တယ်လီနောမှ (၀)၉၇၆ ဖြင့်စသည့် နံပါတ်လှများကိုလေလံတင်ရောင်းချသွားမည်

28 December, 2016 - Yangon

  • အကျိုးအမြတ်များကိုသုခရိပ်မြုံလူငယ်
  • အကျိုးအမြတ်များကိုသုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် လှူဒါန်းသွားမည်

 တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) သည် အသုံးပြုသူများနံပါတ် ၁၀၀ အထိဝင်ရောက်လေလံဆွဲနိုင်ရန် စတုတ္ထအကြိမ်မြောက် အထူးဖုန်းနံပါတ် လေလံပွဲကိုကျင်းပသွားမည် ဖြစ်ကြောင်းကြေငြာခဲ့သည်။ ဤလေလံပွဲမှ ရရှိသောအကျိုးအမြတ်များကိုသုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ လှူဒါန်းသွားမည် ဖြစ်သည်။

(၀)၉၇၆ ဖြင့်စသည့် ဖုန်းနံပါတ်များတွင် (၀)၉၇၆ ၆၆၆ ၆၆၆၆၊ (၀)၉၇၆ ၉၉၉ ၉၉၉၉၊ (၀)၉၇၆ ၅၅၅ ၅၅၅၅ စသည့် လူကြိုက်များသည့် အထူးနံပါတ်များပါဝင်မည် ဖြစ်ပြီးအလားတူအခြားကိန်းဂဏန်းအစဉ်များပါဝင်သည့် နံပါတ်များကိုလည်းထည့်သွင်းထားသည်။ လေလံကြမ်းခင်းဈေးကိုဂဏန်း ၇ လုံး၊ ၈လုံးတူ အပူးနံပါတ်များအတွက် ကျပ်ငွေ သိန်း ၅၀ နှင့် အခြားနံပါတ်များမှာကျပ်ငွေ သိန်း ၃၀ ဟုသတ်မှတ်ထားသည်။ ဤအစီအစဉ်ကိုဥပဒေအကြံပေးကုမ္ပဏီ MN Associates မှ ကြီးကြပ်သွားမည် ဖြစ်သည်။

လေလံပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ ကြာသပတေးနေ့တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပသွားမည် ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ မှတ်ပုံတင်နံပါတ် သို့မဟုတ် ကုမ္ပဏီအသေးစိတ် အချက်အလက်များနှင့် ဘဏ်အကောင့်အချက်အလက်များကိုspecialnumber@telenor.com.mmသို့ ၂၀၁၇ ခုနှစ်။ ဇန်နဝါရီလ ၁၂ ရက်မတိုင်မီပေးပို့နိုင်သည်။ ထိုင်ခုံအရေအတွက် ကန့်သတ်ထားပါသဖြင့် လေလံပွဲမတိုင်မီတယ်လီနောမှ ရွေးချယ်ပြီးတက်ရောက်နိုင်သူများကိုအသိပေးသွားမည် ဖြစ်သည်။ ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်းလေလံပွဲများဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီးပွဲရက်နှင့် အချိန်များကိုဆက်လက်ကြေငြာသွားမည် ဖြစ်သည်။

“ဒစ်ဂျစ်တယ် ဆက်သွယ်ရေးရဲ့အကျိုးကျေးဇူးတွေ နဲ့ လူမှုဘဝတွေတိုးတက်စေပြီးပိုမိုကောင်းမွန်တဲ့ အနာဂတ်ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုတည်ဆောက်ဖို့အတွက် ကျွန်တော်တို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒီထဲကအချက်တစ်ချက်က ပြည်တွင်းကယဉ်ကျေးမှုနဲ့လိုက်လျောညီထွေဖြစ်အောင် လိုအပ်ချက်တွေ ရှိနေတဲ့ လူမှုပတ်၀န်းကျင်ကို ထောက်ပံ့ပေးဖို့ပဲဖြစ်ပါတယ်။ ဒီလေလံပွဲကတော့ အရင်အောင်မြင်မှုရခဲ့တဲ့ ပွဲတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပြီးအရင်ပွဲတွေကလည်းရခဲ့တဲ့ အကျိုးအမြတ်အားလုံးကိုမတူညီတဲ့ လူမှုအဖွဲ့အစည်းတွေမှာ လှူဒါန်းနိုင်ခဲ့ပါတယ်။ သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာက ကလေးတွေကိုဝိုင်းဝန်းထောက်ပံ့နိုင်ဖို့ ကျွန်တော်တို့ရဲ့ customer တွေနဲ့အတူလာမယ့်နှစ်သစ်မှာဒီလိုပွဲမျိုးပြုလုပ်ရမှာ ဖြစ်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။” ဟုတယ်လီနောမြန်မာ၏ Chief Marketing Officer ဖြစ်သော Joslin E Myrthong မှ ပြောကြားခဲ့သည်။

တယ်လီနော၏လူမှုအကျိုးပြုလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် လေလံပွဲများကိုစတင်ကျင်းပခဲ့ပြီးအဆိုပါ လေလံပွဲများမှ ရရှိလာသည့် အကျိုးအမြတ်များကိုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မိဘမဲ့ ဂေဟာတို့အပါအ၀င် အမျိုးအမျိုးသောအဖွဲ့အစည်းများတွင် လှူဒါန်းခဲ့သည်။

အခြားလူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များတွင် ဒစ်ဂျစ်တယ် နည်းပညာတတ်မြောက်မှုကို မြှင့်တင်ပေးသည့် ‘တယ်လီနောအလင်းအိမ်’ ၊ အင်တာနက် အသုံးပြုရာတွင် ဘေးကင်းပြီးတာဝန်သိစွာအသုံးပြုနိုင်ရန် ကူညီပေးသည့် ‘အားလုံးအတွက် ဘေးကင်းလုံခြုံသည့်အင်တာနက်’ ၊ မိခင်နှင့် ကလေးများအတွက် ကျန်းမာရေးသတင်းအချက်အလက်များပေးနိုင်သည့် mHealth နှင့် သဘာ၀ဘေးအန္တရာယ်ထိခိုက်ထားသောအသိုင်းအဝိုင်းများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း စသည်အစီအစဉ်များပါ၀င်သည်။

တယ်လီနောမြန်မာသည် လက်ရှိတွင် အသုံးပြုသူ ၁၈ သန်းကျော်ကို နိုင်ငံတဝန်းတာဝါတိုင် ၇၀၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာသည့် ဒေတာကွန်ယက်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။

သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ

ဤစီမံကိန်း၏ဦးတည်ချက်မှာ HIV ကူးစက်ခံထားရသောမိဘမဲ့ကလေးငယ်လေးများကိုမိဘများ၏အချစ်မေတ္တာ၊ဂရုဏာများနှင့် ပြည့်နှက်နေသည့် နွေးထွေးသောပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန် ဖြစ်သည်။အဆိုပါအစီအစဉ်တွင်မိဘနှစ်ပါးဆုံးပါးသွားပြီးသော၊မိဘနှစ်ပါးသက်ရှိထင်ရှားရှိသော်လည်းလိုအပ်သောထောက်ပံ့မှုမပေးနိုင်သော၁နှစ်ခွဲမှ၁၂နှစ်အရွယ် HIV ကူးစက်ခံထားရသောကလေးငယ်များကိုကြည့်ရှု့စောင့်ရှောက်ပေးလျက်ရှိသည်။မိဘမဲ့မဟုတ်သောHIVရောဂါကူးစက်ခံထားရသောကလေးငယ်များကိုလည်းအခြေအနေအရပ်ရပ်ကိုထည့်သွင်းစဉ်းစား၍လက်ခံပေးလျက်ရှိသည်။ဂေဟာတွင် ကလေးငယ်ပေါင်း၁၁၇ဦးရှိသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor