တယ်လီနော၏ မော်တော်ယာဉ်အထူးဆုကြီးကို မူဆယ်မြို့မှ ကံထူး၊ ကျန်ရှိနေသော အထူးဆု ကံထူးသူများကို ဆက်လက်ရွေးချယ်သွားမည်

01 December, 2017 - Yangon

  • ကျန်ရှိသေးသော ကားသစ် သုံးစီး အတွက် ကံထူးသူများကို အပတ်စဉ် ရွေးချယ်သွားမည် ဖြစ် 
  • နို၀င်ဘာလ ၂၀ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အတွင်း နောက်ဆုံးပေါ် စမတ်ဖုန်း ၃၀ လုံး ကံထူးသူများကိုလည်း နေ့စဉ် ရွေးချယ် ပေးအပ်သွားမည်ဖြစ် 
  • ကြိုတင်ငွေဖြည့်ကတ်သုံး တယ်လီနောသုံးစွဲသူတိုင်း ယခုအစီအစဉ်တွင် ပါ၀င်ဆင်နွှဲပြီး ဆုများ ရခွင့်ရှိ 

မကြာမီ ကုန်ဆုံးတော့မည့် နှစ်သက္ကရာဇ်အကြို အဖြစ်ဆောင်ရွက်သည့် အစီအစဉ်အရ ပေးအပ်သည့် ပထမဆုံးကံထူးသူရွေးချယ်မှုကို နို၀င်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ တယ်လီနော ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး KIA Optima 2018 အမျိုးအစား ဇိမ်ခံမော်တော်ယာဉ်အသစ်ကို ရှမ်းပြည်နယ်၊ မူဆယ်မြို့မှ ဦးစိုင်းအေးမောင်က ရရှိ ပိုင်ဆိုင်သွားပြီ ဖြစ်ပါသည်။ ယခုအစီအစဉ်အရ ဆုကြီးအဖြစ် ကားသစ်လေးစီးကို ပေးအပ်မည် ဖြစ်ပြီး ယင်းဆုများအား ဒီဇင်ဘာလ နှောင်းတွင် ကျင်းပမည့် အခမ်းအနားတွင် ကံထူးသူများအား တစ်ပေါင်း တစ်စည်း တည်း ပေးအပ်သွားမည် ဖြစ်ပါသည်။

“တယ်လီနောအနေနဲ့ ကျနော့်ကို လာဆက်သွယ်တယ်၊ ဆုကြီး ရခဲ့တဲ့အတိုင်းအတာကိုလည်း သတင်းပို့ပေးတယ်။ ရတဲ့သူတောင် မသိလိုက်တဲ့အချိန်မှာ သတင်းပို့ အကြောင်းကြားပေးလာတဲ့အတွက် အများကြီး ကျေးဇူးတင် ၀မ်းမြောက် မိပါတယ်” ဟု ဦးစိုင်းအေးမောင်က ပြောကြားသည်။

“ဦးစိုင်းအေးမောင်အနေနဲ့ အခုလိုမော်တော်ကားအသစ်စက်စက်တစ်စီးကို ကံထူးသွားတဲ့အတွက် သူ့အတွက် ၀မ်းမြောက် မိပါတယ်။ ကားအသစ်စက်စက် ၃ စီး ပေးအပ်ဖို့လည်း ကျန်ရှိနေသေးတာမို့ တယ်လီနော သုံးစွဲသူတွေအားလုံးအနေနဲ့ ကားသစ်တွေ ကံထူးနိုင်ကြသေးတာမို့ ဒီ အခွင့်အရေးကို အရယူကြဖို့ တိုက်တွန်းပါရစေ။ ပြီးခဲ့တဲ့လက စုစုပေါင်းသုံးစွဲခဲ့ တာထက် ငွေကျပ် တစ်ထောင်သာ ယခုကာလအတွင်း ပိုမို သုံးစွဲလိုက်တာနဲ့ အခုလို ကံထူးရှင်ရွေးချယ်မှုမှာ အလို အလျောက် ပါ၀င်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ တယ်လီနောအနေနဲ့ မော်တော်ယာဉ်တွေ အပြင် ဆမ်ဆောင်း ဂလက်ဆီ Note 8 အမျိုးအစား စမတ်ဖုန်း အလုံး ၃၀ အတွက် ကံထူးသူတွေကိုလည်း နေ့စဉ် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ရွေးချယ်ပေးအပ်နေတာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin Myrsthong ကပြောကြားသည်။

ကျန်ရှိနေသေးသည့် မော်တော်ယာဉ် ၃ စီး ကံထူးသူရွေးချယ်မှုကို ဒီဇင်ဘာ ၅၊ ၁၂ နှင့် ၂၁ ရက်နေ့များတွင် ပြုလုပ် သွား မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ တစ်၀ှမ်းလုံးရှိ ကြိုတင်ငွေဖြည့်ကတ်သုံး တယ်လီနောသုံးစွဲသူများ အနေဖြင့် ကျန်ရှိနေသေး သည့် ဆုပစ္စည်းများစွာကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိကြမည် ဖြစ်ပါသည်။ ယခုမှ စတင် သုံးစွဲမည့် တယ်လီနော သုံးစွဲသူများ သည်လည်း ငွေကျပ် တစ်ထောင်သုံးစွဲပြီး ဖြစ်သည်နှင့် တစ်ပြိုင်နက် ဆုပစ္စည်းများ ကံထူးရန် အခွင့်အရေး ပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။

ကံထူးသူများကို ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်ရန်အတွက် ရွေးချယ်သည့် လုပ်ငန်းစဉ်ကို Biz Law Consult Myanmar Co. Ltd က စောင့်ကြည့် ကြီးကြပ်လျက် ရှိပါသည်။ တယ်လီနော သုံးစွဲသူများအနေဖြင့် ပြီးခဲ့သည့် လအတွင်းက သုံးစွဲခဲ့ သည့် သုံးစွဲငွေ၊ လက်ရှိ သုံးစွဲထားငွေနှင့် ယခု အစီ အစဉ်တွင် ပါ၀င်ခွင့်ရရှိစေရန် သုံးစွဲရမည့်ငွေ (ယခင်လ သုံးစွဲငွေထက် ကျပ် ၁၀၀၀ ပို) တို့ကို *7777# သို့ ဖုန်းခေါ်ဆို ခြင်းဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။ ယခုအစီအစဉ်အတွက် သတ်မှတ် စည်းမျဉ်းများကိုလည်း တယ်လီနော၏ ၀က်ဆိုက်တွင် လေ့လာနိုင်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor