မလေးရှားနိုင်ငံ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထူး roaming ၀န်ဆောင်မှု အစီ အစဉ် မိတ်ဆက်

17 August, 2017 - Yangon

မလေးရှားနိုင်ငံတွင် ကျင်းပလျက် ရှိသော ၂၉ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ် ယင်းပြိုင်ပွဲတွင် ပါ၀င်ဆင်နွှဲနေကြသော တယ်လီနော သုံးစွဲသူများအတွက် အထူး roaming ၀န်ဆောင်မှု အစီအစဉ်တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ယခု၀န်ဆောင်မှုအရ မလေးရှားနိုင်ငံတွင်းရှိ တယ်လီနော သုံးစွဲသူများအနေဖြင့် ဖုန်းအ၀င်ခေါ်ဆိုမှုများကို အခမဲ့ လက်ခံပြောဆိုနိုင်မည် ဖြစ်ပါသည်။ ယင်း၀န်ဆောင်မှု အတွက် စာရင်းပေးသွင်းမှု တစ်စုံတစ်ရာ ဆောင်ရွက်ရန် မလိုအပ်ပဲ သုံးစွဲရရှိနိုင်မည် ဖြစ်ပါသည်။

မလေးရှားနိုင်ငံတွင်း လက်ရှိ ရရှိနေသော အ၀င်ဖုန်းလက်ခံမှုများအတွက် roaming ၀န်ဆောင်မှုများမှာ အခြေခံနှုန်းထား ၂၀၀ ကျပ်/မိနစ်နှင့် ‘ပြည်တွင်းနှုန်းဖြင့် အသုံးပြုနိုင်မည့် ၀န်ဆောင်မှု ပရိုမိုးရှင်း’ နှုန်းထား ၅၀ ကျပ်/မိနစ်တို့ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပါ၀င် ဆင်နွှဲနေကြသော တယ်လီနော သုံးစွဲသူများသည် ‘ပြည်တွင်း နှုန်းဖြင့် အသုံးပြုနိုင်မည့် ၀န်ဆောင်မှု ပရိုမိုးရှင်း’ ကို စာရင်းသွင်း၍လည်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း ယင်းနိုင်ငံ၏ မည်သည့်ပြည်တွင်းဖုန်းနံပါတ်ကိုမဆို ဖုန်းခေါ်ဆိုမှုများအား ၂၅ ကျပ်/မိနစ်နှုန်း နှင့် ပြုလုပ် နိုင်မည် ဖြစ်ပါသည် (ဥပမာ - မလေးရှားနိုင်ငံတွင် MAXIS၊ Celcom နှင့် digi ဖုန်းများကို ခေါ်ဆိုခြင်း)။ ယင်း ပရိုမိုးရှင်းဖြင့် မြန်မာနိုင်ငံမှ မည်သည့် ဖုန်းနံပါတ်ကိုမဆို ၁၅၀ ကျပ်/မိနစ် နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် စာတိုပေးပို့မှုအတွက် sms တစ်စောင်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ပေးပို့နိုင်ပြီး စာတိုလက်ခံမှုမှာ အခမဲ့ ဖြစ်ပါသည်။ အင်တာနက် ဒေတာအသုံးပြုခအနေနှင့် အလွန်သက်သာသည့်နှုန်းထားတစ်ခုဖြစ်သော ၈ ကျပ်/MB နှုန်းထားဖြင့် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor