တယ်လီနောမှ Goldie ရွှေရည်ဝင်းလဲ့ အား Chief People Officer အဖြစ် ခန့်အပ်

09 January, 2017 - Yangon

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် ဒေါ် Goldie ရွှေရည်ဝင်းလဲ့ အား ကုမ္ပဏီ၏ Chief People Officer (CPO) အဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုသည် ဇန်နဝါရီလ ၉ ရက်၊ ၂၀၁၇ ခုနှစ် ယနေ့မှစတင် အသက်ဝင်မည် ဖြစ်ပါသည်။ သူမအနေနှင့် နော် ေ နိုင်ငံရှိ တယ်လီနောလုပ်ငန်းစုသို့ ပြန်လည်အလုပ်လုပ်ကိုင်တော့မည် ဖြစ်သော Anne Birgitte Kverum ထံမှ CPO ရာထူးအား လွှဲပြောင်းရယူခြင်း ဖြစ်ပါသည်။

Goldie သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ တယ်လီနောတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး တယ်လီနော၏ Human Resources Business Partners ဌာန၏ တာ၀န်ခံ အဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် နိုင်ငံတကာ အဖွဲ့ အစည်း အများအပြားတွင် လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်၍ နှစ် ၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ ရှိသူ တစ်ဦးလည်း ဖြစ်သည်။ တယ်လီနော၌ အလုပ်မလုပ်ကိုင်မီ Goldie သည် Roche Pharmaceuticals ၏ မြန်မာ၊ ကမောၻဒီးယား နှင့် လာအိုနိုင်ငံဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်နှင့် စီမံခန့်ခွဲမှုဌာန၏ ဒါရိုက်တာအဖြစ် တာ၀န်ယူခဲ့ ပါသည်။ ထို့အပြင် သူမသည် ရန်ကုန်ရှိ အမေရိကန်သံရုံးတွင်လည်း လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ လုပ်ငန်းတာ၀န် များကို ၈ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

 

“တယ်လီနောမြန်မာရဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အဖြစ် Goldie ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုပါတယ်။ အခုဆိုရင် တယ်လီ နောရဲ့ စီမံခန့်ခွဲမှုအဖွဲ့မှာ လွန်ခဲ့တဲ့ သြဂုတ်လက ဘဏ္ဍာရေး အရာရှိချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ကာရိုလိုင်း ယဉ်ယဉ်ဌေး၊ ပြီးတော့ အခု Goldie တို့လို အတွေ့အကြုံကောင်းတွေရှိတဲ့ မြန်မာလူမျိုး ၂ ဦးပါဝင်လာတာကို အလွန်ဝမ်းသာမိပါတယ်။ Goldie ကို CPO အနေ နဲ့ တာဝန်ပေးအပ်နိုင်ခြင်းက တယ်လီနောမြန်မာကို ပြည်တွင်းပညာရှင်တွေနဲ့ တည်ဆောက် ထားတဲ့ ပြည်တွင်း ကုမ္ပဏီ ဖြစ်လာအောင် ဖော်ဆောင်မှု ခရီးစဉ်မှာ နောက်ထပ် မှတ်ကျောက်တစ်ခု တင်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ တယ်လီနောရဲ့ ထူးခြားတဲ့ လုပ်ငန်းဆောင်ရွက်မှု အလေ့အထနဲ့ လုပ်ထုံးလုပ်စဉ်တွေကို ပိုမိုတိုးတက်လာဖို့ ဆောင်ရွက်ရာမှာ သူမအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ပြီး သူ့ရဲ့ တာ၀န်၀တ္တရားတွေကို အောင်အောင်မြင်မြင် တာဝန်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

 

“တယ်လီနောမြန်မာရဲ့ ခေါင်းဆောင်မှုပိုင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတဲ့ အခုလို အခွင့်အရေးမျိုးကို ရရှိခဲ့တဲ့ အတွက် ကျွန်မအနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံက တယ်လီကွန်းကဏ္ဍဟာ အခုအချိန်အထိ နုရွယ်နေသေး တာမို့ ကုမ္ပဏီအနေနဲ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်တွင်းက အရည်အချင်းရှိတဲ့သူတွေရဲ့ အရည်အသွေး တိုးတက်မြင့်မားရေးအတွက်ကိုလည်း အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တယ်လီနော အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ တာဝန်သိစိတ် အပြည့်ရှိပြီး အလုပ်လုပ်ကိုင်တိုင်းတွေ လာရောက်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည်ဖို့ ဦးတည်ချက်ထားတာမို့ CPO တစ်ယောက်ဖြစ်တဲ့ ကျွန်မအနေနဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက် အလားအလာ တွေကို ပြည့်မြောက်အောင် လုပ်ဆောင်ပေးနို်င်ဖို့ အတွက် ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက် သွားနိုင်ဖို့ ရည်သန်ထားပါတယ်” ဟု Goldie ကပြောကြားသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 

ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ

အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor