တယ်လီနော၏ စတုတ္ထအကြိမ်မြောက် အထူးနံပါတ်များ လေလံပွဲမှနေ၍ ကျပ်သိန်း ၁၂၃၈ ရရှိ

23 January, 2017 - Yangon

  • ယခုလေလံတွင် ဖုန်းနံပါတ်အလှတစ်ခုအတွက် အမြင့်ဆုံးတန်ဖိုးအဖြစ် ကျပ်သိန်း ၁၅၀ ရရှိခဲ့
  • ရရှိသော အကျိုးအမြတ်များကို သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ (HHHP) သို့ လှုဒါန်း သွားမည်ဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) ၏ ဇန်န၀ါရီလ ၁၉ ရက် တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အထူးဖုန်းနံပါတ်လေလံပွဲတွင် အထူးဖုန်းနံပါတ် အရေအတွက် ၂၄ ခုကို လေလံ တင် ရောင်းချခဲ့ရပြီး အဆိုပါ ရောင်းချရမှုမှနေ၍ မြန်မာကျပ်ငွေ စုစုပေါင်း ၁၂၃၈ သိန်း ရရှိခဲ့ပါသည်။

လေလံကြမ်းခင်းဈေးကို ဂဏန်း ၇ လုံးနှင့် ၈ လုံးတူ အပူးနံပါတ်များအတွက် မြန်မာကျပ်ငွေ သိန်း ၅၀ နှင့် အခြားနံပါတ်များ အတွက် မြန်မာကျပ်ငွေ သိန်း ၃၀ သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ် ပမာဏများထက် ပိုမိုရရှိသော အကျိုးအမြတ် အားလုံးကို ရန်ကုန်မြို့၊ မြောက်ဒဂုံ ရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ (HHHP) သို့ လှုဒါန်းသွားမည်ဟု တယ်လီနောမှနေ၍ အစောပိုင်းကတည်းက အသိပေးထားပြီး ဖြစ်ပါသည်။ ယခုလေလံပွဲတွင် ရရှိခဲ့သော အကျိုးအမြတ် ကျပ်ငွေ ၃၇၈ သိန်းကို သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာသို့ လှူဒါန်းသွားမည် ဖြစ်ပါသည်။

လေလံပွဲတွင် ဈေးအမြင့်ဆုံး ရရှိခဲ့သည့် ဖုန်းနံပါတ်မှာ ၀၉၇၆၇၇၇၇၇၇၇ ဖြစ်ပြီး မြန်မာကျပ်ငွေ ၁၅၀ သိန်းဖြင့် ရောင်းချခဲ့ ရခြင်း ဖြစ်ပါသည်။ လေလံပွဲနှင့် ပတ်သက်သော လုပ်ငန်းများ အဆင့်ဆင့်ကို MN Associates မှ ကူညီစိစစ်ပေးခဲ့သည်။ တယ်လီနော အနေနှင့် လေလံတင် ရောင်းချပွဲများကို မြန်မာနိုင်ငံရှိ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခအားလျော်စွာ ကျင်းပသွားမည် ဖြစ်ပြီး ကျင်းပမည့် အချိန်နှင့် နေရာတို့ကို ကြိုတင် ကြေညာသွားမည် ဖြစ်သည်။

“တယ်လီနောအနေနဲ့ အသုံးပြုသူတွေနဲ့အတူ ပူးပေါင်းပြီး လိုအပ်ချက်ရှိနေတဲ့ လူမှုအဖွဲ့အစည်းတွေဆီ ကူညီ ထောက်ပံ့မှု တွေ ပေးအပ်ရတာကို အမြဲတမ်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုက “သုံးစွဲသူတွေကို ကူညီ ထောက်ပံ့ ဖို့” ဖြစ်ပြီး သူတို့ရဲ့ ဘဝတွေကို ဒစ်ဂျစ်တယ်ဆက်သွယ်ရေးရဲ့ အင်အားနဲ့ မြှင့်တင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အထူး ဖုန်းနံပါတ်တွေကို ကြိုက်နှစ်သက်တဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေ အနေနဲ့လည်း အကျိုးခံစားခွင့် နည်းပါးတဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေတယ် ဆိုတာကို ဒီနေ့ မျက်မြင် တွေ့ရှိ ခဲ့ရ ပါတယ်” ဟု တယ်လီနောမြန်မာ၏ Chief Marketing Officer ဖြစ်သူ Joslin E Myrthong က ပြောကြားသည်။

ယခင် နံပါတ်အလှလေလံပွဲများအား ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး စုစုပေါင်း အကျိုးအမြတ် အနေနှင့် မြန်မာကျပ်ငွေ ၅၆၂ သန်းရရှိခဲ့သည်။ ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သော လေလံပွဲမှ ရရှိသော အကျိုးအမြတ် များအား မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME) သို့ လှုဒါန်းခဲ့ပြီး မန္တလေးတွင် ကျင်းပခဲ့သော ဒုတိယ အကြိမ် လေလံပွဲမှရရှိသော အကျိုးအမြတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သင်းခရိုင် မိဘမဲ့ဂေဟာ များသို့ လှုဒါန်းခဲ့သည်။ တတိယ အကြိမ် လေလံပွဲမှ ရရှိသော အကျိုးအမြတ်များကိုမူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ လှုူဒါန်းခဲ့ပါသည်။

တယ်လီနော၏ လူမှုအကျိုးပြုလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေလံပွဲများကို စတင်ကျင်းပခဲ့ပြီး အဆိုပါ လေလံပွဲများမှ ရရှိလာသည့် အကျိုးအမြတ်များကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မိဘမဲ့ ဂေဟာတို့ အပါအဝင် အမျိုးမျိုးသော အဖွဲ့အစည်းများအတွက် လှုူဒါန်းလျက် ရှိပါသည်။ အခြားလူမှုအကျိုးပြုအစီအစဉ်များတွင် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှုကို မြှင့်တင်ပေးသည့် ‘တယ်လီနောအလင်းအိမ်’၊ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းပြီး တာဝန်သိစွာ အသုံးပြုနိုင်ရန် ကူညီပေးသည့် ‘အားလုံးအတွက် ဘေးကင်းလုံခြုံသည့် အင်တာနက်’၊ အကျိုးခံစားခွင့် နည်းသော ကလေးငယ်များအတွက် ကျောင်းပြင်ပ ပညာရေးကို ထောက်ပံ့ပေးနေသော မြန်မာရွေ့လျား ပညာ သင်ကြားရေးစီမံကိန်း၊ မိခင်နှင့် ကလေးများအတွက် ကျန်းမာရေး သတင်းအချက်အလက်များ ပေးနိုင်သည့် mHealth နှင့် သဘာ၀ဘေး အန္တရာယ် ကြုံတွေ့ရသူများအတွက် အရေးပေါ်နှင့် ပြန်လည်ထူထောင်ရေး အထောက်အပံ့ အကူအညီများ ပေးခြင်း စသည့် အစီအစဉ်များ ပါဝင်ပါသည်။

တယ်လီနောမြန်မာသည် လက်ရှိတွင် အသုံးပြုသူ ၁၉ သန်းခန့်အား နိုင်ငံတစ်ဝန်းရှိ တာဝါတိုင် အရေအတွက် စုစုပေါင်း ၇,၂၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာသည့် ဒေတာကွန်ရက်ဖြင့် ဝန်ဆောင်မှု ပေးနေပါသည်။

သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ


ဤစီမံကိန်း၏ ဦးတည်ချက်မှာ HIV ကူးစက်ခံထားရသော မိဘမဲ့ကလေးငယ်များကို မိဘများ၏ အချစ်မေတ္တာ၊ ဂရုဏာ များနှင့် ပြည့်နှက်နေသည့် နွေးထွေးသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ရန် ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် မိဘနှစ်ပါး ဆုံးပါးသွားပြီးသော၊ မိဘနှစ်ပါး သက်ရှိထင်ရှားရှိသော်လည်း လိုအပ်သော ထောက်ပံ့မှု မပေးနိုင်သော ၁ နှစ်ခွဲ မှ ၁၂ နှစ်အရွယ် HIV ကူးစက်ခံထားရသည့် ကလေးငယ်များကို ကြည့်ရှု့စောင့်ရှောက် ပေးနေသည်။ မိဘမဲ့ မဟုတ်သော HIV ရောဂါကူးစက်ခံထားရသည့် ကလေးငယ်များကိုလည်း အခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစား၍ လက်ခံပေး လျက်ရှိပါသည်။ ဂေဟာတွင် ကလေးငယ်ပေါင်း ၁၁၇ ဦးရှိသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor