ယနေ့အထိ မြန်မာ့မိုဘိုင်းလ်ကွန်ရက်အော်ပရေတာများကို သုံးစွဲသူဦးရေမှာ သန်း ၅၀ ကျော်သွားပြီဖြစ်

09 February, 2018 - Yangon

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေပြီးဖြစ်သော အော်ပရေတာသုံးခုဖြစ်သည့် MPT, အူရီဒူး နှင့် တယ်လီနော တို့၏ စုစုပေါင်းသုံးစွဲသူ ဦးရေသည် သန်း ၅၀ ကျော်ခဲ့ပြီဖြစ်ကာ အလျင်အမြန်တိုးတက်နေသော အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ လူဦးရေ စုစုပေါင်းနီးပါးကို လွှမ်းခြုံနိုင်သည့် မှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။ ယခုအောင်မြင်မှု သည် ၂၀၁၄ ခုနှစ်က စတင်ခဲ့သောဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက် ဖြေလျှော့မှုများကြောင့်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ခိုင်မာကောင်းမွန်သော အများနှင့်ယှဉ်ပြိုင်ရသည့် အခန်းကဏ္ဍကို ဖြစ်ထွန်းစေပြီး မြန်မာနိုင်ငံ၏ လူမှုအသိုက်အဝန်းအများအပြားအပေါ် အပေါင်းလက္ခဏာဆောင်သော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။

ဆက်သွယ်ရေးအခန်းကဏ္ဍ၏ တိုးတက်မှုအတွက် မြန်မာပြည်သူလူထုနှင့် ပြည်ထောင်စုအစိုးရ၏ ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင့်ဖြစ်ကြောင်း အော်ပရေတာမျာကကောင်းစွာနားလည်ပြီး ကျေးဇူးတင်ရှိ ကြပါသည်။ အော်ပရေတာများအနေဖြင့် မိုဘိုင်း ကွန်ရက်တိုးတက်မှု၊ အထူးသဖြင့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင် ယခုထက်ပို၍ ဖွံ့ဖြိုးလာစေရန် ကတိကဝတ်များ ထပ်လောင်း အတည်ပြု ခဲ့ကြပြီး နောက်ဆုံးပေါ် 4G ကွန်ရက်အတွက် အခြေခံ အဆောက်အအုံကို လက်တွေ့အသုံးချရန်နှင့် အများပြည်သူထံ ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ထောက်ပံ့ရန် ကြိုးပမ်းခဲ့သည်။

ထို့အပြင် ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ကတိပြုခဲ့ ကြပြီး တာဝန်ရှိသော အော်ပရေတာများအနေဖြင့် သုံးစွဲသူများက ပိုကောင်းသည့် ဝန်ဆောင်မှုများရရှိ စေရန် နှင့် ကောင်းမွန်သောဈေးကွက်တစ်ခု၏ သင်္ကေတများဖြစ်သော မှန်ကန်သည့် ဈေးနှုန်းယှဉ်ပြိုင်မှု အလေ့အထများကို လိုက်နာရန် အသေအချာ ဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များမှ ချ မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ်တွင်အခြေခံပြီး မျှတစွာယှဉ်ပြိုင်ရန် သဘောတူညီခဲ့ကြသလို ဆက်သွယ်ရေး ဆိုင်ရာ အကောင်းဆုံးအလေ့အထများနှင့် ကျင့်ဝတ်ဆိုင်ရာ စီးပွားရေးလမ်းညွှန်ချက်များကို လိုက်နာ ရန် သဘောတူညီခဲ့ကြသည်။

ဆက်သွယ်ရေးအော်ပရေတာများလိုက်နာကျင့်သုံးရမည့် စည်းကမ်းဘောင်များကို ၂၀၁၇ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဆက်သွယ်ရေး ဦးစီးဌာန၏ Pricing and Tariff Regulatory Framework ပါ သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လိုက်နာဆောင်ရွက်ရန် ဆိုသည်မှာလည်းယင်းကဲ့သို့ စည်းမျဉ်စည်းကမ်းများမှ အချက်တစ်ခုပင် ဖြစ်ပါသည်။ ရှောင်ကြဉ်ရမည့် အပြုအမူများထဲတွင် ဆင်းမ်ကဒ်များကို အခမဲ့ ပေးဝေခြင်း၊ ဝန်ဆောင်မှုနှင့် ဟန်းဆက်များကို သဘောတူညီထားသည့် ဈေးနှုန်းအောက် လျော့ပေါ့ ရောင်းချခြင်းနှင့် ဖြန့်ဝေခြင်းများမပြုလုပ်ရန်လည်းပါဝင်ကာ သတ်မှတ်ကြမ်းခင်းဈေးအတိုင်း လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

MPT, အူရီဒူး နှင့် တယ်လီနော တို့သည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများနှင့် လမ်းညွှန်ချက်များနှင့်အညီသာ ယှဉ်ပြိုင်ကြပါမည်ဟု ခိုင်မာစွာ ကတိကဝတ်ပြုထားကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor