ကျောင်းသူ/သားများကိုအထောက်အကူပြုမည့်ပညာရေးပူးပေါင်းဆောင်ရွက်မှု ကတိက၀တ်တစ်ခုကိုတတိယမြောက် တက္ကသိုလ်တစ်ခုဖြင့် တယ်လီနောချုပ်ဆို

14 August, 2017 - Yangon

တယ်လီနောမြန်မာသည်လူငယ်လူရွယ် ကျောင်းသူကျောင်းသားများအနေနှင့် သက်ဆိုင်ရာပညာသင်ကြားမှု နယ်ပယ်များမှ ဗဟုသုတများပိုမိုအားကောင်းလာစေရန်နှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အသင့်အနေအထား ဖြစ်နေစေရေးအထောက်အကူ ဖြစ်စေရန် ပညာရေးပူးပေါင်းဆောင်ရွက်မှုကတိက၀တ်တစ်ရပ်ကိုယခုလဆန်းကတတိယမြောက် တက္ကသိုလ်တစ်ခုနှင့် ထပ်မံလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

ကတိက၀တ်ကို တယ်လီနောနှင့် တတိယမြောက်လက်မှတ်ရေး ထိုးလိုက်သောတက္ကသိုလ်မှာမှော်ဘီ နည်းပညာတက္ကသိုလ် ဖြစ်ပြီးယခုသဘောတူညီချက်အရ မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသူကျောင်းသားများ အတွက်အသက်မွေးဝမ်းကျောင်းနှင့်ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးဟောပြောပွဲများ၊လုပ်ငန်းခွင်လေ့လာရေးသွားရောက်မှုများနှင့် အလုပ်သင်အစီအစဉ်များအား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။အသက်မွေးဝမ်းကျောင်းဆိုင်ရာဆွေးနွေးဟောပြောပွဲများတွင်အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှ င့်တယ်လီနောရှိ လေ့လာသင်ယူမှုနှင့် အရည်အသွေးတိုးတက်မှု ဆိုင်ရာအခွင့်အလမ်းများနှင့် ပတ်သက်၍ အဓိကဟောပြောသွားမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်လေ့လာရေးသွားရောက်မှုများတွင် ကျောင်းသူကျောင်းသားများအနေနှင့် ပညာရပ်ပိုင်းဆိုင်ရာလုပ်ငန်းခွင်များနှင့် ကိုယ်တိုင်ကိုယ်ကျထိတွေ့လေ့လာခွင့် ရရှိမည် ဖြစ်ပါသည်။

 လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးဆုံးပြီးနောက် သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ် ဆွေးနွေးဟောပြောပွဲအား ကျောင်းသားကျောင်းသူပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် တယ်လီနောမှ ကျွမ်းကျင်သူများမှနေ၍ ကုမ္ပဏီတွင် ရရှိနိုင်သည့် လေ့လာသင်ကြားမှုဆိုင်ရာ အခွင့်အလမ်းများ၊ တယ်လီနော၏ အလုပ်သင် အစီအစဉ်နှင့် လုပ်ငန်းခွင်နည်းပညာသင်တန်းသား အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

တယ်လီနောသည် မြန်မာနိုင်ငံရှိလူငယ်များ အနေဖြင့်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင်ပိုမိုအရည်အချင်း ပြည့်ပြည့် ဝ၀နှင့်လုပ်ကိုင်နိုင်စေရေးအထောက်အကူဖြစ်စေရန်ကူညီပံ့ပိုးမှု အစီအစဉ်များကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပြီး ပညာရေးပူးပေါင်းဆောင်ရွက်မှု ကတိက၀တ်များသည် ယင်းအစီအစဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ တယ်လီနောနှင့် လက်မှတ်ရေးထိုး ထားပြီးသောတက္ကသိုလ်/ကောလိပ်များမှာ ပြီးခဲ့သည့် ဖေဖော်၀ါရီလအတွင်း တွင်သန်လျင် နည်းပညာတက္ကသိုလ်နှင့် ဇွန်လအတွင်းတွင် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် တို ဖြစ်ကြ ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor