ကျိုက်ထီးရိုးဘုရားတွင် အနယ်နယ်အရပ်ရပ်မှ တယ်လီနောသုံးစွဲသူများဆင်းကတ်မှတ်ပုံတင်နိုင်

28 December, 2016 - Yangon

 တယ်လီနောမြန်မာလိမိတက် (“တယ်လီနော”) သည် အနယ်နယ် အရပ်ရပ်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ သွားရောက်ဖူးမျှော်ကြမည့် သုံးစွဲသူများအတွက် ဒီဇင်ဘာ လ ၃၀ ရက်နေ့မှ ဇန်န၀ါရီလ ၁ရက်နေ့အတွင်းဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အခြား၀န်ဆောင်မှုများကို ပေးအပ် သွားမည် ဖြစ်ပါသည်။

တယ်လီနောကောင်တာကိုကျိုက်ထီးရိုးတောင်ခြေအနီးစခန်းတွင် ဖွင့်လှစ်ထားမည် ဖြစ်ပြီးဆင်းကတ်မှတ်ပုံမတင်ရသေးသည့် တယ်လီနောသုံးစွဲသူများအနေဖြင့် မိမိမှတ်ပုံတင် (သို့မဟုတ်) အခြားအသိအမှတ်ပြု သက်သေခံကတ်တစ်ခုခုနှင့်အတူ အလွယ်တကူ၀င်ရောက် မှတ်ပုံတင်နိုင်ပါသည်။ ထို့ပြင် တယ်လီနော၏ အခြား ၀န်ဆောင်မှုများကိုလည်း ယင်းကောင်တာတွင် ရရှိနိုင်မည်လည်း ဖြစ်သည်။ တယ်လီနောဆင်းကတ် အဟောင်းများကို မြန်နှုန်းမြင့် ‘USIM’ များဖြင့် လဲလှယ်သူများကိုလည်း 500 MB အခမဲ့ပေးအပ်မည် ဖြစ်ပါသည်။သုံးစွဲသူများအတွက် လိုအပ်သော Facebook၊ Viber နှင့် My Telenor စသည့် အက်ပလီကေးရှင်းများထည့်သွင်းခြင်းနှင့် လူမှုကွန်ရက်များကိုသုံးစွဲရန် ကိုယ်ပိုင်အကောင့် ဖွင့်လှစ်ခြင်းတို့ကိုလည်းအခမဲ့ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ သုံးရက်တာကာလအတွင်းဘုရားဖူးများအပမ်းပြေစေရန်အတွက် မျက်လှည့်ပြပွဲနှင့် အခြားဂိမ်းကစားပွဲများကိုပါအခမဲ့ ကြည့်ရှုနိုင်စေရန် စီစဉ်ထားမည် ဖြစ်ပါသည်။

 

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင်
ကော်ပိုရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ 
တယ်လီနော မြန်မာ
အီးမေလ်း : nyinyi.aung@telenor.com.mm

Yangon
My Telenor