ကျောင်းသူကျောင်းသားများအထောက်အကူပြုရန် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် တယ်လီနောတို့ ပညာရေးပူးပေါင်းဆောင်ရွက်မှု ကတိက၀တ် ချုပ်ဆို

20 June, 2017 -

  • ပထမအကြိမ် ဆွေးနွေးဟောပြောပွဲအားကျောင်းသူကျောင်းသားပေါင်း ၂၅၀ ကျော် တက်ရောက်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) နှင့် အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်တို့သည် ကျောင်းသူကျောင်းသားများအနေနှင့်သက်ဆိုင်ရာပညာသင်ကြားမှု နယ်ပယ်များမှ ဗဟုသုတများပိုမိုအားကောင်းလာစေရန်နှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ရာတွင် အသင့်အနေအထား ဖြစ်နေစေရေးအထောက်အကူ ဖြစ်စေရန် ပညာရေးပူးပေါင်းဆောင်ရွက်မှုကတိက၀တ်တစ်ရပ်ကို ပြီးခဲ့သည့်သီတင်းပတ်ကလက်မှတ်ရေးထိုးခဲ့ကြပါသည်။

“မြန်မာနိုင်ငံကလူငယ်တွေ အနေနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ လုပ်ကိုင်ရာမှာပိုမိုအရည်အချင်း ပြည့်ဝစွာလုပ်ကိုင်နိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေအားပေးကူညီလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်တွေကို ကျွန်မတို့ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ လူငယ်တွေကိုအားပေးကူညီလိုတဲ့ ကျွန်မတို့ရဲ့ အားထုတ်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒီလိုအမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ အတွက် ကျေနပ်အားရမိပါတယ်။ ဒီသဘောတူညီမှုကနေတဆင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကကျောင်းသားကျောင်းသူတွေ အနေနဲ့ သက်ဆိုင်ရာပညာသင်ကြားမှုနယ်ပယ် တွေကဗဟုသုတတွေ ပိုမိုရရှိလာစေနိုုင်ဖို့နဲ့ လုပ်ငန်းခွင် ဝင်ရောက်ရာမှာအသင့်အနေအထား ဖြစ်နေစေဖို့ အခွင့်အလမ်းတွေ ရရှိစေမယ်လို့ယုံကြည်မိပါတယ်” ဟုတယ်လီနောမြန်မာ၏ Chief People Officer ဖြစ်သူ Goldie ရွှေရည်ဝင်းလဲ့ကပြောကြားပါသည်။

ယခုပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာသဘောတူညီမှုအရတယ်လီနောသည် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ စီးပွားရေးစီမံခန့်ခွဲမှု (Business Management)၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ(English for Professional Purposes) နှင့် စာနယ်ဇင်း(Journalism) ဘာသာရပ် အထူးပြု ကျောင်းသူကျောင်းသားများအတွက် အသက်မွေးဝမ်းကျောင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးဟောပြောပွဲများ၊ လုပ်ငန်းခွင် လေ့လာရေးသွားရောက်မှုများ နှင့် အလုပ်သင် အစီအစဉ်များအား ပြုလုပ်ပေးသွားမည် ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာဆွေးနွေးဟောပြောပွဲများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများနှင့် တယ်လီနောရှိလေ့လာသင်ယူမှုနှင့် အရည်အသွေးတိုးတက်မှုဆိုင်ရာအခွင့်အလမ်းများနှင့် ပတ်သက်၍ အဓိကဟောပြောသွားမည် ဖြစ်ပါသည်။ လုပ်ငန်းခွင် လေ့လာရေးသွားရောက်မှုများတွင် ကျောင်းသူကျောင်းသားများအနေနှင့် ပညာရပ်ပိုင်းဆိုင်ရာလုပ်ငန်းခွင်များနှင့် ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လေ့လာခွင့် ရရှိမည် ဖြစ်သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးဆုံးပြီးနောက်သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်ကျင်းပခဲ့သည့် ပထမအကြိမ် ဆွေးနွေးဟောပြောပွဲအားကျောင်းသားကျောင်းသူပေါင်း ၂၅၀ ကျော်တက်ရောက်ခဲ့သည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် တယ်လီနောမှ ကျွမ်းကျင်သူများမှနေ၍ ကုမ္ပဏီတွင် ရရှိနိုင်သည့် လေ့လာသင်ကြားမှုဆိုင်ရာအခွင့်အလမ်းများ၊ အလုပ်အကိုင် ခန့်အပ်ခံရမှု ပိုမိုအားကောင်းလာစေရန်အကြံပေးချက်များနှင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့စွာစီးပွားရေးလုပ်ကိုင်ခြင်း၏ အရေးပါမှုများအားရှင်းလင်းပြောကြားခဲ့ပါသည်။

 

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် ပညာရေးပူးပေါင်းဆောင်ရွက်မှုကတိက၀တ်ကို တယ်လီနောနှင့်လက်မှတ်ရေးထိုးခဲ့သည့် ဒုတိယမြောက် အဖွဲ့အစည်းဖြစ်ပါသည်။ ပထမဦးဆုံးလက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းမှာသန်လျင်နည်းပညာတက္ကသိုလ်ဖြစ်ပြီးလက်မှတ်ရေးထိုးမှုကိုဖေဖော်ဝါရီလလယ်က ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိလူငယ်လူရွယ် ကျောင်းသူကျောင်းသားအများအတွက် အထောက်အကူဖြစ်စေရန် အလုပ်သင် အစီအစဉ်နှင့် နည်းပညာဆိုင်ရာအလုပ်ခွင် သင်တန်းသားအစီအစဉ်တို့ကိုလည်းတယ်လီနောကမိတ်ဆက်ထားပြီး ဖြစ်ပါသည်။ တယ်လီနောသည် ၂၀၁၆ ခုနှစ်တွင် အလုပ်သင် အစီအစဉ်ကိုစတင်ခဲ့ပြီးကျောင်းသားများ၏ စာတွေ့အသိပညာကိုလက်တွေ့ အတွေ့အကြုံဖြင့် ချိတ်ဆက်ပေါင်းကူးပေးရန် အခွင့်အလမ်းများပေးအပ်လျက်ရှိသည်။ အလုပ်သင်ကာလသည် တက္ကသိုလ်အပေါ်မူတည်၍ ၂ လ မှ ၃ လ အထိ ကြာမြင့်ပြီးလက်ရှိတွင် အလုပ်သင်အရေအတွက် ၃၉ ဦးအထိလက်ခံခဲ့ပြီး ဖြစ်သည်။ တယ်လီနောသည် ၁ နှစ်ကြာမြင့်သောနည်းပညာဆိုင်ရာအလုပ်ခွင် သင်တန်းသားအစီအစဉ်ကိုမေလတွင် မိတ်ဆက်ခဲ့ပြီးဘွဲ့ရပြီးကျောင်းသား ၁၀ ဦးကိုပထမဆုံးအနေဖြင့် လက်ခံသွားမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor