွေးချယ်ရယူပါက ရက်၃၀အတွင်းရယူနိုင်မှာဖြစ်ပါတယ်။

ကျွန်တော့်မှာ ၂၀ မိနစ်ကျန်ပါသေးတယ် အစီအစဉ်ကို နောက်ထပ်ရယူပါက လက်ကျန်မိနစ် ၂၀ က ပျောက်သွားမှာလား၊ ပေါင်းစည်းသွားမှာလား။

လက်ကျန်များဟာ ပေါင်းစည်းစွားမှာဖြစ်ပါတယ်။ ဥပမာ နောက်တစ်ကြိမ် ၁၂၆၀ ကျပ်ဖြင့် အစီအစဉ်ကို ရယူမှုအတွက် လက်ကျန်မိနစ်များဟာ ထပ်မံရရှိသော မိနစ်နှင့် ပေါင်းစည်းသွားမှာဖြစ်ပြီး သက်တမ်းကာလမှာလည်း နောက်ဆုံး ရယူသည့် အစီအစဉ်၏ သက်တမ်းကာလအတိုင်း ရရှိမှာပါ။

တစ်ရက်တာအစီအစဉ်ကိုလည်း ရယူထားပါတယ်။ ယခုအခါ နောက်ထပ် ၁၂၆၀ ကျပ်အစီအစဉ်ကို ရယူပါက သက်တမ်းကာလက ဘယ်လိုဖြစ်သွားမလဲ။

တစ်ရက်တာအစီအစဉ်မှာ မတူညီသော သက်တမ်းကာလဖြစ်ပြီး တစ်ရက်တာ အစီအစဉ်ကို အရင်အသုံးပြုမှာဖြစ်ပါတယ်။ ထိို့နောက်မှသာ ရက် ၃၀ သက်တမ်းကာလအစီအစဉ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ရက် ၃၀ အစီအစဉ်မှာ ၄ ရက်ကျန်ပါသေးတယ် နောက်ထပ် ၁၂၆၀ ကျပ် အစီအစဉ်ကို ထပ်မံရယူပါက ၃၀+၄ နှင့် ၃၄ ရက်သက်တမ်းကာလ ရရှိမှာ ဖြစ်ပါသလား။

မရနိုင်ပါ။ အကောင်းဆုံးသက်တမ်းကာလကိုသာရနိုင်မှာဖြစ်ပါတယ်။ ရက် ၃၀ ထပ်မံရယူပါက အကောင်းဆုံးသက်တမ်းကာလဖြစ်သော ရက် ၃၀ ကိုသာ ထပ်မံရရှိမှာဖြစ်ပါတယ်။

အစီအစဉ်ကို အလိုအလျောက်ရယူနိုင်သည့် စနစ် (auto-subscription) ပါရှိပါသလား။

မပါရှိပါ။ သုံးစွဲသူမှ အစီအစဉ်ကို ထပ်မံရယူရမှာ ဖြစ်ပါတယ်။ အလိုအလျောက်ရယူသည့်စနစ်ကို သုံးစွဲသူများအတွက် အကြံမပြုပါ။

ယခု အစီအစဉ်က Roaming အသုံးပြုနေသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း တယ်လီနောနံပါတ်များကိုရော ခေါ်ဆိုနိုင်မှာလား။

မရနိုင်ပါ။ အစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းသာ ဖြစ်ပြီး ပြည်တွင်း တယ်လီနောအချင်းချင်း ဖုန်းခေါ်ဆိုမှုသာ ရနိုင်မှာဖြစ်ပါတယ်။

ယခုအစီအစဉ်အတွက် အသုံးပြုချိန်မိနစ်ဖြစ်တောက်ကြိမ် (billing pulse) က ဘယ်လိုဖြစ်ပါသလဲ။

အသုံးပြုချိန်မိနစ် ဖြစ်တောက်ကြိမ် (billing pulse) မှာ ယခုအစီအစဉ် အတွက်ရော၊ အစီအစဉ်အားလုံး အတွက်ပါ ၂၀ စက္ကန့်တစ်ကြိမ် ဖြစ်ပါတယ်။

My Telenor