နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့

12 January, 2017 - Yangon

မြန်မာနိုင်ငံအနေနှင့် ဆက်သွယ်ရေးကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း မြန်မာနိုင်ငံ၏ မြို့တော်တွင် ယနေ့ ပြုလုပ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ပါ၀င် တက်ရောက်ဆွေးနွေးခဲ့သည့် ပညာရှင်များက အသိအမှတ် ပြု ပြောကြား ခဲ့ကြပါသည်။ ဂျပန်၊ နော်ဝေနှင့် ကာတာတို့အပါအ၀င် နိုင်ငံများမှနေ၍ နှစ်နှစ်တာကာလအတွင်း ရင်းနှီးမြုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံကျော် ပြုလုပ်ခဲ့သည့်အတွက် ဆက်သွယ်ရေးကဏ္ဍသည် မြန်မာနိုင်ငံအတွင်း တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများဆုံးကဏ္ဍများထဲမှ တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ထို့အပြင် ရလဒ်အနေနှင့် နောင်လာမည့် ၁၅ နှစ်ကျော် ကာလအတွင်း နိုင်ငံအတွင်း ခန့်မှန်းခြေ အလုပ်အကိုင် အခွင့်အလမ်းနေရာပေါင်း ၂၅၀,၀၀၀ ခန့် ဖန်တီးနိုင်ပြီး မြန်မာနိုင်ငံ၏ ဂျီဒီပီကိုလည်း ၅% ကျော် ထောက်ကူနိုင်မည်ဟု မျှော်မှန်း ထားပါသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် Myanmar Mobile Symposium သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အဖြစ် ကျင်းပ ပြုလုပ်သော အခမ်းအနားတစ်ခု ဖြစ်ပြီး GSMA ၏ ဦးဆောင်မှုဖြင့် MPT (မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း)၊ အူရီဒူးမြန်မာနှင့် တယ်လီနောမြန်မာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ ယခုဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် ကမ္ဘာတစ် ှ မ်းမှ ဆက်သွယ်ရေး ကဏ္ဍနှင့် ယင်းကဏ္ဍနှင့် ဆက်စပ် ကဏ္ဍများမှ လုပ်ငန်း အဖွဲ့အစည်းများ၊ ကိုယ်စားလှယ် စုစုပေါင်း ၂၀၀ နီးပါး ပါ၀င် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်သွယ်ရေးကဏ္ဍ အတွင်း ဆက်လက်ဖွံဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန်နှင့် မြန်မာနိုင်ငံ ပြည်သူပြည်သားများအတွက် အကျိုးရလဒ်ကောင်းများ ရရှိနိုင်စေရန် အတွက် မြန်မာနိုင်ငံ အစိုးရ အနေနှင့် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများကို ပိုမို ဆွဲဆောင် နိုင်မည့် မူ၀ါဒများကို အတည်ပြု ကျင့်သုံးမှုရှိရန်နှင့် လွယ်ကူရိုးရှင်းသည့် နည်းဥပဒေများ ချမှတ်ထားမှုရှိရန် ယခု ဆွေးနွေးပွဲက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့အပြင် ဆက်သွယ်ရေးနှင့် ICT ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားခြင်းသည် အထက်ပါ အကျိုးရလဒ်ကောင်းများအား ရရှိစေရေးအတွက် အလွန်အရေးပါပြီး မူ၀ါဒ ချမှတ်သူများ ၏ ဦးစားပေး အချက်တစ်ချက် အဖြစ် ဆက်လက်ရှိနေသင့်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ မိုဘိုင်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး အားပေးကူညီမှုတွေ ပြုလုပ်တဲ့အခါ အကျိုးရလဒ် ကောင်းတွေ ရရှိလာနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတွေက သက်သေပြနေပါတယ်” ဟု GSMA ၏ Head of Asia ဖြစ်သူ Alasdair Grant က ပြောကြားသည်။ “ပိုပြီးအရေးကြီးတာကတော့ ဒီလို အံ့အားသင့် လောက်စရာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အခုလို အကူးအပြောင်းကာလမှာ စည်းမျဉ်းချမှတ်ထိန်းသိမ်းသူတွေ၊ အော်ပရေတာတွေနဲ့ ဝန်ဆောင်မှု ပေးအပ်သူတွေအနေနဲ့ အတူလက်တွဲလုပ်ကိုင်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အနေနဲ့ တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ လုပ်ငန်းဆောင်ရွက်ပုံနည်းလမ်းတွေနဲ့အတူ အပြောင်းအလဲကိုဖော်ဆောင်နိုင်ဖို့ သန္နိဌာန်ချထားပါတယ်။ တိုးတက်လာတဲ့ ဈေးကွက်အနေအထားနဲ့လိုက်လျောညီထွေရှိတဲ့ ဥပဒေစည်းမျဉ်းတွေကလည်း အသင့်ဖြစ်နေဖို့ လိုသလို နိုင်ငံတစ်ခုလုံး အတိုင်းအတာနဲ့ အကျိုးအမြတ်တွေဖြစ်ထွန်းနိုင်ဖို့အတွက် ကဏ္ဍအစုံမှာလည်း မှန်ကန်တဲ့ အနေအထားမှာရှိနေဖို့ လိုအပ်ပါတယ်" ဟု MPT-KSGM Joint Operations ၏အမှုဆောင်အရာရှိချုပ် Toshitake Amamiya ကပြောကြားသည်။ “နောက်ဆုံးပေါ် ကွန်ရက်ချိတ်ဆက်မှုနည်းပညာတွေကြောင့် အမြန်ဆန်ဆုံးသော အင်တာနက်ကို အသုံးပြုနိုင်ခွင့်မှတစ်ဆင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံသားများရဲ့ လူမှုပတ်၀န်းကျင်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသလို မြန်မာနိုင်ငံတွင် လုပ်ငန်းသစ်များကို စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်များကို အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်စေပါတယ်။ အူရီဒူးမြန်မာအနေနဲ့ အဓိကကျအရေးပါလှတဲ့ အခြေခံအဆောက်အဦကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်မှု နဲ့ အခြားသော အဓိကကျပြီး လိုအပ်တဲ့ ဧရိယာတွေ အတွက် ငွေကြေးအပါအ၀င် အခြားသော အထောက်အပံ့များကို ကူညီပံ့ပိုးပေးပြီး “တောက်ပကောင်းမွန်သော အနာဂတ် ဆီသို့” ဦးတည် ခေါ်ဆောင်ပေးရန် ခိုင်မာတဲ့ ရည်ရွယ်ချက်ထားရှိပါတယ်” ဟု အူရီဒူးမြန်မာ၏ အမှုဆောင် အရာရှိချုပ် Rene Meza ကပြောကြားသည်။

“တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ လူ့အသိုင်းအဝန်းတွေဟာ အားကောင်းတဲ့ လူ့အသိုင်းအဝန်းတွေ ဖြစ်ပါတယ်။ လျင်လျင် မြန်မြန် ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ် ကမာ္ဘကြီးမှာ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ပြီး လူတိုင်းအတွက် အကျိုးရှိစေမဲ့ ဖွဲ့စည်းမှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ အတူလက်တွဲလုပ်ကိုင်ဖို့က မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဒစ်ဂျစ်တယ်နည်းပညာရဲ့ တန်ဖိုးနဲ့ ရရှိလာနိုင်မဲ့ အခွင့်အလမ်းတွေကို ဘယ်လိုမျိုး ဆက်လက် အသုံးပြုသွား မလဲဆိုတဲ့ အပေါ်မှာ ပါဝင်လုပ်ဆောင်သူတွေအားလုံးနဲ့ ညှိုနှိုုင်းပြောဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့် သလို ကြိုလည်းကြိုဆိုပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

TELENOR MYANMAR MEDIA CONTACTS GSMA MEDIA CONTACTS MPT MEDIA CONTACTS Ooredoo Myanmar MEDIA CONTACTS
Alex Nyi Nyi Aung (Mr.) Larry Loh (Mr.) Hay Mann Soe (Ms.) May Myo Han (Ms.)
nyinyi.aung@telenor.com.mm larryloh@gsma.com haymannsoe@mptjo.com.mm Mhan1@ooredoo.com.mm

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor