သဘာဝ ဘေးအန္တရာယ်များ သက်ရောက်ပြီးနောက် ဆက်သွယ်ရေး ကွန်ရက် တည်ငြိမ်မှုရှိစေရန် တယ်လီနောက ဆောင်ရွက်

09 June, 2017 -

  • ဆိုင်ကလုံးမုန်တိုင်းဒဏ် မကြာခဏ ခံစားရလေ့ရှိသည့် ရခိုင်ကဲ့သို့ ဒေသများတွင် တည်ဆောက်ထားသည့် ဆက်သွယ်ရေး တာဝါတိုင်များသည် တစ်နာရီ ၂၂၅ ကီလိုမီတာထိ လေတိုက်နှုန်းကို ခံနိုင်ရည်ရှိ

 မိုးရာသီတွင်းနှင့် သဘာဝ ဘေးအန္တရာယ် သက်ရောက်ပြီးကာလများတွင် ဖုန်း ဆက်သွယ်မှုများ ပြတ်ယွင်းမှုမရှိပဲ ကွန်ရက် တည်ငြိမ်မှုရှိနေစေရေး တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)က အစဉ်တစ်စိုက် ဆောင်ရွက်ထားရှိပါသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက ရန်ကုန်မြို့တွင် ကြုံတွေ့ခဲ့ရသည့် သည်း ထန်မိုးကြောင့် တယ်လီနော၏ ဆက်သွယ်ရေး ကွန်ရက်ကို သက်ရောက်မှု မရှိစေမှုကို သေချာစေရန်လည်း ဆောင်ရွက်ခဲ့ ပါသည်။

 

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုရာကြောင့် သက်ရောက်မှုရှိခဲ့သော မုန်တိုင်း သင့်ဒေသ များရှိ ဆက်သွယ်ရေးကွန်ရက်သည်လည်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်သောကြာနေ့ ကတည်းက ဆက်သွယ်ရေး ၀န်ဆောင်မှုများ ဆက်လက်ပေးအပ်နေပြီ ဖြစ်ပြီး ယခုအခါ ကွန်ရက် တည်ငြိမ်မှုရှိကာ အပျက်အယွင်းမရှိ လုပ်ငန်း လည်ပတ်နေပြီ ဖြစ်ပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အချက််အလက်များ အရ မိုရာသည် အဆင့် ၁ ပြင်းအားရှိ ဆိုင်ကလုန်းတစ်ခုဖြစ်ပြီး ယင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင် ပြည်နယ်များတွင် ရာနှင့်ချီသော အိမ်များ၊ ဘာသာရေးနှင့် အများပိုင်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရ ပါသည်။

ရခိုင်ပြည်နယ်သည် မိုရာဆိုင်ကလုန်းကြောင့် ထိခိုက်မှု အများဆုံး ရှိခဲ့ပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၄ ခုတို့ကို လွှမ်းခြံုထားသော မိုဘိုင်းကွန်ရက်၏ အစိတ်အပိုင်းအချို့တွင် ဆိုင်ကလုန်းတိုက်ခတ်ချိန်နှင့် တိုက်ခတ် ပြီး နောက်တွင် ခေတ္တ ပြတ်တောက်မှုရှိခဲ့သည်။ မုန်တိုင်း၏ ပြင်းထန်သော လေတိုက်ခတ်မှု အရှိန်ကြောင့် မိုက်ခရိုဝေ့ အင်တင်နာများ နေရာချိန်ထားမှု လွဲသွားခြင်းနှင့် လျှပ်စစ်မီးအားပေးမှုတို့ ပြတ်တောက်သွားရခြင်းတို့ကြောင့် ယင်းသို့ ကွန်ရက်ကို သက်ရောက်မှု ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး ယင်းဒေသများမှလွဲ၍ အခြားဒေသများရှိ ကွန်ရက်အပေါ် သက်ရောက် ခြင်း မရှိခဲ့ပေ။

“ဆိုင်ကလုန်းပြီးပြီးချင်းမှာပဲ အတွေ့အကြံုရင့်ကျက်တဲ့ တယ်လီနောရဲ့ နည်းပညာပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ တာဝါ ကုမ္ပဏီတွေက တာဝန်ရှိသူတွေဟာ သက်ရောက်မှုရှိခဲ့တဲ့ ကွန်ရက် အစိတ်အပိုင်းကို ပြုပြင်မှုတွေ အမြန်ဆုံး ဆောင်ရွက် ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ကျွန်တော်တို့ရဲ့ မိုဘိုင်းကွန်ရက်က တည်ငြိမ်မှုရှိပြီး လုပ်ငန်းပုံမှန်လည်ပတ်နေပြီ ဖြစ်ပါ တယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ် မကြာခဏ ခံစားရလေ့ရှိတဲ့ ရခိုင်လို ဒေသတွေမှာဆိုရင် ဆက်သွယ်ရေး တာဝါတိုင် တွေကို တစ်နာရီ ၂၂၅ ကီလိုမီတာထိ လေတိုက်နှုန်းကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ မုန်တိုင်း ကြောင့် တာဝါတိုင်တွေ ထိခိုက်ပျက်စီးမှု အလျဉ်းမရှိခဲ့ပါဘူး” ဟု တယ်လီနော၏ နည်းပညာ အရာရှိချုပ် ဖြစ်သူ Jai Prakash က ပြောကြားသည်။

ကချင်၊ ကယား၊ ကရင် ကဲ့သို့ဒေသများတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၁၃၀ ကီလိုမီတာအထိနှင့် သဘာဝဘေးသက် ရောက်မှုများသည့် ရခိုင်ကဲ့သို့ ဒေသများတွင် အများဆုံး ၂၂၅ ကီလိုမီတာထိ ခံနိုင်ရည်ရှိစေရန် ဆက်သွယ်ရေး တာဝါတိုင် များကို တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဧရာဝတီနှင့် ရန်ကုန် ကဲ့သို့ ဒေသများတွင် လေတိုက်နှုန်း တစ်နာရီ ၁၉၀ ကီလိုမီတာ ထိ ခံနိုင်ရန် တာဝါတိုင်များကို ဒီဇိုင်းပြုလုပ်ထားပါသည်။

အပူပိုင်းဒေသ မုန်တိုင်းတစ်ခုကို အမည်ပေးပြီးနောက် လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၉ ကီလိုမီတာ ကျော်လွန်လာပါက ဆိုင်ကလုန်းဟု သတ်မှတ်သည်။ Saffir-Simpson ၏ မုန်တိုင်းလေတိုက်နှုန်းစကေးအရ ဆိုင်ကလုန်းများကို အဆင့် ၅ ခု အထိ သတ်မှတ်ထားပြီး အဆင့် ၃ မှ ၅ ကို အလွန်ပြင်းထန်သော အပူပိုင်းဒေသ ဆိုင်ကလုန်းများ အဖြစ်သတ်မှတ်သည်။ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၉ ကီလိုမီတာမှ ၁၅၃ ကီလိုမီတာထိ ရှိသော ဆိုင်ကလုန်းကို အဆင့် ၁ သတ်မှတ် ထား သည်။ လေတိုက်နှုန်း ၂၁၀ မှ ၂၄၉ ကီလိုမီတာထိရှိသော ဆိုင်ကလုန်းကို အဆင့် ၄ ဟု သတ်မှတ်သည်။ ရခိုင်ပြည်နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များသည် အဆင့် ၄ ထိရှိသော အလွန်ပြင်းထန်သည့် ဆိုင်ကလုန်းများကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းပြုလုပ်ထားပါသည်။

သဘာဝဘေးများဖြစ်သည့် မီးလောင်၊ ငလျင်လှုပ်၊ လေမုန်တိုင်းတို့ လွန်စွာ ပြင်းထန်ပါက တာဝါပျက်စီးနိုင်ချေ ရှိ သော် လည်း လွန်စွာနည်းပါးပါသည်။ ရေကြီးမှု ကဲ့သို့သော အခြား သဘာဝ ဘေးအန္တရာယ်များကာကွယ်သည့် အနေဖြင့် တာဝါတိုင်တည်ဆောက်ရာတွင် တည်ဆောက်သည့် နေရာဒေသ၏ ရေကြီးမှုသမိုင်းကြောင်းအပေါ် အခြေခံ၍ အပြင်းထန် ဆုံးသော ရေလွှမ်းမိုးမှုကို ခံနိုင်အောင် တည်ဆောက်ထားပါသည်။

တယ်လီနော၏ ကွန်ရက်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် အစောပိုင်းကတည်းက ဖြန့်ကြက်ခဲ့ပြီး ယခုအခါ တာဝါတိုင်ပေါင်း ၆၁၀ ကျော်ကို အသုံးပြုကာ တိုင်းဒေသကြီး အတွင်းရှိ ၂၆ မြို့နယ်စလုံးရှိ သုံးစွဲသူများကို ၀န်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်တွင် ကွန်ရက် ဖြန့်ကြက်မှုကို မေလ ၂၀၁၆ က စတင်ခဲ့ပြီး တာဝါတိုင်ပေါင်း ၂၂၀ ခန့်ကို အသုံးပြုကာ ပြည်နယ်၏ မြို့နယ် စုစုပေါင်း ၁၇ မြို့နယ်စလုံးရှိ သုံးစွဲသူများကို ၀န်ဆောင်မှု ပေးအပ်လျက်ရှိ ပါသည်။ ချင်းပြည်နယ်တစ်ဝှမ်းတွင်မှု လက်ရှိတွင် တာဝါတိုင်ပေါင်း ၃၀ ကျော်ရှိပြီး များမကြာမီတွင် ကွန်ရက်ကို မိတ်ဆက်သွားမည်လည်း ဖြစ်ပါသည်။

တယ်လီနောသည် လက်ရှိတွင် တာဝါတိုင်ပေါင်း ရ၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်လျက်ရှိသော အင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိ သုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor