အပိုဆောင်းလက်ဆောင် ခံစားခွင့်များ ပါ၀င်သည့် 32GB iPhone 6အထူးထုတ်ဖုန်းအားတယ်လီနော က စတင်မိတ်ဆက်

27 June, 2017 -

  • ကျပ် ၁၀,၀၀၀၊ ၂၀,၀၀၀ နှင့် ၃၀,၀၀၀ ဖုန်းငွေဖြည့်သွင်းခြင်းတို့အတွက် ၁၀၀ ရာခိုင်နှုန်းဖုန်းငွေဖြည့်အပိုလက်ဆောင် ရရှိမည်ဖြစ်
  • အိုင်ဖုန်းသုံးစွဲလိုသူများအတွက် အလွန်ထိုက်သင့်သည့် တန်ဖိုးဖြင့် ရရှိသုံးစွဲနိုင်မည့် အခွင့်အရေးဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံရှိသုံးစွဲသူများအတွက် 32GB iPhone 6 (limited-edition) အားစိတ်ဝင်စားဖွယ် ဖုန်းငွေဖြည့် အပိုလက်ဆောင်များနှင့်အတူစတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ယခုနှစ်တွင်မှစကာကမာ္ဘတစ်ဝန်း၌ မိတ်ဆက်လျက် ရှိသော32GB iPhone 6 သည်iPhone 6 မျိုးဆက်ဖုန်းများအနက်အထူးထုတ်လုပ်မှုအသစ်တစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် တရား၀င်ရရှိနိုင်သော အရောင်မှာလူအများနှစ်သက်သည့် ရွှေရောင်တစ်မျိုးတည်းသာဖြစ်ပြီးထိတွေ့မျက်နှာပြင်အကျယ် ၄.၇ လက်မနှင့်သိမ်းဆည်းနိုင်စွမ်း ၃၂ ဂဂ္ဂါဘို်က်ရှိသည့် ယင်းအထူးထုတ်ဖုန်းကိုငွေကျပ် ၆၅၀,၀၀၀ ဖြင့်ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

 

အဆိုပါ ဖုန်းဟန်းဆက်အားဇွန်လ ၂၄ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်းဝယ်ယူအားပေးသည့် တယ်လီနောသုံးစွဲသူများသည်ဖုန်းဘေလ်ကျပ် ၁၀,၀၀၀၊ ၂၀,၀၀၀ နှင့် ၃၀,၀၀၀ ဖြည့်သွင်းခြင်းများအတွက် ဖြည့်သွင်းမှုအလိုက် ၁၀၀ ရာခိုင်နှုန်းအပိုငွေဖြည့်လက်ဆောင်များအားဖုန်းဘေလ် ဖြည့်သွင်းပြီး ၇၂ နာရီအတွင်းရရှိကြမည် ဖြစ်ပါသည်။

အဆိုပါ အပိုငွေဖြည့်လက်ဆောင်သည် ရက်ပေါင်း ၉၀ ကြာသက်တမ်းရှိမည် ဖြစ်ပြီး နိုင်ငံရပ်ခြားသို့ဖုန်းခေါ်ဆိုမှုနှင့် နိုင်ငံရပ်ခြားနှင့်ဆိုင်သောအခြားဝန်ဆောင်မှုများမှ လွဲ၍ အခြားသောဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် ဝန်ဆောင်မှုများအားလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အသုံးပြုသူများအနေနှင့် အဆိုပါ အပိုငွေဖြည့်လက်ဆောင်အားအရောင်းမြှင့် ကာလအတွင်းတစ်ကြိမ်သာရယူနိုင်မည်ဖြစ်ပါသည်။ အသုံးပြုသူများသည် ၎င်းတို့၏ လက်ကျန် အပိုငွေဖြည့်လက်ဆောင် ပမာဏအား *124*1# သို့ဖုန်းခေါ်ဆို၍ စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ ယင်းဖုန်းဟန်းဆက်များအားရန်ကုန်မြို့ မြန်မာပလာဇာနှင့် ၁၁ လမ်းရှိတယ်လီနောအရောင်းပြခန်းများ၊ မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ် (၇၃ နှင့် ၃၀ လမ်းထောင့်) ရှိတယ်လီနောအရောင်းပြခန်းနှင့် mDriveအရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဟန်းဆက်အားတယ်လီနောနှင့် mDriveအရောင်းပြခန်းများမှ ဝယ်ယူပြီးသည့် အချိန်တွင်မှသာ Apple ၏ တရားဝင် ၁ နှစ် အာမခံစတင်အသက်ဝင်မည် ဖြစ်ပါသည်။ ထို့အပြင် တယ်လီနောနှင့်စီဘီဘဏ်၊ ဧရာ၀တီဘဏ်နှင့် ကမော္ဘဇဘဏ်တို့ ပူးပေါင်းမှုဖြင့် လုပ်ငန်းသုံးနှင့် တစ်ဦးချင်းအသုံးပြုသူများအတွက် ၆ လနှင့် ၁၂ လ သက်တမ်းရှိအရစ်ကျ ငွေပေးချေမှု ဖြင့်လည်းယင်းဖုန်းကို ၀ယ်ယူနိုင်မည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံအတွင်းကတယ်လီနောအသုံးပြုသူတွေ အနေနဲ့ စမတ်ဖုန်းအသုံးပြုမှု ပိုမိုများပြားလာပြီးမိုဘိုင်းအင်တာနက် သုံးစွဲမှုတွေကလည်း မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့မြင်လာရပါတယ်။ ဒီလိုမျို:အရည်အသွေးမြင့် ဟန်းဆက်တွေ ကိုအသုံးပြုနိုင်လာတာကြောင့် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ တယ်လီနောရဲ့ အကြီးမားဆုံးနဲ့ အလျင်မြန်ဆုံးတိုးတက်နေတဲ့ 3G နဲ့ 4G ကွန်ရက်တွေကနေတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ အင်တာနက် အသုံးပြုမှု အတွေ့အကြုံတွေကိုပိုပြီးတော့ အဆင်ပြေပြေအသုံးပြုနိုင်လာတော့မှာဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin E Myrthong က ပြောကြားသည်။

တယ်လီနောသည် လက်ရှိတွင် တာ၀ါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ တယ်လီနော၏ 4G ဝန်ဆောင်မှုများအားလက်ရှိအချိန်တွင် ကယားနှင့် ချင်းမှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်အပါအ၀င် နိုင်ငံ တစ်၀ှမ်းရှိ မြို့ကြီး ၂၅ မြို့တွင် ပေးအပ်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor