တယ်လီနော၏ တစ်နိုင်ငံလုံး ဒေတာသုံးစွဲမှုတွင် ရန်ကုန်နှင့် မန္တလေးတို့ ထိပ်ဆုံးရပ်တည်

20 January, 2018 - Yangon

တယ်လီနောမြန်မာ၏ နှစ်ကုန်လေ့လာမှုစစ်တမ်းရလဒ်မှ ရရှိသော အချက်အလက်များအရ မြန်မာနိုင်ငံမှ ဖုန်းအသုံးပြုသူများသည် ဒေတာသုံးစွဲမှုကို ပိုမိုအကျွမ်းတ၀င်ရှိလာကြပြီး ရန်ကုန်နှင့် မန္တလေးတို့သည် နိုင်ငံတစ်ဝန်း ဒေတာသုံးစွဲမှုစာရင်းတွင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး၏ ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း တွေ့ရှိရသည်။

တယ်လီနောအသုံးပြုသူ ၁၉ သန်းကျော်၏ နိုင်ငံတစ်ဝန်း ဒေတာသုံးစွဲမှု အချက်အလက်များအရ ရန်ကုန်ရှိ အသုံးပြုသူများ သည် ဒေတာသုံးစွဲမှုအားလုံး၏ ၃၄ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ဒုတိယနှင့် တတိယနေရာတွင် ရှိခဲ့ပြီး ၁၇ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းခန့် အသီးသီး သုံးစွဲ ခဲ့ကြကြောင်းတွေ့ရသည်။

ဆိုရှယ်မီဒီယာ သုံးစွဲမှု စာရင်းတွင်လည်း အလားတူ ရပ်တည်မှုများရှိကြောင်းတွေ့ရှိရသည်။ စာရင်းဇယားများအရ ရန်ကုန်တိုင်းဒေသကြီးသည် Facebook အသုံးပြုနှုန်း ၃၃ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးတွင် ရှိနေပြီး မန္တလေးတိုင်းဒေသကြီးက ၁၇ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးက ၇ ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြသည်။

“နိုင်ငံတွင်း ဒေတာအသုံးပြုမှုနဲ့ ဖုန်းခေါ်ဆိုမှုမြင့်မားလာတာကြောင့် မြန်မာနိုင်ငံရဲ့ ဆက််သွယ်ရေး၀န်ဆောင်မှုကဏ္ဍဟာ သိသိသာသာ ဖွံ့ဖြိုးလာတာကို မြင်တွေ့ရပြီး မျှော်လင့်ထားသလိုပဲ မြို့ကြီးတွေမှာ ဒေတာသုံးစွဲမှုနှုန်း ပိုများတာကို တွေ့ရပါ တယ်။ တယ်လီနောရဲ့ 3G နဲ့ 4G ကွန်ရက်တွေဟာ ရန်ကုန်တိုင်းဒေသကြီး လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ဖြစ်လို့ ရန်ကုန်ကတော့ ဒေတာသုံးစွဲမှုမှာ ထိပ်ဆုံးကနေ ဆက်ဦးဆောင်နေမယ်လို့ မျှော်လင့်ပါတယ်။ ကွန်ရက် ဖြန့်ကြက် နိုင်မှုနဲ့ ကွန်ရက်အရည်အသွေးတွေကို ပိုမိုကောင်းသည်ထက်ကောင်းအောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေတာ ကြောင့် ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေက တယ်လီနောသုံးစွဲသူတွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ဒေတာ ၀န်ဆောင်မှုအတွေ့အကြုံတွေကို ရရှိအသုံးပြုနေနိုင်ကြမှာလည်း ဖြစ်ပါတယ်။ တယ်လီနော မြန်မာရဲ့ရည်မှန်းချက် တွေထဲ က အဓိကအကျဆုံးအချက်တစ်ချက်ဖြစ်တဲ့ နိုင်ငံတစ်၀ှမ်းက တယ်လီနောအသုံးပြုသူတွေကြား ဆက်တိုက် မြင့်မားလာတဲ့ ဒေတာသုံးစွဲလိုအားတွေကို ပြည့်မီအောင် ဖြည့်ဆည်းထား နိုင်ဖို့ဆိုတဲ့အချက်ကို ဆောင်ရွက်ပေးထားနိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု တယ်လီနောမြန်မာ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြား သည်။

“တယ်လီနောအသုံးပြုသူတွေကို အကောင်းမွန်ဆုံး သုံးစွဲမှုအတွေ့အကြုံတွေ ပိုမိုပေးအပ်နိုင်ဖို့ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချ ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ကွန်ရက်ပိုမိုချဲ့ထွင်ဖို့၊ နောက်ပြီး အကောင်းမွန်ဆုံးဒေတာနဲ့ ဖုန်း ဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် ေ၀းလံတဲ့ ကျေးလက်ဒေသ တွေမှာ အသုံးပြုသူတွေ ၊ ဒေတာအသုံးပြုမှုတွေအနာဂတ်မှာ ပိုမိုများပြားလာမယ်လို့လည်း မျှော်မှန်းနိုင်ပါတယ်” ဟု ၎င်းက ထပ်ဆောင်းပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ တယ်လီနောအသုံးပြုသူများသည် ဖုန်းခေါ်ဆိုမှုတွင်လည်း အမြင့်ဆုံးနေရာ များတွင် ရပ်တည်နေပြီး ယင်းအချက်မှာ ဒေတာနှင့် Facebookအသုံးပြုမှုနှုန်း ရပ်တည်မှုများနှင့် အလားတူလျက်ရှိကြောင်းကိုလည်း တွေ့ရသည်။ လက်ရှိတွင် တယ်လီနောမြန်မာသည် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ကျယ်ပြန့်လာနေသည့် ဒေတာ ကွန်ရက်မှ တစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းမှ သုံးစွဲသူပေါင်း ၁၉ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။

 

မီဒီယာများ ဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပရိတ်ရေးရာ ဆက်သွယ်ပြန်ကြားရေးဌာန တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor