တယ်လီနော လက်လီအရောင်းဆိုင်များအတွက် ချီးမြင့်ပွဲ ကျင်းပ

11 June, 2017 -

  • ရောင်းအား ကောင်းမွန်သည့် လက်လီအရောင်းဆိုင်များကို ဂုဏ်ပြုနိုင်ရန် ရှယ်ရောင်း ရှယ်ရ အစီအစဉ်ကို ပြုလုပ် ခြင်းဖြစ်

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏ ရှယ်ရောင်း ရှယ်ရ အစီ အစဉ်တွင် ပါ၀င်ခဲ့ပြီး ဆုရရှိကြသော လက်လီအရောင်းဆိုင်ပိုင်ရှင်များအား ဆုချီးမြှင့်ပွဲကို ဇွန်လ ၉ ရက်နေ့က ကျင်းပ ခဲ့ပါသည်။ ရှယ်ရောင်း ရှယ်ရ အစီအစဉ်ကို ရောင်းအား ကောင်းမွန်သည့် လက်လီအရောင်းဆိုင်များကို ဂုဏ်ပြုနိုင်ရန် စီစဉ် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

အစီအစဉ်၏ grand prize ဆုဖြစ်သော မော်တော်ကားဆုကို တယ်လီနော ဈေးကွက်စတင်ချိန်ကတည်းက လက်လီ ရောင်းချခဲ့သော ရန်ကုန်မြို့မှ ဦးခင်မောင်လွင်က ရရှိခဲ့ပါသည်။ ရှယ်ရောင်း ရှယ်ရ အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ က စတင် မိိတ်ဆက်ခဲ့ပြီး မော်တော်ဆိုင်ကယ်များ၊ ရွှေစင်ရွှေပြားများ၊ စမတ်ဖုန်းများ၊ တီဗွီများနှင့် လေအေးပေးစက် များ အပါအ၀င် ဆုပေါင်း ၃၅၀၀၀၀ ကျော်ကို ယခုအချိန်အထိ လက်လီဆိုင်များ ချီးမြင့်ခဲ့ပြီး ဖြစ်ပါသည်။

“တယ်လီနောရဲ့ လက်လီအရောင်းဆိုင်ရှင်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ တယ်လီနောရဲ့ ၀န်ဆောင်မှုတွေကို မြန်မာ နိုင်ငံမှာ စတင်မိတ်ဆက်ပြီး မကြာမတင်မှာပဲ ဒီ ရှယ်ရောင်း ရှယ်ရ အစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ ဒီအစီအစဉ်ကို ခြောက်ကြိမ်မြောက် ကျင်းပနိုင်တာ ဖြစ်ပါတယ်။ နိုင်ငံတစ်၀ှမ်းက သုံးစွဲသူတွေဆီကို တယ်လီနောရဲ့ ၀န်ဆောင်မှုတွေ အရောက်ပို့နိုင်ဖို့ရာ လက်လီအရောင်းဆိုင်တွေက အခရာကျတဲ့ ကဏ္ဍက ပါ၀င်နေ ပါတယ်။ ဒီဆိုင်တွေရဲ့ တယ်လီနောနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှု အနေအထားတွေကိုလည်း ကျနော်တို့အနေနဲ့ အားရကျေနပ်မိပါတယ်”ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin E Myrthong က ပြောကြား သည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် နိုင်ငံတစ်၀ှမ်းလုံး ဖြန့်ကြက်ရောက်ရှိသည့် ဖြန့်ချီရေးပုံစံတစ်ခုကို ဦးစွာ မိ်တ်ဆက် နိုင်ခဲ့ပြီး တယ်လီနော၏ လက်ရှိ ဖြန့်ချီရေးကွန်ရက်တွင် ဖြန့်ချီရေး ကိုယ်စားလှယ် ၂၂၀ ကျော်နှင့် လက်လီ အရောင်း ဆိုင်ပေါင်း ၁၀၀၀၀၀ ခန့် ပါ၀င်နေပြီ ဖြစ်ပါသည်။ တယ်လီနော မြန်မာ၏ ဖြန့်ချီရေးနှင့်ဆိုင်သည့် ဗျူဟာမှာ မြန်မာ နိုင်ငံတစ်၀ှမ်း နေရာတိုင်းရှိနေစေရေးနှင့် တယ်လီနော ကွန်ရက် လွှမ်းခြုံသည့် နေရာတိုင်းတွင် ကုမ္ပဏီ၏ ၀န်ဆောင်မှု များကို ရရှိသုံးစွဲနိုင်နေစေရေး ဖြစ်ပါသည်။ တယ်လီနော၏ ဖြန့်ချီရေး ကွန်ရက် တစ်စိတ်တစ်ပိုင်းအဖြစ် လက်လီ အရောင်းဆိုင်များနှင့် သုံးစွဲသူများကို ၀န်ဆောင်မှုများ ပေးအပ်နိုင်ရန် မြန်မာနိုင်ငံတစ်၀ှမ်းရှိ ၃၃၀ သော မြို့နယ် အားလုံးတွင် မြို့နယ်တစ်ခုကို mini-cluster တစ်ခုအဖြစ် သတ်မှတ်ပြီး ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

တယ်လီနောသည် အရည်သွေးကောင်းမွန်ပြီး ဈေးနှုန်းမျှတသော အသံနှင့် အင်တာနက်၀န်ဆောင်မှုများကို မြန်မာ နိုင်ငံ တစ်၀ှမ်းရှိ သုံးစွဲသူပေါင်း ၁၉ သန်းခန့်အား ပေးအပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ အကြီး မားဆုံးနှင့် အလျင်မြန်ဆုံး ကြီးထွားနေသော တယ်လီနောသည် ကွန်ရက်သည် တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနှင့် နေပြည်တော် တို့ကို လွှမ်းခြုံထားပြီး ဖြစ်ပြီး နိုင်ငံတစ်၀ှမ်း မြို့နယ်စုစုပေါင်း၏ ၉၀% ကျော်ကိုပါ ကွန်ရက် လွှမ်းခြုံ ထားပြီး ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor