မြန်မာလူငယ်များအတွက် စီမံကိန်းစီမံခန့်ခွဲမှု သင်တန်းအပတ်စဉ်သစ် စတင်မည်

13 September, 2017 - Yangon

  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်စေရန်၊ ဒေသခံလူငယ်များကိုပံ့ပိုးပေးခြင်းဖြင့်အလုပ်လုပ်ကိုင်နိုင်စွမ်းမြင်မားလာစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများပိုမိုများပြားလာစေရန်ရည်ရွယ်သည်။
  • သင်တန်းအားဘွဲ့ရပြီးသူအသက် ၂၀-၃၅ နှစ်ကြားလူငယ်များလျှောက်ထားနိုင်သည်။
  • လူငယ် ၂၂ ဦးတက်ရောက်ခဲ့သည့် အပတ်စဉ် (၆) သင်တန်းဆင်းပွဲကိုစက်တင်ဘာ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

တယ်လီနောမြန်မာ၊ ၎င်း၏ ပြည်တွင်းမိတ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Network Activities Group (NAG) နှင့် အစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာစီမံကိန်းစီမံခန့်ခွဲမှုသင်တန်းအပတ်စဉ် (၇) ကိုစက်တင်ဘာလ ၂၂ရက်၊ ၂၀၁၇ ခုနှစ် မှစတင်ကာဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

“တယ်လီနောနဲ့မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့အခုလိုသင်တန်းတွေကိုပူးပေါင်းဖွင့်လှစ်ပေးနိုင်တဲ့အတွက် ၀မ်းမြောက်မိ ပါတယ်။တယ်လီနောအနေနဲ့ မြန်မာနိုင်ငံကလူငယ်တွေရဲ့ ဘက်စုံအရည်အသွေးတွေ တိုးတက်ဖို့၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လမ်းဖို့ အခုလိုဆောင်ရွက်ချက်တွေကအထောက်အကူပြုမယ်လို့ ခိုင်ခိုင်မာမာယုံကြည် ပါတယ်။အရည်အချင်းရှိတဲ့ လူငယ်တွေကိုစီမံခန့်ခွဲမှုဆိုင်ရာအရည်အသွေးတွေ တောက်ပြောင်လာအောင် သင်ကြားပေးတာဟာသူတို့ရဲ့ လူမှု၀န်းကျင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာတက်တက်ကြွကြွ ပါ၀င်နိုင်စေဖို့ ထိရောက် သေချာအကျိုးရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍတာ၀န်ခံဦးမင်းသူကပြောကြားသည်။

 ဤအချိန်ပြည့်သင်တန်းသည် တစ်လကြာမြင့်မည်ဖြစ်ပြီးသင်တန်းကာလပြီးဆုံးပါကထူးချွန်သင်တန်းသားများသည် ၆-လကြာအလုပ်သင်အစီအစဉ်တွင် ဆက်လက်ပါဝင်ခွင့်ရမည်ဖြစ်သည်။ သင်တန်းကာလအတွင်းတက်ရောက်သူများကိုထောက်ပံ့ငွေ ပေးအပ်သွားမည်ဖြစ်ပြီးဤသင်တန်းအားဘွဲ့ရပြီးသူအသက် ၂၀-၃၅ နှစ်ကြားလူငယ်များတက်ရောက်နိုင်မည် ဖြစ်သည်။သင်တန်းကြေးမှာတက်ရောက်သူတစ်ဦးလျှင် ၁၀၀,၀၀၀ ကျပ်ဖြစ်ပြီးတက်ရောက်သူတစ်ဦးစီအတွက် နေရာထိုင်ခင်းအခမဲ့နှင့် ပညာသင်ထောက်ပံ့ကြေး ၅၀,၀၀၀ ကျပ်အားပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများမှာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသီအိုရီနှင့် အယူအဆများ၊ စီမံကိန်းစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှု၊ သဘာဝသယံဇာတထိန်းသိမ်းစောင့်ရှောက်မှု၊ စီးပွားရေးအပေါ်သက်ရောက်သော နိုင်ငံရေးရာများကိုဆန်းစစ်လေ့လာမှု၊ အခြေခံလူမှုအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝဘေးအန္တရာယ် လျှော့ချမှုနှင့် ပြန်လည်နေရာချထားမှု၊ ပါဝင်ဆောင်ရွက်နိုင်မည့် ပုံစံများ၊ ဆက်သွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်ဖွံ့ဖြိုးရေးတွင် လူအများလက်ခံပါဝင်လာစေခြင်း (ကျားမ ဖြစ်တည်မှု၊ ပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုအစရှိသဖြင့်) တို့ ဖြစ်ပါသည်။


တယ်လီနောသုံးစွဲသူများ၏ လှူဒါန်းမှု

အဆိုပါ သင်တန်းပို့ချမှုအစီအစဉ်အားတယ်လီနောမြန်မာ၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော “Stronger Together” လှူဒါန်းမှုအစီအစဉ်တွင် ပါဝင်ခဲ့ကြသည့် တယ်လီနောသုံးစွဲသူများ၏ လှူဒါန်းမှု တစ်ချို့တစ်ဝက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် သုံးစွဲသူများ၏ကိုယ်စားတယ်လီနောသည် မြန်မာကျပ် သန်း ၁၇၀ ကျော် (တယ်လီနောသုံးစွဲသူ ၁၇ သန်းမှ တစ်ဦးလျှင် ၁၀ ကျပ်) အားသတ်မှတ််ထားသောလူမှုအဖွဲ့အစည်းသုံးခုအား လှူဒါန်းပေးခဲ့သည်။

NAG သည် အဆိုပါအဖွဲ့အစည်းသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီးသုံးစွဲသူများမဲပေးရွေးချယ်မှုအပေါ်မူတည်၍ လှူဒါန်းငွေ မြန်မာကျပ် ၂၂.၁ သန်းအားလက်ခံရရှိခဲ့ပါသည်။ အခြားသောအဖွဲ့အစည်းနှစ်ခုမှာဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာနှင့် မန္တလေးတို်င်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိကလေးပြုစုရေးဌာနနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်းတို့ ဖြစ်သည်။

“ဒီသင်တန်းကိုစီစဉ်ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့လူ့စွမ်းအားအရင်းအမြစ်တွေ ပိုမိုတိုးတက်ကောင်းမွန်လာပြီးတိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီနိုင်ဖို့၊ ဒေသခံလူငယ်တွေကိုပံ့ပိုးပေးခြင်းဖြင့်သူတို့ရဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်း မြင့်မားလာစေဖို့နဲ့လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုမိုများပြားလာစေဖို့ဖြစ်ပါတယ်။ ဒီသင်တန်းမှာဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ အခြေခံအကြောင်းအရာအများအပြားကိုသင်ကြားပို့ချသွားမှာဖြစ်ပြီးသင်တန်းတက်ရောက်သူတွေအလုပ်အကိုင် အတွေ့အကြုံ ရရှိစေဖို့ကိုလည်းစီစဉ်ပေးသွားမှာဖြစ်ပါတယ်” ဟု NAG ၏သင်တန်းအစီအစဉ် ညှိနှိုင်းရေးမှူးဖြစ်သူကိုကြည်ဖြိုးဝေကပြောကြားပါသည်။ သင်တန်းအတွက် လျှောက်လွာပိတ်ရက် သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် စက်တင်ဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ် နောက်ဆုံးထား၍nagmyanmar.pcm@gmail.com ဖြစ်စေ၊ ဖုန်းနံပါတ် 09-966554824၊ 09-256334206 နှင့် 09-450694361~65သို့ဖြစ်စေဆက်သွယ် လျှောက်ထားနိုင်ပါသည်။NAG နဲ့ပတ်သက်၍ပိုမိုသိရှိလိုပါက https://www.facebook.com/NAGMyanmar.hq/တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor