တယ်လီနော4G ကွန်ရက် မိတ်ဆက်ခြင်း မြို့ ၆ မြို့တွင် ယခုသီတင်းပတ်အတွင်း ပြုလုပ်

14 February, 2017 - Yangon

  • မြန်မာ့ အကြီးမားဆုံး4G ကွန်ရက်တစ်ခုအဖြစ် ရပ်တည်
  • မြန်မာနိုင်ငံရှိအဓိက မြို့ ၁၇ မြို့တွင် 4G ကွန်ရက် လွှမ်းခြုံပြီး ဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) ၏ 4G ကွန်ရက်မိတ်ဆက်မှု အစီအစဉ်များကို မြို့ ၆ မြို့တွင် ဖေဖော်၀ါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။ တယ်လီနော၏ 4G ကွန်ရက်သည် မြို့ကြီး ၁၇ မြို့တွင် ဖြန့်ကြက်ထားပြီးဖြစ်ပြီးယင်းမြို့များအနက်မှ မကွေးတိုင်းဒေသကြီးရှိတောင်တွင်းကြီးမြို့၊ အောင်လံမြို့နှင့် ပခုက္ကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးရှိမုံရွာမြို့၊နေပြည်တော်ရှိလယေ်၀းမြို့နှင့် ပျဉ်းမနားမြို့တို့ရှိတယ်လီနောသုံးစွဲသူများနှင့် 4Gကွန်ရက် မိတ်ဆက်ခြင်းကိုယခုသီတင်းပတ်အတွင်းဆောင်ရွက်ခြင်း ဖြစ် ပါသည်။

ဖေဖော်၀ါရီလ ၁၃ ရက်နေ့တွင် တောင်တွင်းကြီးမြို့နှင့် ဖေဖော်၀ါရီလ ၁၄ ရက်နေ့တွင် အောင်လံမြို့တို့၌့4G ကွန်ရက် မိတ်ဆက်မှု အစီအစဉ်ကျင်းပခဲ့ပြီးR ဇာနည်၊ ဟဲလေး၊ တင်ဇာမော်၊ ပိုပို၊ အိမ့်ချစ်၊ ဇေယျာ နှင့် အခြားအနုပညာရှင်များပါ အားဖြည့် ဖျော်ဖြေခဲ့ကြကာတယ်လီနောဝန်ထမ်းများကလည်းတယ်လီနော၏ဝန်ဆောင်မှုများကိုအသုံးပြုသူများနှင့် ဖြန့်ချီရောင်းချသူများသိရှိစေရန် အတွက် မြို့နေရာ အနှံ့အပြားတွင် လိုက်လံရှင်းလင်းပြောကြားခဲ့ကြပါသည်။ထို့အပြင် တယ်လီနော မှ ဆင်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်ပေးခြင်း၊ တယ်လီနောသုံးစွဲသူများအတွက်လိုအပ်သည့် Facebook၊Viberနှင့် My Telenor စသည့်App များထည့်သွင်းပေးခြင်းနှင့် လူမှုကွန်ရက်များကိုသုံးစွဲရန်ကိုယ်ပိုင်အကောင့်ဖွင့်လှစ်ပေးခြင်းများကိုအခမဲ့ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အတူတယ်လီနောက နိုင်ငံတစ်၀ှမ်းကျင်းပနေသည့် ဆင်းကတ် မှတ်ပုံတင်နေ့များကိုပိုမိုထိရောက်စေရန် တယ်လီနောဝန်ထမ်းများကမှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကိုရှင်းပြခဲ့ပြီးအသုံးပြုသူများချက်ခြင်းမှတ်ပုံတင် သွင်းနိုင်ရန် ကူညီပေးခဲ့ကြပါသည်။ယင်းအစီအစဉ်များကို 4G မိတ်ဆက်မှု ကျင်းပသည့် မြို့များတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်လည်း ဖြစ်ပါသည်။

 

အလားတူ 4G ကွန်ရက် မိတ်ဆက်ခြင်းအစီအစဉ်များကိုမွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့တို့တွင် ဇန်န၀ါရီလကုန်ပိုင်းက ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ တယ်လီနော၏ 4G ရရှိနေပြီး ဖြစ်သောကျန်မြို့များမှာပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့၊ပဲခူးမြို့၊ တောင်ငူမြို့၊ တင်္နသာရီတိုင်းဒေသကြီးရှိ မြိတ်မြို့နှင့်ထား၀ယ်မြို့၊ရခိုင်ပြည်နယ်ရှိစစ်တွေမြို့၊နေပြည်တော်ရှိဒက္ခိဏသီရိမြို့၊ ဥတ္တရသီရိမြို့နှင့် ပုဗ္ဗသီရိမြို့တို့ ဖြစ်ကြပါသည်။

တယ်လီနောသည် ၂၀၁၆ ခုနှစ် ဇူလိုင်ကကတည်း က စတင်၍ မြန်မာ နိုင်ငံတွင် 4G ၀န်ဆောင်မှုများကိုစတင် ပေးအပ် ခဲ့ကာယခုအခါ မြန်မာနိုင်ငံတွင် အကြီးမားဆုံး 4G ကွန်ရက်ကို ဖြန့်ကြက် ထားနိုင်ပြီး ဖြစ်ပြီးထပ်မံ၍လည်း 4G ကွန်ရက် ကိုဆက်လက်တိုးချဲ့သွားမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor