တိုင်းရင်းသားဒေသများရှိ ကျောင်းသားလူငယ်များ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုတတ်စေရန် တယ်လီနောက ဆောင်ရွက်

03 February, 2017 - Yangon

  • ပြည်နယ်အလိုက် ဆက်ဆံရေး အရာရှိများ (State Liaison Officers – SLO) က ေးလံခေါင်ဖျားသော နေရာများရှိ အကျိုးခံစားခွင့်နည်းသော လူမှုအသိုင်းအဝိုင်းများကို သွားရောက် ဟောပြောဆွေးနွေးမည်ဖြစ်သည်။

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် တိုင်းရင်းသားဒေသများရှိ ေးလံခေါင်ဖျားသောနေရာများတွင် နေထိုင်သည့် အကျိုးခံစားခွင့်နည်းသော လူမှုအသိုင်းအ၀ိုင်းများကို ဘေးကင်း လုံခြုံသည့် အင်တာနက် အသုံးပြုမှုများအကြောင်း လိုက်လံဟောပြောသွားမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ဆောင်ရွက်မည့် အဆိုပါ လုပ်ငန်းစဉ်တွင် အင်တာနက်ကို ဘေးကင်းလုံခြုံစွာအသုံးပြုစေရန် နှင့် အွန်လိုင်းမှ တဆင့်ရရှိနိုင်သည့် အခွင့်အလမ်း များကို အပြည့်အ၀အသုံးချနိုင်စေရန် စသည်တို့ကိုအဓိကထား ဟောပြောသွားမည်ဖြစ်သည်။

“ဒီကျေးလက်ဒေသတွေကို ရောက်ဖို့ ကျွန်တော်တို့ရဲ့ နည်းလမ်းကတော့ သေချာလေ့ကျင့်သင်ကြားပေးထားတဲ့ ပြည်နယ်အလိုက် ဆက်ဆံရေးအရာရှိတွေကနေ တဆင့် ဖြစ်ပါတယ်။ သူတို့တွေက ပြည်တွင်းတိုင်းရင်းသား လူမျိုးတွေ ဖြစ်ပြီးတော့ တိုင်းရင်းသား ဘာသာစကားတွေကို ပြောဆိုနိုင်ပါတယ်။ ဒါမှလည်း မတူညီတဲ့လှုမှုအသိုင်းအ၀ိုင်းအမျိုးမျိုး ကိုပြောဆိုဆက်ဆံနိုင်မှာဖြစ်ပါတယ်။ ’ဘေးကင်းလုံခြုံတဲ့ အင်တာနက် အသုံးပြုမှု’ ဆိုတဲ့ အကြောင်းအရာတွေကိုလည်း သူတို့က ကောင်းကောင်းနားလည်သဘောပေါက်နေတဲ့လူတွေဖြစ်ပါတယ်။ အကျိုးခံစားခွင့်နည်းတဲ့ ကျေးလက်က လူမှု အသိုင်းအ၀န်းက လူတွေရဲ့ လူမှု စီးပွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာအောင် ပညာပေးမြှင့်တင့်မှုတွေပြုလုပ်တဲ့အခါမှာ ဒီဆက်ဆံရေးအရှာရှိတွေက အရေးကြီးတဲ့ ကဏ္ဍကနေ ပါ၀င်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာမှ Head of Business Sustainability ဖြစ်သူ ကိုမင်းသူကပြောသည်။

လက်ရှိတွင် တယ်လီနောအနေဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်း နှင့် တောင်ပိုင်း)တို့တွင် ပြည်နယ်အလိုက် ဆက်ဆံရေးအရာရှိ(၈) ယောက်ခန့်အပ်ထားပြီး ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးသင်တန်းများကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံ၊ ရွာလွတ်၊ မူးရစ်ကလေး၊ ကမာကေး နှင့် မုဒွန်း စသည့် (၅) နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

တယ်လီနော၏ ‘ဘေးကင်းသည့် အင်တာနက်အသုံးပြုမှု’ သင်တန်းများတွင် ပညာရေးနှင့်ပတ်သက်သည့် အင်တာနက်၏ အကျိုးကျေးဇူးများ၊ အချက်အလက်များခိုးယူခံရခြင်း၊ ဒစ်ဂျစ်တယ်အနိုင်ကျင့်မှုများ၊ အင်တာနက် အခြေပြု လိင်ခေါင်းပုံဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာတိုများပေးပို့မှုများ၊ အမုန်းစကားများ ဖြန့်ဖြူးခြင်း စသည်အွန်လိုင်းပေါ် တွင် ကြုံတွေ့နိုင်ရသော ဘေးအန္တရယ်ဖြစ်နိုင်ချေများကိုဟောပြောခြင်းများအပါအ၀င် အွန်လိုင်းတွင် လုံခြုံစိတ်ချစွာ မည်သို့နေထိုင်နိုင်မည်ဆိုသော အချက်အလက်များပါ၀င်သည်။

 

တယ်လီနောအနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း လူဦးရေ အနည်းဆုံး ၅၀,၀၀၀ ကို ‘ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု’ နှင့်ပက်သက်မှုများအကြောင်း အသိပညာပေးနိုင်ရန် ရည်ရွယ်ထားရာ ပြည်နယ်အလိုက် ဆက်ဆံရေး အရာရှိများမှ တဆင့် ဆောင်ရွက်မှုများသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

၂၀၁၆ ခုနှစ်တွင် တယ်လီနော အနေနှင့် စာသင်ခန်းများနှင့် လူမှုပတ်ဝန်းကျင်များမှ ကလေးသူငယ်များ၊ လူငယ်များနှင့် မိဘများ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ ကိုအလင်းအိမ်စင်တာများမှ စွန့်ဦးတီထွင်သူများနှင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ စာသင်ကျောင်းများ စသည် မတူညီသည့် လမ်းကြောင်းများမှ တဆင့် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုနှင့် ပက်သက်၍ အသိပညာပေးမှုများ ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် တယ်လီနောအနေဖြင့် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုနှင့် ပက်သက်သော လမ်းညွှန်စာအုပ် ၁,၅၀၀ ကျော်ကိုလည်း ဖြန့်ဖြူးပေးခဲ့သည်။


ကိုမင်းသူမှ ဆက်လက်၍ “တယ်လီနောကနေ မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းအရဆိုရင် အင်တာနက် အသုံးပြု သူတွေ၊ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်တွေအနေနဲ့ အင်တာနက်ရဲ့ အကျိုးအပြစ်တွေကို နားလည် သဘော ပေါက်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိနိုင်ပါတယ်။ တဖက်မှာလည်း ေးလံခေါင်ဖျားတဲ့နေရာတွေမှာ ဒီသင်တန်းတွေကို ပို့ချမယ်ဆိုရင် မြို့ပြနဲ့ ကျေးလက်ကြားက ဒစ်ဂျစ်တယ် နဲ့ရင်းနှီးကျွမ်း၀င်မှု ကွာဟချက်နူန်းကို လျှော့ချပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ဒီ့ထက် များပြားတဲ့ လူတွေဆီကိုလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောနိုင်ဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ဆက်လက် ရှာဖွေသွားဖို့ရှိပါတယ်။” ဟုပြောသည်။


လက်ရှိတွင် တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်နေသော ဒေတာကွန်ရက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ ေ၀းလံခေါင်ဖျားသောနေရာများတွင် ၀န်ဆောင်မှုများပေးလျှက်ရှိသည်။ မြန်မာနိုင်ငံ ရှိ မြို့နယ် စုစုပေါင်း၏ ၉၀ ရာခိုင်နူန်းကျော်ကို ကွန်ရက်လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။ တယ်လီနောအနေဖြင့် လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ၉၀% သို့ မိုဘိုင်းချိတ်ဆက်မှုကို ပေးအပ်သွားရန် ကတိပြုထားပြီး ဖြစ်နိုင်ချေရှိသည့် သုံးစွဲသူ ၃၀ ရာခိုင်နူန်းကျော်မှာ တိုင်းရင်းသားဒေသများတွင်ရှိသည်။

*ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုနှင့် ပက်သက်သော လမ်းညွှန်စာအုပ်များအား http://bit.ly/TelenorSafeInternet မှတဆင့် ရယူနိုင်ပါသည်။

 


မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor