၁၈၀၀MHz လှိုင်းနှုန်းစဉ်အသုံးပြုခွင့် ရရှိမှု တယ်လီနောအတည်ပြု

19 May, 2017 - Yangon

  • ၁၈၀၀MHz လှိုင်းနှုန်းစဉ်တွင် နည်းပညာမရွေးဖြင့် သုံးနိုင်သည့် ၂X၁၀MHzကိုရရှိ
  • ၁၈၀၀MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြု၍ စစ်မှန်သော 4G/LTE ၀န်ဆောင်မှုများကို နိုင်ငံတစ်၀ှမ်းရှိ မြို့ကြီးများတွင် ပေးအပ်ရန် လမ်းစဖြစ်

 

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ၁၈၀၀MHz လှိုင်းနှုန်းစဉ်တွင်နည်းပညာမရွေးဖြင့် သုံးနိုင်သည့် ၂X၁၀MHzကိုအသုံးပြုခွင့် ရရှိပြီ ဖြစ်ကြောင်းအတည်ပြု ထုတ်ပြန်လိုက်ပါသည်။ ယင်းလှိုင်းနှုန်းစဉ်ကိုအသုံးပြုခွင့် ၁၂ နှစ်တာကာလအတွက် သတ်မှတ်နှုန်းထားအမေရိကန်ဒေါ်လာသန်း ၈၀ ကိုပေးအပ်မည် ဖြစ်ပါသည်။ ယခုကဲ့သို့ လှိုင်းနှုန်းစဉ်ကိုအသုံးပြုခွင့်ရရှိမှုမှာ 3G ကွန်ရက် အသုံးပြုမှုထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် နှုန်းဖြင့် သုံးစွဲနိုင် စေမည့် စစ်မှန်သော 4G/Long-Term Evolution (LTE)၀န်ဆောင်မှုများကိုတိုးချဲ့ ပေးအပ်ရန် လမ်းစဖြစ်ကြောင်းတယ်လီနောကယုံကြည်ပါသည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာသိသိသာသာတိုးတက်လာခဲ့တာကိုတွေ့မြင်ကြရမှာပါ။ အာရှတစ်၀ှမ်းက မြို့ကြီးတွေမှာရရှိနေမှုနဲ့ အလားတူကွန်ရက်လွမ်းခြုံမှုနဲ့ ၀န်ဆောင်မှု အရည်အသွေးတွေကို မြန်မာနိုင်ငံတစ်နှံ့တစ်လွှားကမြို့ကြီးပြကြီးတွေနဲ့ မြို့နယ်တွေမှာလည်းရရှိနေပြီ ဖြစ်ပြီးယနေ့ မြန်မာနိုင်ငံဟာ ‘မိုဘိုင်းဦးစားပေး’ နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ 4G/LTE ၀န်ဆောင်မှုတွေကို လျင်လျင်မြန်မြန် ပေးအပ်နိုင်ခြင်းကဒေသတွင်းကအကောင်းဆုံးနိုင်ငံစာရင်းထဲကိုရောက်ရှိစေမှာ ဖြစ်သလိုပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေ မှာမာလ်တီမီဒီယာအခြေပြု ဒစ်ဂျစ်တယ်၀န်ဆောင်မှုတွေကို ပြောင်းလဲပေးအပ်နိုင်ဖို့ အရှိန်ရစေမှာ ဖြစ်ပါတယ်” ဟုတယ်လီနော၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမိုဘိုင်းကွန်ရက်ကြီးကိုတယ်လီနောအနေနဲ့ တည်ထောင်ထားပြီး ဖြစ်သလိုလက်ရှိရှိထား ပြီးသားလှိုင်းနှုန်းစဉ်တွေကိုအသုံးပြုပြီး 4G ၀န်ဆောင်မှုတွေကို မြို့ ၁၉ မြို့မှာ ပြီးခဲ့တဲ့ ၁၀ လတာကာလအတွင်းမိတ်ဆက် ပေးထားပြီးလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကိုအပြတ်အတောက်မရှိချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကိုအထစ်အငေါ့ကင်းကင်းကစားနိုင်မှု၊ လူမှုကွန်ရက်တွေကိုအကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်းတည်ငြိမ်တဲ့ ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါ၀င်တဲ့ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှုအတွေ့အကြုံကိုရရှိစေဖို့ တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီး ၀န်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ လက်ရှိမှာတယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက်အတွင်း ၁၈၀၀ MHz ကနေ4G/LTEကိုပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီးမကြာခင်မှာပဲအရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့တွေမှာ ဒီ၀န်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရန်ကုန်မှာလည်း 4G/LTE ၀န်ဆောင်မှုတွေကို မကြာခင်မိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟုအမှုဆောင်အရာရှိချုပ်ကထပ်လောင်းပြောကြားသည်။

တယ်လီနောသည် လက်ရှိတွင် တာ၀ါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

အသုံးပြုခွင့်ကိုတိုက်ရိုက်ပေးအပ်မှု နည်းလမ်းဖြင့် ခွင့်ပြု


ယခုလှိုင်းနှုန်းစဉ်ကိုအသုံးပြုခွင့်ရသည့်အချိန်တွင် အသုံးပြုခွင့်အတွက် ပေးအပ်ရမည့် သတ်မှတ်နှုန်းထားစုစုပေါင်း၏ ၄၀% ဖြစ်သောအမေရိကန်ဒေါ်လာ ၃၂ သန်းကိုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနလက်အောက်ရှိဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ ပထမအရစ်အဖြစ် ပေးသွင်းရမည် ဖြစ်ပြီးကျန်သည်များကိုလိုင်စင်သက်တမ်း၏ ဒုတိယနှင့် စတုတ္ထနှစ်အကြားတွင် ပေးသွင်းရမည် ဖြစ်သည်။ ထို့ပြင် ဆက်သွယ်ရေးအော်ပရေတာများသည် ထပ်ဆောင်းလှိုင်းနှုန်းစဉ်များကိုအများဆုံး၂X၁၀MHz အထိထပ်မံရယူနိုင်ပြီးဦးစွာလျှောက်ထားသူကိုဦးစားပေးအသုံးပြုခွင့်စနစ်ဖြင့် ၁၅၀ MHz (၂X၇၅MHz)လှိုင်းနှုန်းအားလုံးခွင့်ပြုပြီးသည်အထိလျှောက်ထားအသုံးပြုရှိမည် ဖြစ်ကြောင်းသိရသည်။ ထပ်ဆောင်းလှိုင်းနှုန်းစဉ်များရယူခွင့်သည် လိုင်စင်သက်တမ်းစတင်ပြီးနောက် သုံးနှစ်အကြာတွင် ကုန်ဆုံးမည် ဖြစ်သည်။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ၁၈၀၀ MHz လှိုင်းနှုန်းစဉ် အသုံးပြုခွင့်ချထားမှုအတွက် ဆွေးနွေးညှိနှို်င်းမှု များကို ၂၀၁၆ ခုနှစ် ဖေဖော်၀ါရီလမှ စတင်ပြုလုပ်ခဲ့ပြီးအသုံးပြုခွင့်အတွက် သင့်လျှော်သည့် တိုက်ရိုက်အသုံးပြုခွင့်ချထားမှုနည်းလမ်းဆိုင်ရာများကိုရှင်းလင်းခဲ့ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor