မြန်မာနိုင်ငံ၏ အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများ စာရင်းတွင် တယ်လီနော ပါဝင်

25 January, 2018 - Yangon

  • အခွန် အရပ်ရပ်အဖြစ် ကျပ်ငွေ ၂၉၅ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး ဖြစ်

 မြန်မာနိုင်ငံတော် အစိုးရ၏ တစ်နှစ်တာ အတွင်း အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီများ စာရင်းအရ တယ်လီနော မြန်မာသည် ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး မြန်မာ နိုင်ငံတွင် အခွန်ပေးဆောင်မှု အများဆုံး နိုင်ငံတကာ ကုမ္ပဏီများအနက် တစ်ခု အပါအဝင်ဖြစ်လာကြောင်း တွေ့ရှိရပါသည်။

“နိုင်ငံသူ/သားတွေအတွက် အမှန်တကယ်လိုအပ်တဲ့အရာတွေနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်အောင် ကူညီဆောင်ရွက် ပေး ထားခြင်းအားနဲ့ စံပြုလိုက်တဲ့ အချိန်အတောအတွင်းမှာ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံတွင်းက အအောင်မြင်ဆုံး နိုင်ငံ တကာ ကုမ္ပဏီ တွေထဲ ကတစ်ခု အဖြစ် ထူထောင်ထားနိုင်ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ၀န်ဆောင်မှုတွေ ပေးအပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ မြန်မာပြည်သူ/သားတွေရဲ့ ဘ၀တွေမှာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ဆောင်ကြဉ်း ပေးနေပြီး နိုင်ငံကိုလည်း သိသာထင်ရှားတဲ့ ဘဏ္ဍာရေး ပေးအပ်မှုတွေ ပြုလုပ်ပေးနိုင်တဲ့အတွက် ကျွန်တော့ အနေနဲ့ ၀မ်းမြောက်မိပါတယ်” ဟု တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြား သည်။

တယ်လီနောသည် ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံတကာ ကုမ္ပဏီများ စာရင်းတွင် နံပါတ် ၅ နေရာ၌ ရပ်တည် ခဲ့ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် အဆိုပါ စာရင်းဇယားများ အရ တယ်လီနောသည် ထိပ်တန်း အခွန်ပေးဆောင်မှု စာရင်းတွင် ပါဝင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး အခြားသော ကော်ပရိတ် ဝင်ငွေခွန် ပေးဆောင်မှု အများဆုံး နိုင်ငံတကာ ကုမ္ပဏီ ၄ ခုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတို့မှ ဖြစ်သည်။

တယ်လီနောသည် ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းစတင် လုပ်ဆောင် သည့်အချိန်မှစ၍ ယခုအချိန်အထိ ကာလအတွင်း တယ်လီနောသည် ဝင်ငွေခွန် အဖြစ် ကျပ်ငွေ ၂၀၀ ဘီလီယံ ကျော်နှင့် ကုန်သွယ်ခွန်အဖြစ် ကျပ်ငွေ ၅၆ ဘီလီယံကျော် အသီးသီး ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် ယင်းကာလ အတွင်း အခွန် အရပ်ရပ်အဖြစ် ကျပ်ငွေ ၂၉၅ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီး ဖြစ်သည်။

“အခွန်ပေးဆောင်မှုတွေက ရရှိတဲ့ အမြတ်ငွေတွေဟာ နိုင်ငံအတွက်သာမက ပြည်သူတွေ အတွက်ပါ အလွန် အရေးပါပြီး တာဝန်သိ ကုမ္ပဏီတစ်ခု အနေနဲ့ ကျွန်တော်တို့ တယ်လီနောဟာ အစိုးရကို အခွန်ပေးဆောင်မှု အများဆုံး ကုမ္ပဏီ စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ တယ်လီနောအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းစတင် လုပ်ဆောင်တဲ့ အချိန်က စတင်ပြီး ဆက်သွယ်ရေး၀န်ဆောင်မှုကဏ္ဍအတွင်း လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စံချိန်စံညွှန်းတွေ ဖော်ဆောင် သွားနိုင်ဖို့ဆိုတဲ့ အချက်နဲ့ နိုင်ငံတစ်ဝန်း လုပ်ဆောင်နေခဲ့တဲ့ တယ်လီနောရဲ့ လုပ်ငန်းအားလုံးဟာ ပွင့်လင်းမြင်သာမှု အပြည့်အဝ ရှိရမယ်ဆိုတဲ့ ရည်သန်ချက်တွေကို အစဉ်တစ်စိုက် အလေးထား လုပ်ဆောင်နေခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်းမြင်သာရှိမှုကလည်း ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နို်င်ဖို့ အရေးကြီးတဲ့ ဖြေရှင်းချက် တစ်ခုဖြစ်ပြီး များမကြာမီ ကာလအတွင်း ဆက်သွယ်ရေးကဏ္ဍ အပါအဝင် အခြားသော လုပ်ငန်းကဏ္ဍ အသီးသီးမှာလည်း ပိုမို ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုတွေ ပြုလုပ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ကူညီဆောင်ရွက်မှု များအား စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနိုင်ခဲ့သည့်အတွက် “ဖွံ့ဖြိုးဆဲ ဈေးကွက်တွင် တစ်နှစ်တာ အကောင်းဆုံး ဝန်ဆောင်မှု ပေးအပ်သော ကုမ္ပဏီ” နှင့် “မြန်မာ့ တစ်နှစ်တာ အကောင်းဆုံး မိုဘိုင်းဝန်ဆောင်မှု ပေးအပ်သော ကုမ္ပဏီ” ဆုများ အပါအဝင် ဂုဏ်သိက္ခာ ကြီးမားသည့် နိုင်ငံတကာဆုများ အား ၂၀၁၇ ခုနှစ်အတွင်း ဆွတ်ခူးရရှိခဲ့သည်။

လက်ရှိအချိန်တွင် တယ်လီနောသည် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည့်အပြင် လာမည့်နှစ်များအတွင်း ကွန်ရက်ပိုမို ကျယ်ပြန့်လာစေရန်နှင့် ကွန်ရက် အရည်အသွေး ပိုမိုကောင်းမွန် လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ တယ်လီနောမြန်မာသည် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် ဒေတာကွန်ရက်မှ တဆင့် မြန်မာနိုင်ငံ တစ်ဝန်းမှ သုံးစွဲသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိသည်။ တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးသော ကွန်ရက် ပိုင်ဆိုင်သည့် အော်ပရေတာ တစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး သွားလာရခက်ခဲသည့် ကျေးလက်ဒေသများ အပါ အဝင် ပြည်နယ်နှင့်တိုင်း အားလုံး၌ ကွန်ရက်ဖြန့်ကျက်ထားပြီး ဖြစ်သည်။ ထို့အပြင် တယ်လီနောသည် အကာင်းမွန်ဆုံးသော 4G ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပြီး နိုင်ငံတစ်ဝန်းရှိ မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် ဖြန့်ကျက်ထားပြီး ဖြစ်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor