တယ်လီနော၏ ဈေးနှုန်းအချိုသာဆုံးဒေတာ ‘စုဘူး’ အစီအစဉ်များကိုမွမ်းမံ

10 November, 2017 - Yangon

  • တယ်လီနော၏ လူကြိုက်အများဆုံးဒေတာပရိုမိုးရှင်းကိုအမြဲတမ်းရရှိစေမည့် အစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲ
  • စမတ် အင်တာနက်ထက် ၅ ဆ အထိသက်သာ
  • ဒေတာလိုအပ်ချက်မှုအလိုက် ဖြည့်ဆည်းပေးနိုင်မည့် pack ၅ ခုရှိပြီး၁ မက်ဂါဘိုက်လျှင် ၁.၅ ကျပ်နှုန်းသာရှိ

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံရှိ 3G နှင့် 4G သုံးစွဲသူများအတွက် ဈေးနှုန်းအချိုသာဆုံးအင်တာနက်ဒေတာအစီအစဉ်များကို ၀မ်းမြောက်စွာ မိတ်ဆက်ထားပြီး ဖြစ်ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းကကာလတိုပရိုမိုးရှင်းတစ်ခုအဖြစ် စတင်၀န်ဆောင်မှုပေးခဲ့သော ဒေတာစုဘူးကိုယခုအခါ သုံးစွဲသူများ ၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည့် ပမာဏကိုရွေးချယ်အသုံးပြုစေမည့် pack ၅ မျိုး ပါ၀င်သည့် အမြဲတမ်းအစီအစဉ် တစ်ခုအဖြစ် မွမ်းမံမိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲမှုကိုသဘောကျနှစ်ချိုက်ကြတာကြောင့် ကျနော်တို့အနေနဲ့လည်းသုံးစွဲသူတွေရဲ့ လိုအပ်ချက်အလိုက် ဖြည့်ဆည်းပေးနိုင်မယ့် ဒေတာအစီအစဉ်တွေ ပေးအပ်နို်င်အောင် အမြဲ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ တယ်။ ဒေတာစုဘူးဟာတယ်လီနောရဲ့ လူကြိက်အများဆုံးပရိုမိုးရှင်းတွေထဲကတစ်ခုဖြစ်ပြီးသုံးစွဲသူတွေရဲ့ အတွေ့အကြုံ ရလဒ် တွေပေါ် မူတည်ပြီးစုဘူးကိုအမြဲတမ်းအစီအစဉ်တစ်ခုအဖြစ် မွမ်းမံ ၀န်ဆောင်မှု ပေးလိုက်ပြီဆိုတာကို ၀မ်းမြောက် ၀မ်းသာ အသိပေးလိုပါတယ်”ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။ “ကျနော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ အင်တာနက်ဒေတာကိုအဆင်ပြေပြေသုံးစွဲကြစေချင်တာကြောင့် ဒေတာစုဘူး ၀န်ဆောင်မှုနဲ့အတူဆိုရင် 3G ရော 4G ရောပါ ဈေးကွက်အတွင်းအသက်သာဆုံဈေးနှုန်းနဲ့ ရရှိအသုံးပြုနိုင်မှာပါ။”

ဒေတာအသုံးပြုမှုကိုအပြည့်အ၀ သိရှိစီမံနိုင်ရန်နှင့် အင်တာနက် ချိတ်ဆက်အသုံးပြုမှု၏ အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ရရှိစေနိုင်ရန်အတွက် ဒေတာအစီအစဉ်များကိုစာရင်းအသုံးပြုကြပါရန်လည်း မြန်မာနိုင်ငံရှိအင်တာနက်ဒေတာအသုံးပြု သူများကိုတယ်လီနောကတိုက်တွန်းအပ်ပါသည်။ ဒေတာစုဘူးကိုရယူအသုံးပြုခြင်းဖြင့် စမတ်အင်တာနက် နှုန်းထားထက် ၅ ဆအထိသက်သာမည် ဖြစ်ပါသည်။ ယခုစုဘူးအစီအစဉ်များကိုအင်တာနက် အနည်းအကျဉ်းသာအသုံးပြုသူများအတွက် ၅၀၀မက်ဂါဘိုက်လျှင် ၇၉၉ ကျပ်မှစ၍ များများသုံးသူများအတွက် ၁၁ မက်ဂါဘိုက်လျှင် ၁၇,၇၄၉ ကျပ်အထိဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။
“သုံးစွဲသူတွေရဲ့ ဒေတာလိုအပ်ချက်ကအတော်လေးကွဲပြားကြပြီးတစ်ချို့က လူမှုအသိုင်းအ၀ိုင်းတွေမှာ ဘာတွေ ဖြစ်ပျက် နေတယ်ဆိုတာလောက်ကိုသာစဉ်ဆက်မပြတ်သိယုံသုံးကြပြီးတစ်ချို့တွေကတော့ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ သီချင်းတွေအတွက် ဒေတာအများအပြားသုံးကြတာ ဖြစ်ပါတယ်။ ဒေတာစုဘူးဟာအခုလိုလိုအပ်ချက် ကွဲပြားတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မဲ့ အစီအစဉ်တစ်ခုအဖြစ် ယုံကြည်မိပါတယ်”ဟုဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ကဆက်လက်ပြောကြားသည်။

ဒေတာစုဘူးအစီအစဉ်သည် သက်တမ်း ၃၀ ရက်ရှိပြီးဈေးနှုန်းများအခွန်နှုန်းထားများ ပါ၀င်ပြီး ဖြစ်ပါသည်။ ယခုအစီအစဉ်ကိုရယူထားခြင်းဖြင့် သုံးရန်ကျန်နေသေးသည့် ဒေတာများကိုဆက်လက် ယူဆောင်သွားနိုင်မည်ဖြစ်ပြီးသက်တမ်းကုန်ဆုံး ပြီး ၇ ရက်အတွင်းထပ်မံစာရင်းသွင်းလိုက်သည့် အခါတိုင်းယင်းအကျိုးခံစားခွင့်များကိုထပ်မံ၀ယ်ယူသည့် ဒေတာများနှင့် ပေါင်း၍ ဆက်လက် အသုံးပြု သွားနိုင်မည် ဖြစ်ပါသည်။အသေးစိတ်အချက်အလက်များကိုတယ်လီနော၏ ၀က်ဆိုက်ဒ်www.telenor.comတွင် လေ့လာကြည့်ရှုနိုင် ပါသည်။

ဒေတာစုဘူးကိုစာရင်းသွင်းရယူရန် လွန်စွာလွယ်ကူပြီးသုံးစွဲသူများအနေဖြင့် *979*2*2# သို့ ဖုန်းခေါ် ဆိုခြင်းဖြင့် ဖြစ်စေMyTelenor app မှတစ်ဆင့် ဖြစ်စေ၊ စာတိုပို့ခြင်းဖြင့် ဖြစ်စေရယူနိုင် ပါသည်။ စာတိုမှတစ်ဆင့် မိမိကြိုက်နှစ်သက်သည့် စုဘူးအစီအစဉ်ကိုရယူရန် ၅၀၀ သို့ DSB500၊ DSB2GB၊ DSB4GB၊ DSB9GB နှင့် DSB11GB တို့ကိုပေးပို့ ရယူနိုင်ပါသည်။ အသုံးပြုနိုင်သည့် ဒေတာလက်ကျန်အခြေအနေကို *124*1# သို့ ဖုန်းခေါ်ယူစစ်ဆေးနိုင်ပါသည်။ ဒေတာစုဘူးနှင့်အတူဈေးကွက်အတွင်းအသက်သာဆုံးဖုန်းခေါ်ဆိုမှု နှုန်းထားအစီအစဉ် ‘သာသာယာယာ’ ကိုလည်းသုံးစွဲသူများအတွက် ဆက်လက် ၀န်ဆောင်မှု ပေးအပ်လျက် ရှိပါသည်။ ဒေတာစုဘူးနှင့် သာသာယာယာအစီအစဉ်များကိုရယူထားခြင်းဖြင့် တယ်လီနောသုံးစွဲသူများသည်နိုင်ငံတွင်းအသက်သာဆုံးဈေးနှုန်းများဖြင့် ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက် ဒေတာအသုံးပြုမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ သာသာယာယာအစီအစဉ်သည် ဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ် လျှင် ၁၀ ကျပ်သာကျသင့်ပြီးစာရင်းသွင်းရယူရန်အတွက် *979*10#သို့ ဖုန်းခေါ်ဆိုရန်သာလိုအပ်သည့် အလွန် လွယ်ကူစွာရယူအသုံးပြုနိုင်သောဈေးနှုန်းအသက်သာဆုံးအစီအစဉ်တစ်ခုဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း: nyinyi.aung@telenor.com.mm

Yangon
My Telenor