တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုအား မြို့ကြီးပေါင်း ၂၉မြို့သို့ တိုးချဲ့ပေးအပ်

17 October, 2017 - Yangon

  • မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G/LTE ကွန်ရက်တစ်ခုဖြစ်
  • ၂၀၁၇ ခုနှစ်အတွင်းတွင် အခြားသော မြို့ကြီးများသို့လည်း ဆက်လက်တိုးချဲ့ သွားမည်

တယ်လီနော သုံးစွဲသူများအား အကောင်းဆုံး ၀န်ဆောင်မှု အတွေ့ အကြုံများ ရရှိစေရန် ရည်သန်ထားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တယ်လီနော မြန်မာ၏ 4G/LTE ကွန်ရက်ကို မြို့ကြီးပေါင်း ၂၉ မြို့တွင် တိုးချဲ့ လွှမ်းခြုံထားပြီး ဖြစ်ပါသည်။ ကွန်ရက်ကို နောက်ဆုံးတိုးချဲ့ထားသော မြို့များမှာ အောက်တိုဘာလဆန်း တွင် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် စက်တင်ဘာလအတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးနှင့် တမူးမြို့တို့ ဖြစ်ပါ သည်။

“အပြတ်အတောင်းကင်းတဲ့ ဗီဒီယိုတွေကြည့်ဖို့ သီချင်းတွေ နားထောင်ဖို့နဲ့ တည်ငြိမ်ကောင်းမွန်တဲ့ အင်တာနက်နဲ့ ဂိမ်းအတွေ့အကြုံတွေ ရရှိဖို့ တောင့်တနေတဲ့ တယ်လီနော သုံးစွဲသူအားလုံးအတွက် 4G/LTE ကွန်ရက်ကို ပိုမိုတိုးချဲ့ဖို့ တယ်လီနော အနေနဲ့ ဦးစားပေး ဆောင်ရွက်နေပါတယ်။ တယ်လီနော သုံးစွဲသူ ၁၉ သန်းရဲ့ ၆၅ % ဟာ အင်တာနက်ဒေတာ သုံးစွဲကြသူတွေ ဖြစ် တာမို့ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအကြားတိုးတက်များပြားလာနေတဲ့ ဒေတာသုံးစွဲမှုတွေကို ဖြည့်ဆည်းနိုင်ဖို့ ကွန်ရက်အရည်အသွေး မြှင့်တင်မှုကို ဆက်လက် ဆောင်ရွက်နေမှာလည်း ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိ ချုပ်ဖြစ်သူ Joslin Myrthong ကပြောကြားသည်။

“ဖားကန့်မှာ ကျွန်တော်တို့ရဲ့ 4G/LTE ကွန်ရက်ကို အခုလအတွင်း တိုးချဲ့နိုင်ခဲ့ရာမှာ ၀န်ဆောင်မှုတွေကို မိတ်ဆက်ပြီး နောက် ဖားကန့်မြို့သူ/သားတွေရဲ့ ဒေတာသုံးစွဲမှုတွေဟာ မြင့်မြင့်မားမားတိုးပွားလာတာကို ကျွန်တော်တို့ သတိထားမိပါ တယ်။ ဒီအခြေအနေက ကျန်ဒေသတွေကိုပါ 4G/LTE ကွန်ရက် ဆက်လက်တိုးချဲ့စေဖို့ တွန်းအားဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာရှိတဲ့ တယ်လီနော သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့ 4G/LTE ၀န်ဆောင်မှုတွေကို ဒီနှစ်အတွင်းမှာ ရရှိ သုံးစွဲနိုင်ကြဖို့ ကျွန်တော်တို့အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

သုံးစွဲသူများအနေဖြင့် ပိုမိုမြန်ဆန်သည့် ကွန်ရက်သို့ ချိတ်ဆက်သုံးစွဲပါက ဒေါင်းလုတ်ကူးယူသည့် နှုန်းများလည်း ပိုမို မြန်ဆန်လာမည်ဖြစ်ပြီး အဝိုင်းလည်ခြင်း ထစ်ငေါ့ခြင်း တစ်စုံတစ်ရာ တွေ့ကြုံရတော့မည် မဟုတ်ပေ။ လွန်စွာကောင်းမွန် သည့် အင်တာနက် ၀န်ဆောင်မှုများကို အပြတ်အတောက်မရှိ ကုန်ကျမှု သက်သာစွာဖြင့် ရရှိ အသုံးပြုနိုင်ရန် ဒေတာ စုဗူး ကဲ့သို့ ဈေးနှုန်းချိုသာသည့် အင်တာနက် ဒေတာ အစီအစဉ်များကို ရယူအသုံးပြုကြပါရန်လည်း တယ်လီနောက သုံးစွဲသူ များကို တိုက်တွန်းအပ်ပါသည်။ တယ်လီနော၏ ဈေးနှုန်းအချိုသာဆုံး ဒေတာအစီအစဉ်များကို တစ်လလျှင် ၇၉၉ ကျပ်မှ စ၍ ရယူ အသုံးပြုနိုင်ပါသည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်

တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းကွန်ရက်ကြီးကို တည်ထောင်ထားပြီး ဖြစ်ကာ ပြီးခဲ့သည့် ၁၂ လ အတွင်း ဧရာ၀တီ၊ ကယားနှင့် ချင်းမှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးနှင့် နေပြည်တော်အပါအ၀င် နိုင်ငံ တစ်၀ှမ်းရှိ မြို့ကြီး ၂၉ မြို့တွင် 4G ၀န်ဆောင်မှုများကို ပေးအပ်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor