တယ်လီနော၏ 4G/LTE ဝန်ဆောင်မှုအားလက်ရှိတွင် မြို့ကြီးပေါင်း ၂၆ မြို့သို့ တိုးချဲ့ပေးအပ်

04 August, 2017 - Yangon

  • 4G/LTE ဝန်ဆောင်မှုကို မြဝတီမြို့တွင် 0x100သဂုတ်လ ၃ ရက်နေ့မှ စတင်ကာအသုံးပြုနိုင်
  • ၂၀၁၇ ခုနှစ်အတွင်းတွင် အခြားသော မြို့ကြီးများသို့လည်းဆက်လက်တိုးချဲ့ သွားမည်

ထိုင်းနှင့်မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင်တယ်လီနောမြန်မာ၏ 4G/LTE ဝန်ဆောင်မှုများအား0x100သဂုတ်လ ၃ ရက်နေ့မှစ၍ပေးအပ်နိုင်မှုနှင့်အတူလက်ရှိတွင် တယ်လီနောသည် 4G/LTE ဝန်ဆောင်မှုများကိုနိုင်ငံတစ်ဝန်းရှိ မြို့ကြီးပေါင်း ၂၆ မြို့၌ ပေးအပ်နေပြီ ဖြစ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းကနောက်ထပ်မြို့တွေကို 4G/LTE ဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်သွားမှာဖြစ်ပြီးဒီနေ့မှာတော့ မြန်မာနိုင်ငံနယ်စပ်ကစီးပွားရေးအရအချက်အချာကျတဲ့ မြဝတီမြို့မှာဝန်ဆောင်မှုတွေ ပေးအပ်နိုင်ခဲ့တဲ့ အတွက် ဝမ်းမြောက်မိပါတယ်။ 4G/LTE ဝန်ဆောင်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေလွယ်ကူလာနိုင်ပြီးအသုံးပြုသူတွေ အနေနဲ့လည်းပိုမိုကောင်းမွန်တဲ့ အင်တာနက် အသုံးပြုမှု အတွေ့အကြုံတွေကိုရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကွန်ရက်ချဲ့ထွင်မှုကြောင့် မြဝတီမြို့က တယ်လီနောအသုံးပြုသူတွေအတွက်လည်းစိ်တ်လှုပ်ရှားစရာတွေ၊ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိလာနို်င်မယ်လို့ ယုံကြည်ပါတယ်” ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောကြားသည်။

လက်ရှိတွင် တယ်လီနောသည် မြဝတီမြို့ အပါအဝင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ ခုစလုံးတွင်တာဝါတိုင်အရေအတွက် ၂၄၀ နီးပါးဖြင့်ဝန်ဆောင်မှုပေးအပ်လျက်ရှိပြီး ၎င်းတို့အနက် ဘားအံနှင့် မြဝတီမြို့များတွင် 4G ဝန်ဆောင်မှုများအား 1800 နှင့် 2100 MHz လှိုင်းနှုန်းစဉ်များအားအသုံးပြု၍ ပေးအပ်လျက်ရှိပါသည်။


မြဝတီမြို့တွင် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကျင်းပ

မြဝတီမြို့တွင် 4G ဝန်ဆောင်မှုများစတင်ပေးအပ်သည့် အထိမ်းအမှတ်အဖြစ် တယ်လီနောမှ ဝန်ထမ်းများသည် 0x100သဂုတ်လ ၃ ရက်နေ့တွင် မြို့အတွင်းလှည့်လည်ကာအသုံးပြုသူများနှင့် ရောင်းချသူများအားတွေ့ဆုံပြီးဝန်ဆောင်မှုအကြောင်းမိတ်ဆက်ခြင်း၊ အသုံးပြုသူများထံမှ အကြံပြုချက်များရယူခြင်းတို့အား ပြုလုပ်ခဲ့သည်။ ထိုကဲ့သို့ မိတ်ဆက်ရာတွင် 4G အသုံးပြုနိုင်သော U-SIM များအားလဲလှယ်ပေးမှုများလည်းပါဝင်ခဲ့သည်။ ထို့အပြင် အခြားသောဖျော်ဖြေရေးအစီအစဉ်များအဖြစ် ကရင်ရိုးရာအကများ၊ မျက်လှည့်ပြပွဲများ၊ ဓါတ်ပုံအလှရိုက်ရန် နေရာများနှင့် ပြည်တွင်းဒေသခံအဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများစသည်တို့လည်းပါဝင်ခဲ့ပါသည်။


မြန်မာနိုင်ငံ၏ အကြီးမားဆုံး 4G ကွန်ရက်

တယ်လီနောသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမိုဘိုင်းကွန်ရက်ကြီးကိုတည်ထောင်ထားပြီး ဖြစ်ကာ ပြီးခဲ့သည့် ၁၂ လ အတွင်းကယားနှင့် ချင်းမှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်အပါအ၀င် နိုင်ငံ တစ်၀ှမ်းရှိ မြို့ကြီး၂၆ မြို့တွင် 4G ၀န်ဆောင်မှုများကို ပေးအပ်နေပြီ ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor