4G လှိုင်းနှုန်းစဉ်အသုံးပြုမှု နှစ်ဆတိုးမြင့်ရန် တယ်လီနောကဒေါ်လာသန်း ၈၀ ထပ်မံရင်းနှီးမြု့ပ်နှံမည်

15 December, 2017 - Yangon

  • ၁၈၀၀MHz လှိုင်းနှုန်းစဉ်၏ ထပ်ဆောင်းလှိုင်းနှုန်းစဉ်များရယူခွင့်ကိုရယူအသုံးပြုသည့် ပထမဆုံးဆက်သွယ် ရေးအော်ပရေတာဖြစ် 
  • သုံးစွဲသူများအကောင်းဆုံးသုံးစွဲမှုအတွေ့အကြုံများရရှိစေမည့် အဆင့်မြင့် ခေတ်မှီ ကွန်ရက်အတွက် တိုးချဲ့ ရင်းနှီး မြုပ်နှံမှု ပြုလုပ် 

တယ်လီနောမြန်မာသည် ၁၈၀၀MHz လှိုင်းနှုန်းစဉ်၏၂X၁၀MHzကိုထပ်ဆောင်းရယူရန် အမေရိကန်ဒေါ်လာ ၈၀ သန်းထပ်မံရင်းနှီးမြုပ်နှံသွားမည် ဖြစ်ပါသည်။ ထို့ပြင် တည်ငြိမ်ပြီးအဆင့်မြင့် မားသည့် 4G ဒေတာသုံးစွဲမှု အတွေ့အကြုံများစဉ်ဆက်မပြတ် ပေးအပ်နိုင်ရန်အတွက် ကွန်ရက် အဆင့်မြှင့်မှုများကိုလည်းဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာမိုဘိုင်းဒေတာသုံးစွဲမှုကိုလွန်စွာအလေးထားအသုံးပြုနေတာဖြစ်လို့ ဒီလိုမြင့်မားတဲ့ အသုံးပြုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ရာတယ်လီနောအနေနဲ့ ခေတ်မှီအဆင့်မြင့် ကွန်ရက်တစ်ခုဖော်ဆောင်ထားဖို့ ရင်းနှီးမြုပ်နှံမှုတွေကိုဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။ ဒီနေ့အချိန်အခါမှာဆိုရင် တယ်လီနောအနေနဲ့ အရည်အသွေးမြင့်မားတဲ့ 4G ၀န်ဆောင်မှုတွေကို တိုးချဲ့ ပေးအပ်နိုင်ဖို့ လှိုင်းနှုန်းစဉ်အသုံးပြုမှုကိုနှစ်ဆတိုးမြင့်လိုက်တာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ တည်ငြိမ်ချောမွေ့ပြီးအပျက်အတောက်ကင်းတဲ့ အင်တာနက် ၀န်ဆောင်မှုတွေကို လက်ငင်းပိုမိုတွေ့ကြုံရရှိကြမှာ ဖြစ် သလိုအဆောက်အအုံတွေရဲ့ အတွင်းပိုင်းကျကျအထိကိုပါ ပိုမိုကောင်းမွန်တဲ့ ကွန်ရက်လွှမ်းခြုံမှုတွေ ရှိလာမှာလည်း ဖြစ်ပါ တယ်” ဟုတယ်လီနော၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

တယ်လီနောသည် ယခုနှစ် မေလအတွင်းတွင် ၁၈၀၀MHz လှိုင်းနှုန်းစဉ်၏ ပထမဆုံး၂X၁၀MHzကိုအမေရိကန် ဒေါ်လာ ၈၀ သန်းဖြင့် အသုံးပြုခွင့်ရရှိထားပြီး ဖြစ်ပါသည်။ ထို့ပြင် ယင်းအသုံးပြုခွင့် လုပ်ငန်းစဉ်တွင် ထပ်ဆောင်းလှိုင်းနှုန်းစဉ် များကိုအများဆုံး ၂X၁၀MHz အထိဆက်သွယ်ရေးအော်ပရေတာများအားထပ်မံရယူခွင့်ပြုထားပြီးဦးစွာလျှောက်ထားသူကိုဦးစားပေးအသုံးပြုခွင့်စနစ်ဖြင့် ခွင့်ပြုထားခြင်း ဖြစ်ပါသည်။ တယ်လီနောသည် ၁၈၀၀MHz လှိုင်းနှုန်းစဉ်၏ထပ်ဆောင်းလှိုင်းနှုန်းစဉ်များရယူခွင့်ကိုရယူအသုံးပြုသည့်ပထမဆုံးဆက်သွယ်ရေးအော်ပရေတာဖြစ်ပြီးစစ်မှန်သော 4G ၀န်ဆောင်မှုများကို တိုးချဲ့ပေးအပ်နိုင်ရေးအတွက် လှိုင်းနှုန်းစဉ်များအလုံအလောက်အသုံးပြုသည့် အခြေအနေကိုပိုမိုခိုင်မာစေမည် ဖြစ်သည်။

ပြီးခဲ့သည့် ၆ လ ကာလအတွင်းတွင် တယ်လီနောသည် ကုမ္ပဏီ၏ 4G ကွန်ရက်ကိုအားကြိုးမာန်တက် တိုးချဲ့လျက် ရှိပြီးယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ထင်ရှားသော ခရီးသွားနေရာများအပါအ၀င် နေရာ ၅၀ အားကွန်ရက် လွှမ်းခြုံထားရန် စီမံဆောင်ရွက်လျက် ရှိပါသည်။ထို့ကြောင့်မြန်မာနိုင်ငံရှိ မြို့ပြလူဦးရေစုစုပေါင်း၏ သုံးပုံနှစ်ပုံသည် တယ်လီနော၏ 4G ကွန်ရက် လွှမ်းခြုံမှုအောက်တွင် ရှိနေသည့် အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ 

“မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်အခြေပြု စီးပွားရေးကဏ္ဍကိုအရှိန်အဟုန်နဲ့ ဖော်ဆောင်သွားဖို့ ရှင်းလင်းသေချာတဲ့ ရည်မှန်းချက်ရှိနေပြီးအဆင့်မြင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံတွေ တိုးချဲ့ဖော်ဆောင်မှုက နိုင်ငံရဲ့ ဒစ်ဂျစ်တယ် အခြေပြု ပြုပြင်ပြောင်းလဲမှုတွေအတွက် အများကြီးအထောက်အကူပြုမယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ မြန်မာနိုင်ငံမှာအများဆုံးရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းကြီးတွေထဲကတစ်ခုအနေနဲ့ လူတွေရဲ့ နေထိုင်မှု ဘ၀တွေ သာယာ ကြွယ်၀စေမယ့် စီးပွားရေးလုပ်ငန်းသစ်တွေ ပေါ်ထွန်းစေမယ့် အလားအလာရှိတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုလည်းဆွဲဆောင်နိုင်စေမယ့် ဒစ်ဂျစ်တယ် စင်္ကြန်တစ်ခုဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကိုကျနော်တို့အနေနဲ့ ဆက်လက် အားပေးကူညီသွားမှာလည်း ဖြစ်ပါတယ်”ဟု Tellmann က ဆက်လက်ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် အများဆုံးရင်းနှီးမြုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် လုပ်ငန်းများစတင်သည်မှ ယနေ့အချိန်အထိအမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြုပ်နှံထားပြီး ဖြစ်ပါသည်။ တယ်လီနောသည် တာ၀ါတိုင်ပေါင်း ၈၀၀၀ ခန့်ကိုအသုံးပြု၍ တည်ထောင်ထားသော မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးကျယ်ပျံံ့လာလျက်ရှိသည့်ဒေတာကွန်ရက်ကြီးမှ တစ်ဆင့် မြန်မာနိုင်ငံ မြို့တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ သုံးစွဲသူ ၁၉ သန်းကျော်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

 

မီဒီယာများဆက်သွယ်ရန်:

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor