ကလေးငယ်များအတွက် အဆင့်မြင့် ကျောင်းပြင်ပပညာရေးနှင့် သက်မွေး၀မ်းကျောင်း သင်တန်းဆင်းပွဲကျင်းပ

13 June, 2017 -

သင်တန်းဆင်းပွဲကို‘ကမ္ဘာ့ကလေးလုပ်သားပပျောက်ရေးနေ့’အထိမ်းအမှတ်အဖြစ်လည်းကျင်းပခြင်းဖြစ်

တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”)အမှတ်တံဆိပ် လက်ဘက်ရည် ဆိုင်များတွင် အလုပ်လုပ်ကိုင်လျက် ရှိသောကလေးများအတွက် အဓိကဖွင့်လှစ်ပေးထားသည့် ကျောင်းပြင်ပပညာရေးသင်တန်းသင်တန်းဆင်းပွဲကိုတယ်လီနောနှင့် တယ်လီနော၏ လုပ်ငန်းလက်တွဲဆောင်ရွက်လျက်ရှိသည့် မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (MyME)တို့ပူးပေါင်း၍ ဇွန်လ ၁၂ ရက်နေ့ကကျင်းပခဲ့ပါသည်။ ယင်းသင်တန်းဆင်းပွဲအခမ်းအနားကို နှစ်စဉ် ဇွန်လ ၁၂ နေ့တွင်ကျရောက်သည့်‘ကမ္ဘာ့ကလေးလုပ်သားပပျောက်ရေးနေ့’အထိမ်းအမှတ် အဖြစ်လည်းကျင်းပခြင်းဖြစ်ပြီးယင်းနေ့ကိုကလေးလုပ်သားများကိုပုံစံအမျိုးမျိုးဖြင့် ခိုင်းစေမှု ပပျောက်စေရေးတစ်ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်အဖြစ် လုပ်ဆောင်လာကြစေရန် ရည်ရွယ်ပြီး နိုင်ငံတကာတွင် နှစ်စဉ် ကျင်းပနေကြခြင်း ဖြစ်ပါ သည်။

ကျောင်းပြင်ပပညာရေးအဆင့် (၃) သင်တန်းများကိုတက်ရောက်ခဲ့သည့် ကလေးငယ် ၃၀ ဦးအနက် ၁၆ ဦး ပြီးမြောက် အောင်မြင်ခဲ့ပြီးသင်တန်းဆင်းပွဲတွင် ၎င်းတို့အားသင်တန်းပြီးမြောက်အောင်မြင်ကြောင်းအသိအမှတ်ပြု လက်မှတ်များကိုချီးမြင့်ခဲ့ပါသည်။

ကျောင်းပြင်ပပညာရေးအဆင့် (၃) သင်တန်းများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလကMyMe က စတင်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းတတ်ရောက်သည့် ကလေးများ၎င်းတို့၏ အနာဂတ် အလုပ်ခွင်တွင်းတိုးတက်မှုရှိစေရန်အထောက်အကူအဖြစ်ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာတတ်မြောက်ရေးသင်တန်းစာများ၊ ပြည်သူ့ကျင့်၀တ်ဆိုင်ရာများ၊ အင်္ဂလိပ်စကားပြောသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့ကိုသင်ကြားပေးခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင် MyME ၏ အသက်မွေး၀မ်းကျောင်း သင်တန်းကို ပြီးမြောက်အောင်မြင်ခဲ့သောကလေးငယ် ၃၀ ဦးအားလည်းသင်တန်းအောင်မြင်မှု အသိအမှတ်ပြု လက်မှတ်များချီးမြင့်ခဲ့ပါသည်။ သက်မွေး၀မ်းကျောင်း သင်တန်းအဖြစ် ဟိုတယ်၀န်ဆောင်မှုဆိုင်ရာနှင့် အပ်ချုပ်နှင့် အလှအပဒီဇိုင်းတီထွင်မှုဆိုင်ရာသင်တန်းများကိုMyME နှင့် လက်တွဲလုပ်ငန်းဆောင်ရွက်သည့် အဖွဲ့များကသင်ကြားပေးခဲ့ကြသည်။

“လက်ဘက်ရည်ဆိုင်တွေမှာအလုပ်လုပ်နေတဲ့ ကလေးငယ်တွေအတွက် အနာဂတ်လှပဖို့နဲ့ မညီမျှမှုတွေ လျော့နည်းစေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ MyMEရဲ့ အခုလိုဆောင်ရွက်ချက်တွေကိုအားရကျေနပ်မိပါတယ်။ ကလေးငယ်တွေရဲ့ လူနေမှု အဆင့်အတန်းမြင့်မားလာစေဖိုနဲ့ လူမှုအသိုင်းအ၀ိုင်းနဲ့ နိုင်ငံစီးပွားရေးကိုလည်းအပြုသဘောအကျိုးပြုစေဖို့ရာကလေးတွေရဲ့ အရည်အသွေးတွေပိုမိုတောက်ပြောင်လာအောင် ဆက်လက်ဆောင်ရွက်ပေးနေမယ်လို့လည်းမျှော်လင့် ယုံကြည်ထားပါတယ်” ဟုတယ်လီနောမြန်မာ၏ရေရှည်တည်တံ့သောလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍ တာ၀န်ခံ ဦးမင်းသူကပြောကြားသည်။

ကျောင်းပြင်ပပညာရေးသင်ကြားပေးမှု


MyME ၏ ရွေ့လျားစာသင်ခန်းသည် လက်ရှိအစီအစဉ်တွင် တက်ရောက်သင်ကြားသည့် ကလေးငယ်များအတွက် ဆရာဆရာမများ၊ အရည်အသွေးပြည့်ဝသောပညာရေးနှင့် စာသင်အထောက်အကူပြုပစ္စည်းများစသည်တို့ကိုအလွယ်တကူရယူသုံးစွဲသင်ကြားခွင့် ရနိုင်ရန် စီစဉ်ထားပါသည်။ ကလေးငယ်တိုင်းအားတစ်ပတ်လျှင် ၆ နာရီကြာသင်ခန်းစာများသင်ကြားပေးမည်ဖြစ်သည်။ အခြေခံစာဖတ်စာရေးတတ်မြောက်မှု၊ သင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုများအပြင် ကျောင်းသားငယ်များအားသင်ကြားမှုတစ်ဆင့် အချက်ကျကျ တွေးခေါ်နိုင်စွမ်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေဆိုင်ရာဗဟုသုတများသာမကကာကွယ်တားဆီးနိုင်သောရောဂါများအကြောင်းနားလည်သဘောပေါက်လာရန်လည်းသင်ကြားပေးသည်။

MyMEသည် အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သောကျောင်းပြင်ပပညာရေးကို မြန်မာနိုင်ငံရှိ မြို့များစွာမှ လက်ဘက်ရည်ဆိုင်များ၊ လမ်းဘေးစားသောက်ဆိုင်များ၊ ဘုန်းတော်ကြီးစာသင်ကျောင်းများနှင့် နွမ်းပါးသောအသိုင်းအဝိုင်းများရှိကလေးငယ် ၃၀၀၀ ကျော်ကိုသင်ကြားပေးပြီး ဖြစ်ပါသည်။

ကလေးအလုပ်သမားခိုင်းစေမှုများလျော့ပါးလာစေရန်တယ်လီနော၏ ကျောင်းပြင်ပပညာရေးဆိုင်ရာပံ့ပိုးဆောင်ရွက်ချက်


တယ်လီနောကယင်း၏ ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကို ထောက်ပံ့မှု လုပ်ငန်းစဉ်များတွင် ကလေးငယ်နှင့် အသက်ငယ်ရွယ် သေးသည့် အလုပ်သမားများခိုင်းစေမှုများကိုလျော့နည်းပပျောက်စေရန် နှင့် မြန်မာနိုင်ငံတွင် အလုပ်ခွင်ဆိုင်ရာစံနှုန်းသတ်မှတ်မှု မြင့်မားစေရေး ကြိုးပမ်းအားထုတ်မှုများကိုတွန်းအားပေးရန် စူးစိုက် ဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာရွေ့လျားပညာရေးစီမံကိန်းဖြင့် ပူးပေါင်းကာရန်ကုန်နှင့် မန္တလေးမြို့များရှိတယ်လီနောအမှတ်တံဆိပ် လက်ဘက်ရည်ဆိုင်များရှိအသက်ငယ်ရွယ်သေးသည့် အလုပ်သမားများအတွက် ကျောင်းပြင်ပပညာရေးပို့ချပေးမှုများကိုဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံဥပဒေကအလုပ်စတင် လုပ်နိုင်မည့် အသက်ကို ၁၄ နှစ်အဖြစ် သတ်မှတ်ထားရာယင်းသတ်မှတ်ထားသည့် အသက်အောက် ငယ်ရွယ်သူများကိုတယ်လီနောအမှတ်တံဆိပ် လက်ဘက်ရည်ဆိုင်များအနေဖြင့် ခန့်အပ်ခိုင်းစေခြင်းမပြုရပါ။ ယင်းလက်ဘက်ရည်ဆိုင်များသည် တယ်လီနော၏ ၀န်ထမ်းအင်အား ၁၁ ဦးရှိသောကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရေး၊ လုံခြုံရေးနှင့် ပတ်၀န်းကျင်ဆိုင်ရာအဖွဲ့၏ ရှောင်တခွင် စစ်ဆေးမှု များကိုခွင့်ပြုရန်လည်းသဘောတူထားကြပါသည်။

မီဒီယာများဆက်သွယ်ရန်

အဲလက်စ် ညီညီအောင် 
ကော်ပရိတ်ရေးရာဆက်သွယ်ပြန်ကြားရေးဌာန၊ တယ်လီနော မြန်မာ
အီးမေလ်း  : nyinyi.aung@telenor.com.mm

My Telenor