တယ်လီနော သုံးစွဲသူများ အတွက် ‘ကွက်တိ’ အစီအစဉ်အား မိတ်ဆက်

08 June, 2017 -

  • သုံးစွဲသူများသည်အဆိုပါ အစီအစဉ်အား *979*1# အားဖုန်းခေါ်ဆို၍ဖြစ်စေ၊ MyTelenor App မှတစ်ဆင့်ဖြစ်စေ ရယူနိုင်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများ အားလုံးအတွက် အဆန်းသစ်ဆုံးနှင့် ကိုက်ညီမှု အရှိဆုံး ဝန်ဆောင်မှုများအား ပေးအပ်နိုင်ရန် ဟူသော ကုမ္ပဏီ၏ ရည်သန်ချက်အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေနှင့် ဝန်ဆောင်မှု အသစ် တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

ယခု ပရိုမိုးရှင်းကို ဇွန်လ ၅ ရက်နေ့မှစကာ ရက်ပေါင်း ၉၀ အတွင်း သုံးစွဲနိုင်မည် ဖြစ်ပြီး တယ်လီနော သုံးစွဲသူ အားလုံးသည် တယ်လီနော ဖုန်းနံပါတ် အချင်းချင်း ခေါ်ဆိုမှုအတွက် အကောင်းမွန်ဆုံး နှုန်းထားတစ်ခု ဖြစ်သော တစ်မိနစ်လျှင် ၅ ကျပ်သာ ကျသင့်မည့် ‘ကွက်တိ’ အစီအစဉ်သစ်အား စာရင်းပေးသွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

“‘ကွက်တိ’ဟာ အသုံးပြုသူများရဲ့ လိုအပ်ချက်တွေကို အကောင်းမွန်ဆုံးနဲ့ ကွက်တိ ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး တယ်လီနော ကနေ ပေးအပ်လိုက်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ ‘ကွက်တိ’ အစီအစဉ်ရဲ့ အံ့အားသင့်ဖွယ် အကျိုး ကျေးဇူး တစ်ခုကတော့ တယ်လီနော အသုံးပြုသူတွေ အနေနဲ့ အခကြေးငွေ အနည်းငယ်သာ အသုံးပြုပြီး ဖုန်းခေါ် ဆိုခွင့် မိနစ် အများကြီး ရရှိနိုင်မယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူတွေ အနေနဲ့ ပိုမိုစိတ်လှုပ်ရှား စရာကောင်းတဲ့ အစီအစဉ်တွေကို ရယူနိုင်ဖို့အတွက် အထူးနံပါတ်တစ်ခု ဖြစ်တဲ့ *979*1# ကို ပုံမှန် စစ်ဆေးသုံးစွဲနေဖို့ တယ်လီနော အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီအစီအစဉ်က အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ အသုံးပြုနိုင်စွမ်း တွေအပေါ်မူတည်ပြီး လိုက်လျောညီထွေမှုရှိတဲ့ ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအသုံးပြုမှု တွေကို ပေးအပ်နိုင်ဖို့ တယ်လီနော ကနေ ပထမဦးစွာ စတင်လိုက်တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ရှေ့ဆက် ပြီးတော့လည်း ဈေးနူန်းချိုသာပြီး တီထွင် ဆန်းသစ်မှုရှိတဲ့ ၀န်ဆောင်မှုတွေကို သုံးစွဲသူတွေအတွက် တယ်လီနော က ဆက်လက် မိိတ်ဆက်ပေးသွားမှာဖြစ်ပါ တယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong ကပြောကြားသည်။

 

တယ်လီနော သုံးစွဲသူများသည် အဆိုပါ အစီအစဉ်အား *979*1# အားဖုန်းခေါ်ဆို၍ဖြစ်စေ၊ MyTelenor App မှဖြစ်စေ ရယူနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေနှင့် ၎င်းတို့ အသုံးပြုလိုသည့် မိနစ်အရေအတွက်အလိုက် ‘ကွက်တိ’ အစီအစဉ်အား စာရင်းပေးသွင်းနိုင်မည် ဖြစ်ပြီး အဆိုပါ မိနစ်အရေအတွက်အလိုက် ကျသင့်ငွေအား မူလ ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်အား ရယူရာတွင် အခွန်ပေးဆောင်မှုပါ ပါဝင်ပြီးဖြစ်ပြီး ကြိုတင်ငွေပေးချေမှုစနစ် (prepaid) အသုံးပြုသူများသာ ရယူနိုင်မည် ဖြစ်ပါသည်။

‘ကွက်တိ’ အစီအစဉ်အား တစ်ကြိမ်စာရင်းပေးသွင်းလျှင် တစ်ရက်ကြာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများ အနေနှင့် တစ်ရက်အတွင်း အဆိုပါ အစီအစဉ်အား တစ်ကြိမ်ထက် ပိုမိုပြီး အကန့်အသတ်မရှိပဲ ဝယ်ယူနိုင်မည် ဖြစ် သော်လည်း တစ်နေ့တာအတွင်း မည်သည့် အချိန် ၀ယ်ယူသည်ဖြစ်စေ ဝယ်ယူသည့်နေ့၏ ၂၃:၅၉:၅၉ နာရီအထိသာ အဆိုပါ အစီအစဉ်အား အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ‘ကွက်တိ’ အစီအစဉ်သည် သက်တမ်းကုန်ဆုံးချိန်တွင် အလို အလျောက် သက်တမ်းတိုးမည် မဟုတ်ပဲ အသုံးပြုသူများအနေနှင့် ဝန်ဆောင်မှုအား ဆက်လက်ရယူနိုင်ရန် စာရင်း ထပ်မံပေးသွင်းရမည် ဖြစ်ပါသည်။

တစ်မိနစ်လျှင် ၉ ကျပ်သာ ကျသင့်သည့် T99 ကဲ့သို့သော တယ်လီနော အသုံးပြုသူများ ကြိုက်နှစ်သက်သည့် အခြား ဖုန်ခေါ်ဆိုမှု အစီအစဉ်များအားလည်း ဆက်လက်စာရင်းပေးသွင်းနိုင်မည် ဖြစ်ပြီး အသုံးပြုသူများအနေနှင့် ‘ကွက်တိ’ နှင့် T99 အစီအစဉ် နှစ်ခုလုံးအား စာရင်းပေးရယူထားပါက ‘ကွက်တိ’ အစီအစဉ်အတွက် ကျသင့်ငွေအား ဖုန်းလက်ကျန်ငွေမှ ဦးစွာ ဖြတ်တောက်သွားမည် ဖြစ်သည်။ အသုံးပြုသူများ ကြိုက်နှစ်သက်သည့် အခြားသော အစီအစဉ်များတွင် တယ်လီနောနံပါတ် အချင်းချင်း ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၈ ကျပ်နှင့် အခြား အော်ပရေတာ နံပါတ်များအား ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်ကျသင့်သည့် ‘စူပါပွား’ အစီအစဉ်လည်း ပါဝင်သည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor