နေ့စဉ်လူမှုဘ၀အတွက် WowBox app အား မြန်မာနိုင်ငံတွင် မိတ်ဆက်

30 March, 2017 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် မြန်မာနိုင်ငံရှိ တယ်လီနော သုံးစွဲသူများ၏ နေ့စဉ်လူမှုဘ၀အတွက် အထောက်အကူပြုမည့် WowBox app အား ယနေ့တွင် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ app အသုံးပြုရန်မှာ အခမဲ့ဖြစ်ပြီး ပြည်တွင်းမှအကြောင်းအရာများ၊ ပြိုင်ပွဲ အစီ အစဉ်များနှင့် အနုပညာသတင်းများကို တစ်နေရာတည်းတွင် ရယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ တယ်လီနောသုံးစွဲသူ များအား ဖေဖော်ဝါရီလမှ စတင်၍ WowBox ကို အစမ်းသုံးစွဲခွင့်ပြုခဲ့ပြီး ပြည်တွင်းတွင် တရားဝင်မိတ်ဆက်ခြင်း မပြုမီ ကတည်းက Google Play တွင် ရေပန်းစားသော app တစ်ခု ဖြစ်နေပြီ ဖြစ်ပါသည်။

ကမ္ဘာ “မြန်မာနိုင်ငံမှာ WowBox ကို အစောပိုင်းထဲက သုံးစွဲမှု မြင့်မားနေတာဟာ အသုံးပြုသူတွေရဲ့ ဒစ်ဂျစ်တယ် လူနေမှုဘဝကို ပိုမိုကောင်းမွန်စေနိုင်ဖို့ ဆိုတဲ့ တယ်လီနောရဲ့ ရည်မှန်းချက်ကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ခေတ်သစ်က အစောပိုင်းကာလမှာသာ ရှိနေသေးပေမယ့် WowBox ရဲ့ လျင်လျင်မြန်မြန် ကြီးထွားလာမှုက ဒီဒစ်ဂျစ်တယ် ကမ္ဘာထဲရဲ့ အလားအလာက အများကြီး ရှိတယ်ဆိုတာကိုလည်း ပြသနေပါတယ်”ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့သည်။

WowBox တွင် ပါသော အကြောင်းအရာအားလုံးကို မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ယခု app၌ ဖော်ပြရန် သီးသန့်ရေးသားထားသော အထူးဆောင်းပါးသစ် အနည်းဆုံး ၁၀ ပုဒ်ကို နေ့စဉ်နေ့တိုင်း ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ ယခု app တွင် နှလုံးသားရေးရာ အကြံပေးချက်များ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ဟာသများ၊ နေ့စဉ်သတင်းများနှင့် ဖက်ရှင် အလှအပဆိုင်ရာ အကြံပြုချက်များမှာ လူကြိုက်များသည့် ခေါင်းစဉ်များ ဖြစ်သည်။

“သုံးစွဲသူတွေအနေနဲ့ WowBox ကနေ တစ်ဆင့် ပြည်တွင်းသတင်းတွေနဲ့ ဖျော်ဖြေမှုဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ရရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တယ်လီနောရဲ့ ၀န်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အလွယ်တကူ လေ့လာပြီး ကလစ်တစ်ခါနှိပ်ယုံနဲ့တင် အလွယ်တကူ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟု Myrthong က ထပ်လောင်း ပြောကြားသည်။

WowBox ဆိုတာ…
WowBox သည် နေ့စဉ်လူမှုဘ၀အတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် app တစ်ခုဖြစ်ပြီး ဒေတာအသုံးပြုခ မကောက်ခံ ပဲ အခမဲ့ အသုံးပြုနိုင်မည် ဖြစ်သည်။ App တွင် မြန်မာစာဖြင့် ဖွဲ့စည်းတင်ပြထားသည့် အကြောင်းအရာများဖြင့် ဖြည့်ဆည်း ထားပြီး လက်တလော ခေတ်စားနေသည့် သတင်းများ၊ အားကစား သတင်းများ၊ ဂိမ်းများ၊ တေးသီချင်းနှင့် ရုပ်ရှင် သုံးသပ်ချက်များ၊ လူမှုဘ၀ရေးရာ ဆောင်းပါးများ၊ နှလုံးသားရေးရာ အကြံပေးချက်များ၊ အချစ်ကံ ဆန်းစစ်မှုများနှင့် အခြား အကြောင်းအရာများစွာ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ခလုတ်တစ်ချက်နှိပ်ယုံဖြင့် အင်တာနက်ဒေတာ ၀န်ဆောင်မှုများကို လွယ်ကူစွာ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် app ကို Google Playstore (http://bit.ly/wowboxmm) သို့မဟုတ် တိုက်ရိုက် link (http://bit.ly/wowboxapp)တွင် ရယူနိုင်ပါသည်။ WowBox Facebook page (https://www.facebook.com/WowBoxMyanmar/) ကို သွားရောက်ကြည့်ရှုပြီး Like လုပ်ထားခြင်း ဖြင့်လည်း စဉ်ဆက်မပြတ် အဆက်အသွယ်ပြုထားနိုင်ပါသည်။

အာရှတိုက်တွင် သုံးစွဲသူ သန်းပေါင်းများစွာ…
WowBox ကို ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် အသုံးပြုနေပြီး ဖြစ်ပြီး လက်ရှိ သုံးစွဲသူပေါင်း ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါသည်။ မကြာသေးမီအချိန်ကလည်း အဆိုပါ app တွင်ပါဝင်သည့် အကြောင်းအရာများ၊ ဒစ်ဂျစ်တယ် ဈေးကွက် ရှာဖွေရေး လှုပ်ရှားမှုများနှင့် လတ်ဆတ်ဆန်းသစ်သော ဒီဇိုင်းများကြောင့် ဆုချီးမြှင့်မှုများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင် ယခုလိုမိတ်ဆက်နိုင်ခဲ့သည့်အတွက် အဆိုပါ app သည် ပိုမိုများပြားသော အသုံးပြုသူများအား ဆွဲဆောင်နိုင်မည်ဟု မျှော်မှန်းထားပါသည်။ မြန်မာနိုင်ငံရှိ တယ်လီနောသုံးစွဲသူ ၁၉ သန်းအနက် ၇၀ ရာခိုင်နှုန်းသည် စမတ်ဖုန်း သုံးစွဲသူများ ဖြစ်ပါသည်။

Kantar TNS ၏ Connected Life စစ်တမ်းအရ အင်တာနက်ကို မိုဘိုင်းမှ တစ်ဆင့် အသုံးပြုသူ ၉၅% ရှိသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မိုဘိုင်းအဓိကအသုံးပြုမှု အမြင့်မားဆုံး ဈေးကွက်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင်း လက်ရှိ ချိတ်ဆက်အသုံးပြုနေသူများသည် မီဒီယာ ရယူအသုံးပြုမှု စုစုပေါင်းတွင် ဒစ်ဂျစ်တယ်မီဒီယာကို အသုံးပြုမှု ၅၂% ထိ ရှိနေ ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ယင်းသို့ ရယူအသုံးပြုမှုမှာ ၃၆% သာရှိသည်ဖြစ်ရာ အသုံးပြု များသည် အွန်လိုင်းမှ တစ်ဆင့် သတင်းအချက်အလက်များ ရယူမှုတွင် စိတ်ပါဝင်စားမှု မြင့်မားကြောင်းပြသနေသည်။

ပြည်တွင်းအတွက် အဓိက…
စမတ်ဖုန်းအခြေပြု app တစ်ခုဖြစ်သည်နှင့်အညီ WowBox မှတဆင့် ပြည်တွင်းရှိ အကြောင်းအရာများနှင့် ကျယ်ပြန့်သော အနုပညာသတင်းများကို တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင်မည့် အပြင် အသံနှင့် ဒေတာ၀န်ဆောင်မှုများကိုပါ တစ်နေရာ တည်းတွင် ဝယ်ယူနိုင်မည် ဖြစ်သည့်အတွက် အင်တာနက်သုံးစွဲသူ အသစ်များသာမက အတွေ့အကြုံရှိ အသုံးပြုသူများ ကိုပါ အကောင်းမွန်ဆုံး ဝန်ဆောင်မှုအား ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ အဆိုပါ app တွင် ဝယ်ယူနိုင်မည့် မြန်မာနိုင်ငံတွင် လူကြိုက်များသော data packs များမှာ ညသုံး နှင့် Facebook အတွက် ၀န်ဆောင်မှုများဖြစ်သည်။ ဝယ်ယူမှု ပိုမို များပြား လာသည်နှင့်အမျှ အသုံးပြုသူများအနေနှင့် ရမှတ်များ စုဆောင်းနိုင်မည် ဖြစ်ပြီး အဆိုပါ ရမှတ်များဖြင့် ထပ်ဆောင်း packs များအား ရရှိနိုင်မည် ဖြစ်သည်။

“ဒီ app ဟာ ပျော်ရွှင်ဖွယ်ကောင်းပြီး လူငယ်ဆန်တဲ့ လူနေမှုဘဝအတွက် ရည်ရွယ်ပါတယ်။ “အပြုံးတွေကို သယ်ဆောင် လာခြင်း” ဆိုတဲ့ app ရဲ့စိတ်ကူးစိ်တ်သန်းနဲ့ ကိုက်ညီစေဖို့အတွက် ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ အလေ့အထ အခြေပြုတဲ့ ဈေးကွက်ရှာဖွေရေးတွေကို လုပ်ဆောင်ခဲ့ပြီး လူငယ်တွေကို သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကူညီပေးနိုင်ဖို့ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ပက်သက်ပြီး လက်တွေ့ လုပ်ဆောင်နိုင်မယ့် ဖြေရှင်းချက်တွေကို ပေးအပ်နေပါတယ်။ ဒီအစီအစဉ်ဟာ အရမ်းကို လူကြိုက်များတယ်ဆိုတာကိုလည်း သက်သေပြပြီး ဖြစ်ပါတယ်။” ဟု WowBox ၏ တာ၀န်ခံဖြစ်သူ Bjørn Thorstensen က ပြောကြားခဲ့ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor