‘လူမှုရေးရာဆန်းသစ်တီထွင်ခြင်းဆိုင်ရာဦးဆောင်နိုင်မှု’ ဆုအားတယ်လီနောမြန်မာလက်ခံရရှိ

07 August, 2017 - Yangon

  • စီးပွားရေးလုပ်ငန်းစုကြီးများအား ၎င်းတို့ ပတ်ဝန်ကျင်ရှိလူမှု ဘဝများအား သိသိသာသာ တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးနိုင်မှုနှင့် ပတ်သက်၍ ပေးအပ်သော အသိအမှတ်ပြုမှုတစ်ခု
  • ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာဆု ၆ ဆုရရှိ

တယ်လီနောမြန်မာသည် ၾသဂုတ်လ ၂ ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် CMO Asia ၏ အာရှဒေသရှိ အကောင်းမွန်ဆုံး လူမှုရေးရာ ဆန်းသစ်တီထွင်မှု ဆိုင်ရာ ဆုချီးမြှင့်ပွဲတွင် ‘လူမှုရေးရာဆန်းသစ် တီထွင်ခြင်း ဆိုင်ရာ ဦးဆောင်နိုင်မှု’ ဆုအား လက်ခံ ရရှိခဲ့ပါသည်။ တယ်လီနောသည် ယခုရရှိခဲ့သည့် ဆုအပါအဝင် ၂၀၁၇ ခုနှစ်အတွင်းတွင် ဂုဏ်သိက္ခာ ကြီးမားသော နိုင်ငံတကာ အဖွဲ့အစည်းများကပေးအပ် သည့် နိုင်ငံတကာဆုပေါင်း ၆ ခုအထိလက်ခံရရှိခဲ့ပြီး ဖြစ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ့လူမှုအဖွဲ့အစည်းမှာ အားလုံးအတွက် အကျိုးရှိစေမယ့် ဆောင်ရွက်ချက်တွေကို ဖော်ဆောင် ပေးပြီးဆက်သွယ်ရေး ၀န်ဆောင်မှုတွေရဲ့ အကျိုးပြုနိုင်စွမ်းကိုအကောင်းဆုံး သက်ရောက်မှု ရှိနိုင်အောင် ကြိုးစားအားထုတ်မှု တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ ပေးအပ်တဲ့ ဒီလူမှုဆန်းသစ်တီထွင်ခြင်း ဆိုင်ရာ ဦးဆောင်နိုင်မှု ဆုကိုလက်ခံရရှိခဲ့တဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကျွန်တော်တို့ ပြုလုပ်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်း တွေဟာရေရှည်အတွက်ဖြစ်ပြီး လူထုအကျိုးပြု လုပ်ငန်းတွေ အတွက် ဆက်သွယ်ချိတ် ဆက်မှုကိုဘ ယ်လိုအသုံးချနိုင်တယ် ဆိုတာတွေကိုလည်း ထုတ်ဖော်ပြသနေတာ ဖြစ်ပါတယ်။ အပြန်အလှန် ဆွေးနွေးပြောဆိုနိုင်တဲ့ အွန်လိုင်း ဒစ်ဂျစ်တယ်စာတတ်မြောက်မှု သင်တန်းအထောက်အကူ ပြုပစ္စည်းတွေ ဖန်တီးတာ ကနေဒစ်ဂျစ်တယ် စာသင်ခန်းတွေနဲ့ ဆန်းသစ်တဲ့ မိုဘိုင်းအက်ပလီကေးရှင်း တွေအတွက် ရန်ပုံငွေ ထောက်ပံ့တာတွေ အပါအ၀င် လုပ်ဆောင်မှုတွေကို ဆောင်ရွက်နေတဲ့ တယ်လီနောအတွက် လူမှုရေးရာနဲ့ ဆိုင်တဲ့ ဆန်းသစ်တီထွင်မှု တွေဟာကျွန်တော်တို့ လူမှုအကျိုးပြုလုပ်ငန်းတွေ ရဲ့အဓိကနေရာက ပါဝင်နေပါတယ်။

နိုင်ငံတစ်ဝန်းနေရာဒေသအသီးသီးက ပြည်သူလူထုတွေအနေနဲ့ ဆန်းသစ်တဲ့ မိုဘိုင်းနဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကသယ်ဆောင်လာမယ့် လူမှုစီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဆက်လက်ရရှိနေနိုင်အောင် ကျွန်တော်တို့ အနေနဲ့ ဆက်လက် လုပ်ဆောင်သွားဖို့လည်း ရည်သန်ထားပါတယ်” ဟုတယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သောလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။ CMO Asia မှကျင်းပပြုလုပ်သည့် အာရှဒေသရှိအကောင်းမွန်ဆုံးလူမှုဆန်းသစ်တီထွင်မှု ဆိုင်ရာဆုချီးမြှင့်ပွဲသည် စီးပွားရေးလုပ်ငန်းစု ကြီးများအား ၎င်းတို့ ပတ်ဝန်းကျင်ရှိ လူထုဘဝများအားသိသိသာသာ တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးနိုင်မှုနှင့် ပတ်သက်၍ ပေးအပ်သောအသိအမှတ်ပြုမှုတစ်ခု ဖြစ်ပါသည်။

 

တယ်လီနော၏ မြန်မာနိုင်ငံအတွင်းလူမှုအကျိုးပြုလုပ်ငန်းများ

တယ်လီနော၏ လူမှုအကျိုးပြုလုပ်ငန်း စဉ်များတွင် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှုကို မြှင့်တင်ပေးသည့် ‘တယ်လီနောအလင်းအိမ်’၊အကျိုးခံစားခွင့်နည်းပါးသောကလေးငယ်များအတွက် ကျောင်းပြင်ပပညာရေးကို ထောက်ပံ့ပေးနေသော မြန်မာရွေ့လျား ပညာသင်ကြားရေး စီမံကိန်း (MyME)၊သဘာ၀ဘေး အန္တရာယ် ကြုံတွေ့ရသူများ အတွက် အရေးပေါ်နှင့် ပြန်လည်ထူထောင်ရေးအထောက်အပံ့ အကူအညီများပေးခြင်း၊ မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးသတင်းအချက်အလက်များပေးနိုင်သည့် mHealthစသည့် အစီအစဉ်များ ပါဝင်ပါသည်။ ထို့အပြင် တယ်လီနော၏ လူမှုအကျိုးပြုလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေလံပွဲများကိုစတင်ကျင်းပခဲ့ပြီးအဆိုပါ လေလံပွဲများမှ ရရှိလာသည့် အကျိုးအမြတ်များကိုဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မိဘမဲ့ ဂေဟာတို့ အပါအဝင် အမျိုးမျိုးသောအဖွဲ့အစည်းများအတွက်လှုူဒါန်းလျက် ရှိပါသည်။ ထို့အပြင် ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် ဝေးလံခေါင်းပါးသောဒေသများမှ အကျိုးခံစားခွင့် နည်းပါးသောကလေးငယ်များအားပညာသင်ကြားပေးနိုင်မည့် ဒစ်ဂျစ်တယ်ပညာရေးစီမံကိန်းအသစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ‘နည်းပညာစာသင်ခန်းများကိုလည်း တည်ဆောက်လျက်ရှိပါသည်။

 

၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာအသိအမှတ်ပြုမှုများ

တယ်လီနောမြန်မာသည် ဂျုလိုင်လအတွင်းကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် Frost & Sullivan ၏ နှစ်စဉ် အိုင်စီတီဆုပေးပွဲတွင် ‘ဖွံ့ဖြိုးဆဲဈေးကွက်တွင် တစ်နှစ်တာအကောင်းဆုံးဝန်ဆောင်မှုပေးအပ်သောကုမ္ပဏီ’ နှင့် ‘မြန်မာ့ တစ်နှစ်တာအကောင်းဆုံး မိုဘိုင်းဝန်ဆောင်မှု ပေးအပ်သော ကုမ္ပဏီ’ ဆုများကို လက်ခံရရှိခဲ့ပါသည်။ တယ်လီနောမြန်မာနှင့် Ericsson တို့၏ နေရောင်ခြည်စွမ်းအင် သီးသန့်အသုံးပြုသောစီမံကိန်း အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာမိုဘိုင်းဆုဖြစ်သည့် ‘Green Mobile Award’ ကိုGSMA က မတ်လတွင် ပေးအပ်ခဲ့ပါသည်။ မေလတွင် Telecom Asia မှ ‘ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အကောင်းဆုံးအော်ပရေတာ’ ဆုကို တယ်လီနောအား ချီးမြှင့်ခဲ့သည်။ ထို့အပြင် GSMA သည် နေရောင်ခြည်စွမ်းအင် သုံးစီမံကိန်းအတွက် ‘ကမ္ဘာ့ကုလသမဂ္ဂ၏ အာရှဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ကို မိုဘို်င်းနည်းပညာဖြင့် ထောက်ပံ့ပေးသောထူးချွန်ဆု’ ကိုတယ်လီနောနှင့် Ericsson ကိုဇွန်လ အတွင်းက ပေးအပ်ခဲ့ပါသည်။

 

တယ်လီနောမြန်မာ

တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်ပြောင်းလဲနေသည့် မိုဘိုင်းဒေတာကွန်ရက်အဖြစ် ရပ်တည်နေပြီး နိုင်ငံတစ်ဝန်းတွင် ဆက်သွယ်ရေးတာဝါတိုင် အရေအတွက်စုစုပေါင်း ၇,၇၀၀ ကျော်၊ အရောင်းဆိုင်အရေအတွက် စုစုပေါင်း၁၀၀,၀၀၀ ခန့်မှတစ်ဆင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား၀န်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် 4G ဝန်ဆောင်မှုများအား ၂၀၁၆ခုနှစ်၊ ဇူလိုင်လမှ စတင်ကာပေးအပ်ခဲ့ပြီး လက်ရှိတွင် မြို့ကြီး ၂၆မြို့တွင် 4G ဝန်ဆောင်မှုများပေးအပ်လျက်ရှိကာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်အဖြစ်လည်း ရပ်တည်လျက်ရှိပါသည်။ ထို့အပြင် တယ်လီနောသည် မြန်မာနိုင်ငံတွင် တာဝန်သိစီးပွားရေး ဆိုင်ရာစံချိန်စံနှုန်းများဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် အားပေးဦးဆောင်မှုများ ပြုလုပ်နေသည့် အပြင် မြန်မာနိုင်ငံ၏ ဦးဆောင်အမှတ်တံဆိပ်များထဲမှ တစ်ခုအဖြစ်ရပ်တည်နေပြီးအလုပ်လုပ်ကိုင်ရန် အကောင်းမွန်ဆုံးနေရာများထဲမှ တစ်ခုအဖြစ်လည်းသတ်မှတ်ခြင်းခံထားရပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor