တယ်လီနောမြန်မာ၏အလုပ်သင်အစီအစဉ်စတင်

22 May, 2017 - Yangon

  • အလုပ်သင်အစီအစဉ်ကိုမေလနှင့် အောက်တိုဘာလများတွင် စတင်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)၏မေလဆန်းပိုင်းတွင် စတင်ခဲ့သည့် အလုပ်သင် အစီအစဉ်ကိုအစိုးရနှင့်ပုဂ္ဂလိကတက္ကသိုလ်/ကောလိပ်များမှ ကျောင်းသားကျောင်းသူ ၁၃ ယောက် ပါ၀င်ခွင့်ရခဲ့ပြီးယခုအချိန်တွင် ၎င်းတို့သည် တယ်လီနော၏ နည်းပညာ၊ ဈေးကွက် ဖော်ဆောင်ရေးနှင့် လူမှုအကျိုးပြုအစီအစဉ် လုပ်ငန်းကဏ္ဍများတွင် လေ့လာသင်ယူလျက်ရှိကြပါသည်။

အလုပ်သင်ဝန်ထမ်းများသည်၎င်းတို့၏သက်ဆိုင်ရာအလုပ်ခွင်များသို့မဝင်ရောက်မီအလုပ်ခွင်တွင်းသိသင့်သည်များကိုရှင်းလင်းပြောကြားပေးသည့်၃ရက်ကြာအလုပ်ခွင်မိတ်ဆက်အစီအစဉ်ကိုမေလ ၂ ရက်နေ့တွင် တက်ရောက်ခဲ့ကြပြီးအဆိုပါအစီအစဉ်တွင်တယ်လီနောလုပ်ငန်းစုနှင့်တယ်လီနော၏အလုပ်လုပ်ကိုင်သည့်နည်းစနစ်များကိုမိတ်ဆက်ပြောကြားခြင်း၊လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့်လုပ်ငန်းခွင်အတွင်းအချက်အလက်လုံခြုံမှုရေးရာများကိုရှင်းလင်းပြောကြားခြင်း၊အလုပ်သင်ဝန်ထမ်းများအနေနှင့်အလုပ်သင်အစီအစဉ်ကာလအတွင်းတွင်သင်ယူလေ့လာနိုင်မည့်အခွင့်အရေးများကိုရှင်းလင်းပြောကြားပေးခဲ့ပါသည်။ထို့ပြင် သက်ဆိုင်ရာလမ်းညွှန်ကြီးကြပ်သူများကအလုပ်သင်များအနေဖြင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပိုင်နိုင်စွာရရှိစေရန် ဆောင်ရွက်သင့်သည်များကိုလမ်းညွှန်ပေး ခြင်းတို့ကိုပါ ပြုလုပ် ပေးမည် ဖြစ်ပါသည်။

 

အစီအစဉ်ကိုအောင်မြင်စွာ ပြီးမြောက်သည့် အလုပ်သင်များကိုလည်းအလုပ်သင်အစီအစဉ်ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ်များကိုပေးအပ်မည်ဖြစ်ပါသည်။ ယခုနှစ်မှ စတင်ကာတယ်လီနောသည် မေလမှဇူလိုင်လအထိနှင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိအနည်းဆုံး ၃ လကြာမြင့်မည့် အလုပ်သင်အစီအစဉ်များအတွက် အလုပ်သင်များကိုလက်ခံလျက်ရှိပါသည်။ သတင်းအချက်အလက်နှင့် နည်းပညာ (Information Technology)၊ ကွန်ပျုတာသိပ္ပံ (Computer Sciences)၊ ကွန်ပျုတာနည်းပညာ (Computer Technology)၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာ (Electronic and Electrical Engineering)၊ စီးပွားရေးစီမံခန့်ခွဲမှု (Business Management)၊ လူ့အရင်းအမြစ် စီမံခန့်ခွဲမှု (Human Resources Management)၊ လူထုဆက်ဆံရေးရာနှင့် ဆက်သွယ်ပြန်ကြားရေးရာ (Public Relations and Communications) စသည့် ဘာသာရပ်များကိုအဓိကပြု ထားသည့် ကျောင်းသားကျောင်းသူများသည် တယ်လီနော၏ အလုပ်သင် အစီအစဉ်တွင် ပါ၀င်ရန် လျှောက်ထားနိုင်ပါသည်။ တယ်လီနော၏ လုပ်ငန်းကဏ္ဍများနှင့် ဆက်စပ်မှု ရှိသောအခြားဘာသာရပ်များကိုအဓိက ပြုသူများလည်းလျှောက်ထားနိုင်ပါသည်။

မေလအတွက် အလုပ်သင်များရွေးချယ်မှုကိုမတ်လနှင့်ဧပြီလများအတွင်း၊ အောက်တိုဘာလအတွက် ရွေးချယ်မှုကို သြဂုတ်လနှင့် စက်တင်ဘာလများအတွင်းဆောင်ရွက်မည် ဖြစ်ပါသည်။ စိတ်ပါ၀င်စားပြီး အရည်အချင်းကိုက်ညီမှု ရှိသည့် ကျောင်းသူကျောင်းသားများသည် လျှောက်လွှာများကိုတယ်လီနော၏ ၀က်ဘ်ဆိုက်တွင်ဒေါင်းလုတ်ရယူကာ ပြည့်စုံစွာ ဖြည့်စွက်ထားသည့် လျှောက်လွှာများကိုinternship@telenor.com.mmသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။ တယ်လီနော၏ အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ကာတက္ကသိုလ်/ကောလိပ် ၆ ခုမှ အလုပ်သင် ၂၆ ဦးကိုရွေးချယ်ပြီးလက်ခံလေ့ကျင့်ပေးခဲ့ပါသည်။

တယ်လီနော၏လူ့စွမ်းအားအရင်းအမြစ်၊ဘဏ္ဍာရေး၊စီးပွားရေးလည်ပတ်မှု၊နည်းပညာ၊လေ့လာသင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်ရှာဖွေရေး၊ပြန်ကြားဆက်သွယ်ရေးစသည့် လုပ်ငန်းကဏ္ဍများတွင်ပူးပေါင်း ပါ၀င် လေ့လာအလုပ်ခွင် ၀င်ခဲ့ကြပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor