ဆင်းကတ်များမှတ်ပုံတင်ရန် ၄၅ ရက်သာကျန် - မိမိတို့ဆင်းကတ်များကိုမှတ်ပုံတင်ထားကြပါရန် သုံးစွဲသူများအားတယ်လီနောကတိုက်တွန်း

15 February, 2017 - Yangon

  • အွန်လိုင်းနှင့် ကိုယ်တိုင်သွားရောက်မှတ်ပုံတင်နိုင်သောနည်းလမ်းများကိုမိတ်ဆက်ပေးထားပြီး ဖြစ်
  • ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်မှုရှိမည် ဖြစ် 

 

နိုင်ငံတော်အစိုးရကသတ်မှတ်ထားသောဆင်းကတ်မှတ်ပုံတင်ရန် နောက်ဆုံးရက်အမှီမိမိတို့၏ ဆင်းကတ်များကိုမှတ်ပုံတင်ထားရှိကြပါရန် သုံးစွဲသူများကိုတယ်လီနောကတိုက်တွန်းလိုက် ပါသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၀န်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများအားလုံးကို၂၀၁၇ခုနှစ်မတ်လ၃၁ရက်နေ့မတိုင်မီသုံးစွဲသူများ၏ဆင်းကတ်များအားလုံးမှတ်ပုံတင်ထားရန်ညွှန်ကြားထားပါသည်။

“တယ်လီနောအနေနဲ့ သုံးစွဲသူတွေအနေနဲ့ အွန်လိုင်းနဲ့ လက်လီအရောင်းဆိုင်တွေမှာအဆင်ပြေပြေချောချောမွေ့မွေ့ ဆင်းကတ်မှတ်ပုံတင်နိုင်စေဖို့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတယ်လီနောသုံးစွဲသူစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာစီစဉ်ပေးထားတဲ့ ချန်နယ်ပေါင်းစုံကနေမှတ်ပုံတင်ထားကြပြီးဖြစ်လို့ ကျနော်တို့အနေနဲ့ အားတက်ရပါတယ်။ ဆင်းကတ်မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ဟာရက်ပေါင်း၄၀ သာသာခန့်သာကျန်တော့တာမို့ ကျန်ရှိနေသေးတဲ့ ၃၀ ရာခိုင်နှုန်းသောသုံးစွဲသူတွေကိုလည်းမှတ်ပုံတင်ထားကြဖို့ တယ်လီနောအနေနဲ့ဆက်လက်တိုက်တွန်း နှိုးဆော် လိုပါတယ်”ဟုတယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိချုပ် Joslin Myrthong က ပြောကြားသည်။

အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆိုhttp://ecaf.telenor.com.mmသို့ ဝင်ရောက်ပြီးမှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေအိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။

လက်ရှိတွင် ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်းအမှတ်အသားထားရှိသောဆင်းကတ် လက်လီအရောင်းဆိုင်ပေါင်း၄၂,၀၀၀ ကျော်သည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ၀န်ဆောင်မှုများအား ပေးအပ် နေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့ အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်တွင်လည်းဆင်းကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုများဆက်လက်ပေးအပ်လျက်ရှိ်ပါသည်။ တယ်လီနောသည် အပတ်စဉ်နှင့် လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ကိုလည်း နိုင်ငံအနှံ့ ပြုလုပ်နေပြီးသုံးစွဲသူများအားမှတ်ပုံတင်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကိုရှင်းလင်းပြောကြားကာချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။



နိုင်ငံတစ် ှမ်းမှတယ်လီနောသုံးစွဲသူများသတ်မှတ်ရန်အမှီဆင်းကတ်မှတ်ပုံတင်ခြင်းပြီးစီးစေရေးအထောက်အကူပြုရန်မြို့နယ်ပေါင်း၅၂ခုရှိအလင်းအိမ်စင်တာများနှင့်ပူးပေါင်းဆောင်ရွက်ထားပါသည်။ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခြားအဖွဲ့အစည်းများနှင့် ထပ်မံပူးပေါင်းမည့် အစီအစဉ်များကိုလည်းမကြာမီထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။ ဆင််းကတ်များမှတ်ပုံတင်ရန်မှာဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီးဆင်းကတ်ကိုမှတ်ပုံတင်ထားခြင်း ဖြင့် သုံးစွဲသူများအနေနှင့် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်သောငွေရေးကြေးရေးဝန်ဆောင်မှုများကိုလုံခြုံစိတ်ချစွာအသုံးပြုနိုင်မည် ဖြစ်ပြီးဆင်းကတ်ပျောက်ဆုံးခြင်းသို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများရှိလာပါကဖြေရှင်းနိုင် သည့် အကျိုးကျေးဇူးများကိုရရှိကြမည် ဖြစ်ပါသည်။ ဆင်းကတ်များကိုမှတ်ပုံတင်ထားခြင်းမရှိပါကနိုင်ငံတော်အစိုးရကချမှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုမရှိသည့်အတွက်သက်ဆိုင်ရာဆက်သွယ်ရေး၀န်ဆောင်မှုကုမ္ပဏီများမှပေးအပ်ထားသောမိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံတင်ပြီးမှသာ၀န်ဆောင်မှုများ ပြန်လည်ရရှိမည် ဖြစ်ပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor