တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုအား ဇန်နဝါရီလအတွင်း မြို့ကြီး ၇ မြို့သို့ တိုးချဲ့ပေးအပ်

31 January, 2018 - Yangon

  • 4G/LTE ဝန်ဆောင်မှုများအား လက်ရှိအချိန်တွင် မြို့ကြီးနှင့် မြို့နယ်ပေါင်း ၁၂၀ ကျော်တွင် ရရှိနေပြီဖြစ်

မြန်မာနိုင်ငံ တစ်ဝန်းတွင် အကောင်းမွန်ဆုံးသော အသုံးပြုမှု အတွေ့အကြုံများ အား ပေးအပ်နိုင်ရမည် ဟူသည့် ရည်သန်ချက်နှင့်အညီ တယ်လီနောသည် ဇန်နဝါရီလအတွင်း ကုမ္ပဏီ၏ 4G/LTE ကွန်ရက် အား နောက်ထပ် မြို့ကြီးများထံသို့ တိုးချဲ့လွှမ်းခြုံပေးလိုက်ပြီ ဖြစ်သည်။

 

 

“တယ်လီနောမြန်မာ အနေနဲ့ အရည်အသွေး မြင့်မားတဲ့ 4G ကွန်ရက်ကို စံပြုလောက်တဲ့ အချိန်အတွင်းမှာ ဖြန်ကြက် ပေးနိုင်ခဲ့ပြီး အခုလို ကွန်ရက် တိုးချဲ့ လွှမ်းခြုံနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ အကောင်းမွန်ဆုံး 4G ကွန်ရက်ဟာ လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်းက မြို့ကြီးနဲ့ မြို့နယ်ပေါင်း ၁၂၀ ကျော်မှာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကတော့ နိုင်ငံတစ်ဝန်းက မြို့နယ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းမှာ ရှိတဲ့ အသုံးပြုသူတွေ အနေနဲ့ စစ်မှန်တဲ့ 4G ကွန်ရက် အမြန်နှုန်းတွေကို အသုံးပြုနိုင်အောင် ဝန်ဆောင်မှု ပေးအပ်နိုင်ဖို့ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin Myrthong က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသကြီးရှိ မိတ္ထီလာမြို့ နှင့် ကျောက်ပန်းတောင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှမ်း ပြည်နယ် တာချီလိတ်မြို့ နှင့် ရခိုင်ပြည်နယ် သံတွဲမြို့များတွင် သာလွန်ကောင်းမွန်သော အင်တာနက်သုံးစွဲမှု အတွေ့အကြုံ များအား ခံစားရရှိနိုင်ပြီ ဖြစ်သည်။ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်နှင့် မြောင်းမြမြို့များတွင် 4G/LTE ဝန်ဆောင်မှု များအား ယခု သီတင်းပတ်အတွင်း တရားဝင် မိတ်ဆက်ပြီးနောက်တွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။

တယ်လီနောသည် 4G လှို်င်းနှုန်းစဉ် အသုံးပြုမှု နှစ်ဆတိုးမြှင့်ရန် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ၁၈၀၀ MHz လှိုင်း နှုန်းစဉ်၏ ၂ x ၁၀ MHz ကို ထပ်ဆောင်းရယူရန် အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။ တယ်လီနော သည် ၁၈၀၀ MHz လှိုင်းနှုန်းစဉ်၏ ထပ်ဆောင်း လှိုင်းနှုန်းစဉ်များ ရယူခွင့်ကို ရယူ အသုံးပြုသည့် ပထမဆုံး ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးသည့် ကုမ္ပဏီဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်သည် နိုင်ငံအတွက်သာမက ပြည်သူများနှင့် အသုံးပြုသူများ အတွက် အလွန်အကျိုးရှိစေမည် ဖြစ်သည်။ မြို့တစ်မြို့စီအလိုက် ကွန်ရက် လွှမ်းခြုံမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ သထုံနှင့် စစ်တွေ တို့ကဲ့သို့ အလားတူ မြို့ကြီး မြို့လတ်များရှိ လူဦးရေ အားလုံးနီးပါးကို တယ်လီနော၏ 4G ကွန်ရက်က လွှမ်းခြုံ ထားနိုင်ပြီး ဖြစ်သည်။

“တယ်လီနောအနေနဲ့ မြန်မာနိုင်ငံအတွင်းက အသုံးပြုသူတွေကို အကောင်းမွန်ဆုံး အင်တာနက် အသုံးပြုမှု အတွေ့အကြုံ တွေ ပေးအပ်နေပြီး မြို့ကြီးတွေနဲ့ လူဦးရေ အထူထပ်ဆုံး မြို့တွေမှာလည်း ကွန်ရက် ပိုမိုကောင်းမွန် လာစေဖို့ အဆင့့်မြှင့် တင်မှုတွေ ပြုလုပ်နေပါတယ်။ ဈေးကွက်အတွင်းမှာ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်နေတာကြောင့် အသုံးပြုသူတွေ အနေနဲ့ သူတို့ရဲ့ အကြိုက်နှစ်သက်ဆုံး အက်ပလီကေးရှင်းတွေ၊ အွန်လိုင်းက အကြောင်းအရာတွေကို အဆင်ပြေ မြန်မြန်ဆန်ဆန် အသုံးပြုဖတ်ရှုနိုင်စေမှာ ဖြစ်ပါတယ်” ဟု Joslin က ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတကာမှ ယုံကြည်စိတ်ချရသည့် ဂုဏ်သိက္ခာကြီးမားသော အဖွဲ့အစည်းထံမှ အသိအမှတ်ပြုမှုအား ရရှိခဲ့ သည့်အတွက် တယ်လီနောအနေနှင့် အလွန် ဂုဏ်ယူမိပြီး ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံအတွင်း ဖုန်းခေါ်ဆိုမှုနှင့် ဒေတာ ဝန် ဆောင်မှုများအား ပိုမိုကောင်းမွန်လာစေရန်အတွက် ကွန်ရက်အား ဆက်လက် အဆင့် မြှင့်တင်သွားမည် ဖြစ်ကြောင်းလည်း Joslin က ထပ်ဆောင်းပြောကြားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor