ရည်မှန်းချက် ရည်ရွယ်ချက်နှင့် တန်ဖိုးများ | Telenor Myanmar

ရည်မှန်းချက် ရည်ရွယ်ချက်နှင့် တန်ဖိုးများ

ဆက်သွယ်ရေးသည် လူတို့၏ နေ့စဉ်ဘဝအတွက် တစ်နေ့တစ်ခြား အရေးပါသော ကဏ္ဍမှ ရပ်တည်လျက် ရှိပါသည်။ ​ကျွန်ုပ်​တို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက် နှင့် တန်ဖိုးများသည် တယ်လီနော၏ ရှေ့လျှောက် ဆောင်ရွက်မှုများအပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် မြန်မာလူထု၏ ဘဝကို စွမ်းအင်မြှင့်တင်ခြင်းစသည့် တိုးတက်ပြောင်းလဲမှုများတွင် တယ်လီနောမှပါဝင်မည့်အခန်းကဏ္ဍ ကို ဖော်ပြလျက်ရှိပါသည်။

​ကျွန်ုပ်​တို့၏ ရည်မှန်းချက် - ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို စွမ်းအင်မြှင့်တင်ခြင်း။

​ကျွန်ုပ်​ တို့သည် ဒစ်ဂျစ်တယ် ဆက်သွယ်ရေး၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် ဘဝကိုပြောင်းလဲ တိုးတက်စေခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ ထူထောင်ခြင်း နှင့် အားလုံးအတွက် လုံခြုံသော အနာဂတ် ကို တည်ဆောက်နိုင်ရန် ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။ ​ကျွန်ုပ်​တို့ ရည်မှန်းချက်ဖြစ်သော လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို စွမ်းရည်မြှင့်တင်ခြင်းသည် ​ကျွန်ုပ်​တို့သည် အချက်အချာကျသော အခြေခံ အုတ်မြစ်များ၊ ဝန်ဆောင်မှုအသစ်များ၊ ပစ်စည်းအသစ်များ ကို ယူဆောင်လာခြင်းဖြင့် အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုတို့ကို အားပေးလျက်ရှိပါသည်။

​ကျွန်ုပ်​တို့၏ ရည်ရွယ်ချက် - အသုံးပြုသူများကို ကူညီပံ့ပိုးပေးရန်။

​ကျွန်ုပ်​တို့သည် ဆက်သွယ်မှုရှိနေခြင်း၏ အကျိုးကျေးဇူးများကို အသုံးပြုသူများ အပြည့်အဝ ခံစားစေနိုင်ရန် ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။ ​ကျွန်ုပ်​တို့၏ အောင်မြင်မှုကိုအသုံးပြုသူများမှ နှစ်သက်စွာတန်ဖိုးထားအသုံးပြုမှုဖြင့် တိုင်းတာပါသည်။

​ကျွန်ုပ်​တို့၏ တန်ဖိုးများ

​ကျွန်ုပ်​တို့ထားရှိသော တန်ဖိုးများသည် ​ကျွန်ုပ်​တို့၏ နေ့စဉ်လုပ်ငန်းအတွက် အထောက်အပံ့ပေးသော စံများ ဖြစ်ပါသည်။ ၄င်းတို့သည် ​ကျွန်ုပ်​တို့၏ အသုံးပြုသူများကို မည်သို့ဝန်ဆောင်မှုပေးရမည် နှင့် အတူတကွ လုပ်ငန်းဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်းဆောင်ရွက်ရမည်ကို လမ်းကြောင်းပြသပေးပါသည်။

  • လေးစားမှု: ​ကျွန်ုပ်​တို့သည် မြန်မာ့ယဉ်ကျေးမှုကို လေးစားပြီး အသိအမှတ်ပြုကာ ​ကျွန်ုပ်​တို့ လုပ်ငန်းဆောင်ရွက်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင် တစ်သားတည်း ဆောင်ရွက်လိုပါသည်။
  • ကတိတည်ကြည်မှု:  ​ကျွန်ုပ်​တို့သည် အပြောမဟုတ် အလုပ်နှင့်သာ သက်သေပြသည့် အဖွဲ့အစည်းဖြစ်ပါသည်။
  • လွယ်ကူချောမွေ့မှု:  ​ကျွန်ုပ်​တို့သည် မည်သည်ကိုမှ ခက်ခဲရှုပ်ထွေးအောင်မပြုလုပ်ပါ။ ​ကျွန်ုပ်​တို့ထံမှ ရရှိသော ပစ္စည်း၊ ဝန်ဆောင်မှုအားလုံးသည် နားလည်အသုံးပြုရန် လွယ်ကူပါသည်။
  • စိတ်အားထက်သန်မှု:  ​ကျွန်ုပ်​တို့သည် တိုးတက်မည့်် နည်းလမ်းသစ်များကို ရှာဖွေလျက်ရှိပြီး တန်ဖိုးထားမှုကို ရရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။
My Telenor