တယ်လီနော၏ 4G/LTE ၀န်ဆောင်မှုများကို မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုးချဲ့ ပေးအပ်

23 June, 2017 -

  • တယ်လီနော4G/LTEကွန်ရက်ဖြင့် ‘အ၀ိုင်းမလည်တော့ပါ’ တစ်နည်း Loading အတွက် အချိန်မစောင့်ရတော့ပါ
  • လာမယ့်လများအတွင်း 4G/LTE၀န်ဆောင်မှုများကို ပိုမိုများပြားသည့် မြို့ကြီးများနှင့်မြို့ပြများတွင်တိုးချဲ့ ပေးအပ် သွားမည်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ကုမ္ပဏီ၏ စစ်မှန်သော4G/LTE ၀န်ဆောင်မှုများကို ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်ကအောင်မြင်စွာမိတ်ဆက်ပြီးနောက်ဆက်တွဲအဖြစ် ယင်း၀န်ဆောင်မှုများကို မြန်မာနို်င်ငံမြောက်ပိုင်းကချင်ပြည်နယ် မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့နှင့်အတူ ၀ိုင်းမော်မြို့တွင် ပါ ယနေ့မှစ၍ တိုးချဲ့ ပေးအပ်လိုက်ပြီ ဖြစ်ပါသည်။

“တယ်လီနောသုံးစွဲသူတွေအနေနဲ့ သာလွန်အကောင်းမွန်ဆုံးသုံးစွဲမှုအတွေ့အကြုံတွေ ရရှိစေဖို့ အခုလို4G/LTE ၀န်ဆောင်မှုတွေကို ပေးအပ်နိုင်တဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ၀န်ဆောင်မှုတွေကို အခုလိုတိုးချဲ့ ပေးအပ်နိုင်တာဟာထူးခြားဆန်းသစ်တဲ့ ၀န်ဆောင်မှုတွေကို သုံးစွဲသူတွေ ဘယ်နေရာမှာနေနေရရှိသုံးစွဲနိုင်စေရေးဆိုတဲ့ ကျနော်တို့ရဲ့ ကတိက၀တ်ကို ဖြည့်ဆည်းပေးမှု တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေအနေနဲ့ အခုဆိုရင် သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယိုတွေကိုအပြတ်အတောက်မရှိချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကိုအထစ်အငေါ့ကင်းကင်းကစားနိုင်မှု၊ လူမှု ကွန်ရက် တွေကိုအကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်းတည်ငြိမ်တဲ့ ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါ၀င်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကိုရရှိခံစားနိုင်ပါပြီ” ဟုတယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

 

ယခုကဲ့သို့ ၁၈၀၀MHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုပြီး ၀န်ဆောင်မှုများကို တိုးချဲ့ပေးအပ်နို်င်မှုကြောင့် တယ်လီနောသည် မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်တွင် 4G/LTE ၀န်ဆောင်မှုများကိုပထမဆုံးပေးအပ်နိုင်သော ဆက်သွယ်ရေး၀န် ဆောင်မှု ကုမ္ပဏီတစ်ခု ဖြစ်လာပြီ ဖြစ်ပါသည်။တယ်လီနောသည် တာ၀ါတိုင်ပေါင်း ၂၆၀ ကျော်ဖြင့် ကချင် ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၁၅ ခုကိုကွန်ရက်လွှမ်းခြုံထားပြီး ဖြစ်ပါသည်။

အထိမ်းအမှတ်ပွဲမြစ်ကြီးနားတွင် ဆင်နွှဲ


မြန်မာနိုင်ငံမြောက်ပိုင်းတွင် 4G/LTE ၀န်ဆောင်မှုများကို စတင်သည့် အထိမ်းအမှတ်အဖြစ် ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်သည် ၀န်ထမ်းများနှင့်အတူသုံးစွဲသူများ၊ ရောင်းချသူများနှင့် တွေ့ဆုံကာ ၀န်ဆောင်မှုများကို ရှင်းလင်းမိတ်ဆက်ခြင်းနှင့် ၎င်းတို့၏ အကြံပြုချက်များကိုရယူခြင်းကိုဇွန်လ၂၃ရက်နေ့တွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့အနှံ့ ပြုလုပ်ခဲ့ ပါသည်။ ထို့ပြင် တယ်လီနော 4G/LTE ၀န်ဆောင်မှု စတင်ခြင်းအထိမ်းအမှတ်အဖြစ် အာဇာနည်၊ ဇေယျ၊ အယ်လ်ဆိုင်းဇီ နှင့် မိုင်းမိုင်ဆ-- တို့ပါ၀င်သော နိုင်ငံကျော် အနုပညာရှင်များကသီဆိုဖျော်ဖြေမှုများကိုယင်းနေ့ ၆ နာရီမှ ၈နာရီအထိ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ပါသည်။

တယ်လီနော 4G ကွန်ရက်မှ တစ်ဆင့် Pyone Play တွင် အခမဲ့ ကြည့်ရှုခွင့်


4G/LTE ၀န်ဆောင်မှုများကို တိုးချဲ့ ပေးအပ်သည့် အထိမ်းအမှတ်အဖြစ် တယ်လီနောသုံးစွဲသူများသည် 4G ကွန်ရက်ကိုအသုံးပြု ကာPyonePlayတွင် ဗီဒီယိုများကို ၇ ရက်အထိအခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ Pyone Play သည် အွန်လိုင်းဗီဒီယိုများကို ကြည့်ရှုနိုင်သည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီးယင်းမှတစ်ဆင့် MRTV-4 နှင့် Channel-7 တို့မှ ထုတ်လွှင့်သည့် ပြသ ပြီးနှင့် တို်က်ရိုက် အစီအစဉ်များကို ကြည့်ရှုနိုင်ပါသည်။

တယ်လီနော 4G/LTE သုံးစွဲသူများသည် 444 သို့ 4G ကိုစာတိုပေးပို့ကာယခုအခမဲ့ ၀န်ဆောင်မှုကို ရယူနိုင်ပါသည်။ စာရင်းပေးသွင်းမှု အောင်မြင်ပါကတစ်ရက်လျှင် ၃၀၀MB အခမဲ့ဒေတာကို ၇ ရက်တိတိဆက်တိုက် ရရှိအသုံးပြုနိုင်မည် ဖြစ် ပါသည်။ အခမဲ့ဒေတာကိုဇူလိုင်လ ၁၆ ရက်နေ့အထိရယူနိုင်မည် ဖြစ်ပြီးသုံးစွဲသူများအနေဖြင့် တစ်ကြိမ်သာရယူခံစားခွင့်ရှိမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်


တယ်လီနောသည် မြန်မာနိုင်ငံ၏အကြီးမားဆုံးမိုဘိုင်းကွန်ရက်ကြီးကိုတည်ထောင်ထားပြီးဖြစ်ကာ ပြီးခဲ့သည့် ၁၀ လ အတွင်းကယားနှင့်ချင်းမှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်အပါအ၀င် နိုင်ငံ တစ်၀ှမ်းရှိ မြို့ကြီး ၂၅ မြို့တွင် 4G ၀န်ဆောင်မှုများကို ပေးအပ်နေပြီ ဖြစ်ပါသည်။

တယ်လီနောသည် လက်ရှိတွင် တာ၀ါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးတိုးတက်လျက်ရှိသောအင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိသုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။

 

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor