ဆင်းကတ်ပိုင်ဆိုင်မှုစစ်ဆေးခြင်း၊ အမည်ပြောင်းလဲခြင်းတို့အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်

15 September, 2017 - Yangon

တယ်လီနောအသုံးပြုသူများအနေဖြင့်ဆင်းကတ် ပိုင်ဆိုင်မှု စစ်ဆေးခြင်း နှင့်အကယ်၍ အချက်အလက်များပြောင်းလဲလိုပါကအမည်ပြောင်းလဲခြင်းတို့ကိုအွန်လိုင်းနှင့် မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် အလွယ်တကူ ပြုလုပ် နိုင်စေရန် တယ်လီနော မြန်မာကဝန်ဆောင်မှုများပေးအပ်လျက်ရှိနေပြီ ဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်ကစတင်ကာ နိုင်ငံတွင်းသုံးစွဲနေသောဆင်းကတ်အားလုံးမှတ်ပုံတင်ထားရှိရေးအတွက် မြန်မာနိုင်ငံအစိုးရကဆောင်ရွက်ခဲ့သောဆင်းကတ်မှတ်ပုံတင်မှု လုပ်ငန်းစဉ်ကိုတယ်လီကွန်းဆက်သွယ်ရေး ၀န်ဆောင်မှု ကဏ္ဍတစ်ခုလုံးကပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

“ကျွန်တော်တို့အနေနဲ့ အခုလက်ရှိအာရုံစိုက်ဆောင်ရွက်နေတာကတော့ အသုံးပြုသူတွေအားလုံးသူတို့ရဲ့ ဆင်းကတ် တွေကိုမှတ်ပုံတင်ထားရှိရာမှာမှန်ကန်မှုရှိစေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းကျနော်တို့ အနေနဲ့ ရိုးရှင်းပြီးအလွန်လွယ်ကူစွာဆောင်ရွက်နိုင်မယ့် ချန်နယ်မျိုးဆုံကိုဆောင်ရွက်ပေးထားတာ ဖြစ်ပြီးသုံးစွဲသူတွေအနေနဲ့ ကိုယ့်အမည်ပေါက် ဟုတ်မဟုတ် လွယ်လင့်တကူစစ်ဆေးနိုင်ပြီးပြောင်းလဲဖို့လိုတယ် ဆိုရင် အလွယ်တကူပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်”ဟုတယ်လီနောမြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေးအရာရှိ ချုပ် Joslin Myrthongက ပြောကြားသည်။

ဆင်းကတ်များကိုအချက်အလက် မှန်ကန်စွာမှတ်ပုံတင်ထားခြင်းဖြင့် မိမိဆင်းကတ်များပျောက်ဆုံး (သို့) ပျက်ဆီးသွားသည့် အခြေအနေများတွင် သုံးစွဲသူများအနေဖြင့် မိမိတို့ဆင်းကတ်ကို ပြန်လည် ရရှိစေရန် အထောက်အကူပြုမည် ဖြစ်ပါသည်။ ထို့အပြင် မိုဘိုင်းမှ တစ်ဆင့်ရရှိမည့် ငွေကြေး၀န်ဆောင်မှုများကိုလည်း စိတ်ချစွာရယူအသုံးပြုနိုင်ပြီး မိုဘိုင်း၀န်ဆောင်မှုများကို ပိုမိုအကျိုးရှိစွာအသုံးပြုနိုင်မည် ဖြစ်ပါသည်။

သုံးစွဲသူများအနေဖြင့် ဆင်းကတ်အမည်ပေါက်အခြေအနေကိုစစ်ဆေးရန် “500” သို့ “REG” ဟုစာတိုပေးပို့၍သော်လည်းကောင်း၊ *979*3*3# ကိုဖုန်းဆက်၍သော်လည်းကောင်းဆောင်ရွက်နိုင်ပါသည်။ အွန်လိုင်းမှ စစ်ဆေးရာတွင် http://ecaf.telenor.com.mmနှင့် My Telenor App (http://bit.ly/mytelenor24)တို့မှ တစ်ဆင့်ဆောင်ရွက်နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားရှိသောတယ်လီနော၏ အရောင်းပြခန်းပေါင်း ၉၀ ခန့်တွင် သွားရောက် မေးမြန်းအမည်ပြောင်းလဲနိုင်သည့်အပြင် တယ်လီနောစုံစမ်းမေးမြန်းရေးစင်တာသို့လည်းဆက်သွယ် မေးမြန်းနိုင်ပါသည်။ မှတ်ပုံတင်ထားသည့် နာမည်အားပြောင်းလဲလိုပါက နိုင်ငံသားမှတ်ပုံတင်ကတ်ပြားကဲ့သို့သောအသိအမှတ်ပြုကတ်ပြားတစ်ခုခု၏ ရှေ့နှင့်ကျောဘက်မိတ္တူကိုဖုန်းနံပါတ်နှင့်တကွ ပေးပို့ရမည် ဖြစ်ပါသည်။ ထို့အပြင့် verification ကုဒ် စာတိုလက်ခံရယူနိုင်ရန် ဆင်းကတ် နှင့်ဖုန်းကိုဖွင့်ထားရန် လိုအပ်ပါသည်။

မှတ်ပုံတင်ထားသောအမည်ကိုပြောင်းလဲလိုပါကသုံးစွဲသူများအနေဖြင့် တယ်လီနောအရောင်းပြခန်းများ၊ တယ်လီနော၀က်ဆိုက်၊ MyTelenor App ၊ Facebook messenger ၊ care@telenor.com.mm နှင့် Viber(၀၉၇၉၀၂၈၅၄၇၃, ၀၉၇၉၀၂၈၅၄၇၈နှင့် ၀၉၇၉၀၂၈၅၄၇၉)တို့မှတစ်ဆင့် လိုအပ်သောစာရွက်စာတမ်းများပေးပိုပြီးအလွယ်တူဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor