နိုင်ငံတစ် ှမ်း မြို့နယ်ပေါင်း ၅၂ခုရှိတယ်လီနောအလင်းအိမ်စင်တာများ၏ဆင်းကတ် မှတ်ပုံတင်ခြင်းသင်တန်းများအစီအစဉ်စတင်

04 February, 2017 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)သည် နိုင်ငံတစ် ှမ်းမှ တယ်လီနောသုံးစွဲသူများသတ်မှတ်ရန်အမှီဆင်းကတ်မှတ်ပုံတင်ခြင်းပြီးစီးစေရေးအထောက်အကူပြုရန် မြို့နယ်ပေါင်း ၅၂ခုရှိအလင်းအိမ်စင်တာများနှင့် ပူးပေါင်းဆောင်ရွက်လိုက်ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်ညွှန်ကြားထားပါသည်။

ဇန်န၀ါရီလကတည်းက စတင်ခဲ့သည့် အလင်းအိမ်များနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် တယ်လီနော၏ သုံးစွဲသူများအတွက် လက်ရှိဆောင်ရွက်ထားပြီး ဖြစ်သောအွန်လိုင်းနှင့် လက်လီအရောင်းဆိုင်များတွင် အဆင်ပြေလွယ်ကူစွာမှတ်ပုံတင်နိုင်ရေးလုပ်ငန်းစဉ် များကိုထပ်လောင်းအားဖြည့်မှုတစ်ခုဖြစ်ပါသည်။ အလင်းအိမ်စင်တာကိုဦးစီးလုပ်ကိုင်နေကြသူများသည် တယ်လီနောသုံးစွဲသူများကို ၎င်းတို့ကိုယ်တိုင် ဆင်းကတ် မှတ်ပုံတင် နိုင်ရန်သာမက ၎င်းတို့ရပ်ရွာရှိမိဘဆွေမျိုးမိတ်ဆွေ အပေါင်းအသင်းများကို ပြန်လည်သင်ကြားပြသပေးနိုင်ရန် အတွက်ပါ သင်ကြားပေးလျက် ရှိပါသည်။ အလင်းအိမ်စင်တာများကနေပြည်တော်နှင့် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် ဆောင်ရွက်လျက်ရှိသောသင်တန်းနေရာ၊ နေ့ရက်နှင့် အချိန်များကိုhttp://www.lighthouse.com.mm/simregistration/အင်တာနက် စာမျက်နှာတွင် လေ့လာနိုင် ပါသည်။ သင်တန်းများကိုကချင် (မြစ်ကြီးနား၊မိုးညှင်း)၊ ကယား (ဒီမောဆို)၊ မွန် (ကျိုက်ထို၊ ကျိုက်မရော၊ ဇင်းကျိုက်၊ ဘီးလင်း၊ မုဒုံ၊ သထုံ)၊ ရခိုင် (ရသေ့တောင်)၊ ရှမ်း (ဖယ်ခုံ၊ တောင်ကြီး၊ ပင်လုံ)၊ ဧရာ၀တီ (ကြံခင်း၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ မြန်အောင်)၊ စစ်ကိုင်း (ကလေး၊ ကျွန်းလှ၊ တမူး)၊ ရန်ကုန် (ကော့မှုး၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဒဂုံမြို့သစ်(မြောက်)၊ ရွှေပြည်သာ)၊ မန္တလေး (မလှိုင်၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ သပိတ်ကျင်း၊ မြစ်သား၊ စဉ့်ကိုင်၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ သာစည်၊ ပုသိမ်ကြီး)၊ မကွေး (မကွေး၊ ငဖဲ၊ ရေစကြို၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မင်းဘူး၊ နတ်မောက်၊ ပခုက္ကူ၊ ပွင့်ဖြူ)၊ ပဲခူး (ပေါက်ခေါင်း၊ ဖြုး၊ သာယာ၀တီ)၊ တနင်္သာရီ (လောင်းလုံ)နှင့် နေပြည်တော် (တပ်ကုန်း၊ ပျဉ်းမနား၊ လယေ်၀း) တို့တွင် ပြုလုပ်လျက်ရှိပါသည်။

 

တယ်လီနောသုံးစွဲသူများသည် မိမိတို့ ဆင်းကတ်မှတ်ပုံတင်ထားရှိမှု အခြေအနေကို *979*3*3# သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ ၅၀၀ သို့ REG ကိုစာတိုပို့၍ဖြစ်စေစစ်ဆေးနိုင်ပြီးဆောင်ရွက်ထားရှိမှု အခြေအနေကိုစာတိုပြန်လည် ပေးပို့ အကြောင်း ကြားပေးမည် ဖြစ်ပါသည်။ မှတ်ပုံတင်ထားမှု မရှိသေးကြောင်းအကြောင်းပြန်ပါကဆင်းကတ်များကိုအွန်လိုင်းမှ တစ်ဆင့်အခမဲ့ လွယ်ကူလျင်မြန်စွာမှတ်ပုံတင်နိုင်ပြီးသုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆိုhttp://ecaf.telenor.com.mmသို့ ဝင်ရောက်ပြီးမှတ်ပုံတင်နိုင်မည် ဖြစ်ပါသည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တစ်ဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်ပါသည်။ထို့ပြင် သုံးစွဲသူများသည်လိုအပ်သောအထောက်အထားများနှင့် verification ကုတ်နံပါတ်လက်ခံနိုင်သည့်အသုံးပြုဆဲဆင်းကတ်တို့ရှိပါကမိသားစုဝင်များ၊မိတ်ဆွေများအတွက်ပါယင်းချန်နယ်များမှ တစ်ဆင့် ကိုယ်စားမှတ်ပုံတင်ပေးနိုင်မည် ဖြစ်ပါသည်။ဆင်းကတ် မှတ်ပုံတင်ထားကြောင်းအကြောင်းပြန်စာတိုရရှိသော် လည်းဆင်းကတ်မှတ်ပုံတင်ထားသည့် နိုင်ငံသားစိစစ်ရေးအမှတ်မှာမိမိကိုင်ဆောင်သည့် အမှတ်မဟုတ်သဖြင့် မိမိကိုယ်ပိုင် အမည်ဖြင့် ပြောင်းလဲမှတ်ပုံတင်လိုပါက နိုင်ငံတစ်၀ှမ်းရှိ တယ်လီနော၏ showroom များတွင် သွားရောက် ဆောင်ရွက်နိုင်ပါသည်။ အမည်ပြောင်းလဲခြင်းကိုအွန်လိုင်းမှ ဆောင်ရွက်နိုင်ပါကထပ်မံအကြောင်းပေးပါမည်။

 

ဆင်းကတ်များကိုမှတ်ပုံတင်ရန် နောက်ဆုံးရက်မှာ ၂ လ ပင် မ ေးကွာတော့ပဲမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်သက်ဆိုင်ရာဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများမှပေးအပ်ထားသောမိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံတင်ပြီးမှသာ၀န်ဆောင်မှုများ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor