ဝေးလံကျေးလက်ဒေသများတွင် ‘ဘေးကင်းသောအင်တာနက်’ အသုံးပြုမှု များပြားလာစေရန် အလင်းအိမ် စင်တာများဆောင်ရွက်မည်

30 October, 2017 - Yangon

  • ကျေးလက်နေလူမှု အသိုင်းအ၀ိုင်းများအနေဖြင့် အွန်လိုင်းမှ တစ်ဆင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုအပြည့်အ၀ ရရှိအသုံးချနိုင်စေရေးတယ်လီနော၏ အလင်းအိမ် စင်တာ ၆၁ က ကူညီသွားမည် ဖြစ်
  • ဝေးလံသော ဒေသများတွင် ယခုကဲ့သို့ အသိပညာပေးမှုများကိုဆောင်ရွက်ခြင်းက မြို့ပြနှင့် ကျေးလက် အသိုင်းအ၀ိုင်း များကြားရှိသောဒစ်ဂျစ်တယ် သိနားလည်မှု ကွာခြားချက်ကိုလျှော့ချနိုင်မည်ဖြစ်

တယ်လီနောမြန်မာ၏ အလင်းအိမ် စင်တာများသည် နိုင်ငံတစ်ဝှမ်း ဝေးလံသော ကျေးလက်ဒေသများရှိလူငယ်များနှင့် ကျောင်းသူ/သားများအတွက် ‘ဘေးကင်းသောအင်တာနက်’အသုံးပြုမှုအသိပညာပေးအစီအစဉ်များကိုယခုလနှောင်းပိုင်းမှ စတင်ကာစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။

“နိုင်ငံတစ်ဝှမ်းကမြို့ပြနဲ့ ကျေးလက် လူမှုအသိုက်အ၀န်းတွေအနေနဲ့ စီးပွားရေးနဲ့လူမှုရေး ဆိုင်ရာအကျိုးဖြစ်ထွန်းစေမယ့်သတင်းအချက်အလက်တွေကို အင်တာနက်ကနေရရှိ အသုံးချစေနိုင်ဖို့ သူတို့ရဲ့ ဒစ်ဂျစ်တယ်နည်းပညာ နားလည် တတ်ကျွမ်းမှုကိုတယ်လီနောရဲ့ အလင်းအိမ်စင်တာတွေအနေနဲ့ မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိနေပြီး ဖြစ်ပါတယ်။ တယ်လီနောရဲ့ အလင်းအိမ် စင်တာတွေဟာနေပြည်တော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၂ ခုမှာတည်ရှိပြီး ဖြစ်လို့ ကျေးလက်ကလူငယ်တွေ၊ ကလေးတွေကိုအသိပညာ ဖြန့်ဖြုးပေးဖို့ ပိုထိထိရောက်ရောက် ဆောင်ရွက်နိုင်တာဖြစ်ပြီး ကျနော်တို့ရဲ့ ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’အသိပညာပေး ဗီဒီယိုဇာတ်လမ်းတွဲကို အသုံးပြုပြီး အင်တာနက်ကို ဘေးကင်းကင်းနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်စေမယ့် ဗဟုသုတနည်းလမ်းတွေကို အသိပညာပေးသွားမှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ ဒီနှစ် မကုန်မီလူငယ်နဲ့ ကျောင်းသူ/သားပေါင်း ၇၀၀၀၀ ကျော်ကိုဘေးကင်းတဲ့ အင်တာနက် အသုံးပြုမှု အသိပညာဗဟုသုတတွေ ပြောကြားနိုင်ဖို့ ရည်မှန်းချက်ကို အလင်းအိမ်စင်တာတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ပါ၀င်ဖြည့်ဆည်းနိုင်ကြ မယ်လို့ မျှော်မှန်းထားပါတယ်”ဟု တယ်လီနောမြန်မာ၏ ရေရှည် တည်တံ့သောလုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြော ကြားသည်။

အလင်းအိမ်စင်တာလုပ်ငန်း ရှင်များအတွက် ယခုကဲ့သို့ သင်တန်းများကို ဆင့်ပွားဆောင်ရွက်နိုင်ရန် အတွက် မွမ်းမံသင်တန်း ၂ ခုကိုစက်တင်ဘာလနှောင်းနှင့် အောက်တိုဘာလလယ် အတွင်းဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ ပညာရေးနှင့် ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အချက်အလက်များ ခိုးယူခံရခြင်း၊ ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတိုများပေးပို့မှုများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်းစသည် အွန်လိုင်းပေါ်တွင် ကြုံတွေ့နိုင်ရသောဘေးအန္တရာ ယ်ဖြစ်နိုင်ချေများနှင့် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာမည်သို့ နေထိုင်နိုင်မည်ဆိုသော အချက်အလက်များကို‘ စဉ်းစားဆင်ခြင်စာနာချစ်ခင်’ အသိပညာပေး ဗီဒီယိုဇာတ်လမ်းတွဲ အသုံးပြု ဟောပြောဆောင်ရွက်ရန် အလင်းအိမ်စင်တာ လုပ်ငန်းရှင် များအား ယင်းမွမ်းမံသင်တန်းများ တွင်လေ့ကျင့်ပေးခဲ့ပါသည်။

“အခုခေတ်လူငယ်တွေဟာသူတို့ရဲ့ အရင် မျိုးဆက်တွေထက် ဒစ်ဂျစ်တယ်နည်းပညာပိုင်းမှာ ပိုမိုရင်းနှီးကျွမ်း၀င်ကြပေမယ့် လူမှုကွန်ရက်တွေနဲ့ ဂိမ်းတွေသာအသုံးပြု ကြတာများကြပါတယ်။ ဒါဘာကြောင့်လည်းဆိုတော့ အင်တာနက်ကို ဘယ်လို အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့ ဗဟုသုတနည်းလမ်းတွေ မသိရှိထားကြလို့ပါ။ ဘေးကင်းတဲ့ အင်တာနက် အသုံးပြုမှုကိုကျောင်းသူ/သားတွေ လူငယ်တွေကိုသိရှိစေတာဟာသူတို့အနေနဲ့ အင်တာနက်ကို ဘေးကင်းကင်းအသုံးပြုတက် စေယုံသာမက တာ၀န်သိသိနဲ့ပါ သုံးတက်လာစေပါတယ်။ ဒါ့အပြင် အွန်လိုင်းကနေရရှိနိုင်မယ့် ပညာရေးနဲ့ဆိုင်တဲ့ အခွင့် အလမ်းတွေကိုပိုမို သိရှိလာနိုင်သလိုအွန်လိုင်း မှာသူတို့ရဲ့ ပုဂ္ဂလိကဘေးကင်း လုံခြုံရေးဟာဘယ်လောက် အရေးပါတယ် ဆိုတာပါ သိရှိနိုင်မှာပါ။ ဒီဗီဒီယိုတွေမှာ ကလည်း အပြန်အလှန် မေးမြန်းပြောဆိုမှု တွေပါတာကြောင့် အဓိကအချက် အလက်တွေကို ပိုမိုမှတ်မိသိရှိစေသလို နေ့စဉ်ဘ၀မှာပါ လက်တွေ့ကျကျ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်” ဟုပျော်ဘွယ်မြို့ ရှိတယ်လီနော အလင်းအိမ် လုပ်ငန်းရှင် ကိုဇော်ဇော်၀င်းက ပြောကြားသည်။

တယ်လီနောအလင်းအိမ် စင်တာများမှာ မြို့ပြနှင့် ကျေးလက် ဒစ်ဂျစ်တယ် နည်းပညာကွာဟမှုကို ကူညီလျှော့ချပေးနေသည့် လူမှုရေးအကျိုးပြု လုပ်ငန်းအဖွဲ့အစည်းများဖြစ်ပါသည်။ တယ်လီနောသည် မြန်မာနိုင်ငံတွင် အလင်းအိမ်များကိုဖွင့်လှစ်တည်ထောင်ရန်အတွက် ဖွံ့ဖြိုးမှုအတွက် အိုင်စီတီအဖွဲ့(MIDO)နှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။

တယ်လီနော၏ ‘စဉ်းစားဆင်ခြင်စာနာချစ်ခင်’ ပညာပေး ဗီဒီယိုဇာတ်လမ်းတွဲများကို http://bit.ly/BeSmartUseHeartတွင် ရယူ ကြည့်ရှုနိုင်ပါသည်။ မြန်မာဘာသာဖြင့် ထုတ်ဝေထားသော ‘ဘေးကင်းသောအင်တာနက်အသုံးပြုမှု’ဆိုင်ရာမိဘများအတွက် လမ်းညွှန်စာအုပ် ငယ်ကိုhttp://bit.ly/TelenorSafeInternetတွင် ရယူ ကြည့်ရှုနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor