ပညာသင်ကြားနေဆဲ နှင့် ဘွဲ့ရပြီးစ ကျောင်းသူကျောင်းသားများအတွက် အလုပ်သင်ဝန်ထမ်းအစီအစဉ် စတင် | Telenor Myanmar

ပညာသင်ကြားနေဆဲ နှင့် ဘွဲ့ရပြီးစ ကျောင်းသူကျောင်းသားများအတွက် အလုပ်သင်ဝန်ထမ်းအစီအစဉ် စတင်

အောက်တိုဘာလ ၅ ရက်၂၀၁၆၊ ရန်ကုန် - တယ်လီနောမြန်မာလီမိတက် (“တယ်လီနော”) အနေနှင့် မြန်မာနိုင်ငံအတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားနေဆဲ နှင့် ဘွဲ့ရပြီးစ ကျောင်းသူကျောင်းသားများအတွက် အလုပ်သင် ဝန်ထမ်းအစီအစဉ်ကို ယခုသီတင်းပတ်တွင် စတင်လိုက်သည်။ လျှောက်ထားသူစုစုပေါင်း ၂၀၀ ခန့်အနက် ၂၆ ယောက် သည် တယ်လီနော၏ ပထမဆုံး အလုပ်သင်အစီအစဉ်တွင် ပါ၀င်ခွင့်ရရှိခဲ့ပါသည်။


 

အလုပ်သင်ဝန်ထမ်းအဖြစ် လျှောက်ထားကြသူများမှာ နည်းပညာတက္ကသိုလ်(သန်လျင်)၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ Myanmar Imperial College နှင့် Human Resource Management Institute တက္ကသိုလ်နှင့်ကောလိပ် ၆ ကျောင်းတို့မှဖြစ်သည်။ ၎င်းအလုပ်သင်ဝန်ထမ်း များအနေနှင့် တယ်လီနော၏ လုပ်ငန်းကဏ္ဍများဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး၊ စီးပွားရေးလည်ပတ်မှု၊ နည်းပညာ၊ သင်ယူလေ့လာရေး၊ စျေးကွက်ရှာဖွေရေး၊ ကော်ပိုရိတ်ဆိုင်ရာ ဆက်သွယ်ရေး ကဏ္ဍများတွင် ဝင်ရောက် သင်ယူ လုပ်ကိုင်ကြမည်ဖြစ်သည်။

တယ်လီနောအနေနှင့် အလုပ်သင်ဝန်ထမ်များအား ၎င်းတို့၏သက်ဆိုင်ရာ အလုပ်ခွင်များသို့ မဝင်ရောက်မီ သိသင့်သည် များကို ရှင်းလင်းပြောကြားသည့်အနေဖြင့် ၃ ရက်ကြာ အလုပ်ခွင် မိတ်ဆက်အစီအစဉ်ကို ပြုလုပ်ပေးခဲ့သည်။ အဆိုပါ အစီ အစဉ်တွင် တယ်လီနော လုပ်ငန်းစုနှင့် တယ်လီနော၏အလုပ်လုပ်ကိုင်သည့် နည်းစနစ်များကို မိတ်ဆက်ပြောကြားခြင်း၊ လုပ်ငန်းဆိုင်ရာကျင့်ဝတ်စည်းမျဉ်းအကြောင်းနှင့် လုပ်ငန်းခွင်အတွင်း အချက်အလက်လုံခြုံမှု ရေးရာများကို ရှင်းလင်း ပြောကြား ပေးခဲ့သည်။ ထို့အပြင် အလုပ်သင်ဝန်ထမ်းများအနေနှင့် အဆိုပါအလုပ်သင်အစီအစဉ်ကာလ အတွင်းတွင် သင်ယူ လေ့လာနိုင်မည့် အခွင့်အရေးများနှင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကိုပါ ရရှိအောင် ဆောင်ရွက်သင့် သည် များကို လမ်းညွှန်ပေးခဲ့ပါသည်။

တယ်လီနော၏ အလုပ်သင်ဝန်ထမ်းခေါ်ယူမည့် အစီအစဉ်ကို မိတ်ဆက်သည့်အနေဖြင့် သြဂုတ်လတွင် တက္ကသိုလ်များ၌ အဆိုပါအစီအစဉ်များအကြောင်း ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။ တယ်လီနော၏ အလုပ်သင်ဝန်ထမ်း အစီအစဉ်အရ အလုပ်သင်ဝန်ထမ်းတစ်ဦးသည် ၁ လမှ ၃ လအထိ လေ့လာ ရမည်ဖြစ်ပြီး အဆိုပါ ကာလအတွင်းတွင် အလုပ်သင်ဝန်ထမ်းများအနေနှင့် ကုမ္ပဏီ၏ အလုပ်လုပ်ကိုင်မှုနည်းစနစ်များကို သင်ယူလေ့လာနိုင်မည့်အပြင် အလုပ်ခွင်၌ ဝင်ရောက်လုပ်ကိုင်ရာတွင်လိုအပ်သည့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများ တိုးတက်လာအောင် သင်ကြားပေးခြင်း၊ တယ်လီနော၏ သင်ကြားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၀န်ထမ်းများနှင့် အနီးကပ် ကြီးကြပ်သူများထံမှ လမ်းညွန် သင်ကြားပေးခြင်းများ ရရှိမည်ဖြစ်ကာ အလုပ်သင်အစီအစဉ် ပြီးဆုံးကြောင်း အသိအမှတ်ပြု လက်မှတ်များကိုလည်း ပေးအပ်မည်ဖြစ်သည်။ တယ်လီနောသည်မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြားတက္ကသိုလ်များနှင့် ပူးပေါင်း၍လည်း ယခု အစီအစဉ်ကို ဆက်လက် တိုးချဲ့သွားရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“တယ်လီနောအနေနဲ့ အခုလို အလားအလာရှိတဲ့ အလုပ်သင်ဝန်ထမ်း တွေကို ပထမဆုံးအကြိမ်အဖြစ် ခေါ်ယူနိုင်ပြီး သူတို့ဟာ ကျွန်မတို့ရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ လက်ရှိအကောင်အထည်ဖော် နေတဲ့ စီမံကိန်းတွေမှာ ပူးပေါင်းကူညီလုပ်ကိုင်နိုင်ကြမှာ ဖြစ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အလုပ်သင် ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သူတို့ရဲ့ ရှိနှင့်ပြီးသား အသိပညာတွေကိုတိုးတက်လာစေပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်အတွက် အဆင်သင့် ဖြစ်နေစေမှာ ဖြစ်ပါတယ်။” ဟု တယ်လီနောမြန်မာကုမ္ပဏီ၏ Chief People Officer (CPO) Anne Birgitte Kverum က ပြောကြားသည်။

ပွင့်ပွင့်လင်းလင်းဖြင့် အောင်မြင်မှုကို ဦးတည်သော အလုပ်ခွင် အလေ့အထ

တယ်လီနောသည် လက်ရှိတွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်ခန့်အပ်ထားပြီး ၎င်း၏ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ထောက်ပံ့သည့် လုပ်ငန်းစဉ်တွင်လည်း ပြည်တွင်း နှင့် နိုင်ငံတကာမှ မိတ်ဘက်ပေါင်း ၂၂၀ ကျော်နှင့် လက်တွဲ ဆောင်ရွက် လျက်ရှိသည်။ တယ်လီနောသည် လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးမှ သုံးစွဲသူပေါင်း ၁၇ သန်းကျော်အား ၎င်း၏ အရောင်းဆိုင် ထောင်ပေါင်းများစွာ ပါဝင်သည့်ကိုယ်ပိုင်ကွန်ရက်မှတစ်ဆင့် ဝန်ဆောင်မှုများ ပေးနေပြီး ပြည်တွင်းမှ ရာနှင့်ချီသောလူငယ်များ အပါအဝင် လူအဖွဲ့အစည်းအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း များစွာကို ဖန်တီးပေးနေသည်။

ထို့အပြင် တယ်လီနောအနေဖြင့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်နှင့် လူမှုဘဝ ဟန်ချက်ညီမျှနေစေရန် အစဉ်အမြဲ အလေး ထား စဉ်းစားပေးပါသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှု အများဆုံးခံရသော လုပ်ငန်းများမှ တစ်ခုဖြစ်ရန် ရည်မှန်းထားသည့် တယ်လီနောအနေဖြင့် အလုပ်နှင့် လိုက်လျောညီထွေစွာ သတ်မှတ်နိုင်သော အလုပ်ချိန်နှင့် ပိုမို တိုတောင်းသော ရုံးတွင်းလုပ်ငန်းချိန်များကို သတ်မှတ်ပေးထားပါသည်။ တယ်လီနောသည် ၂၀၁၅ စက်တင်ဘာလကစကာ မြန်မာနိုင်ငံ၌ မီးဖွားခွင့် ၆ လ (လစာပေး) ခံစားခွင့်ပြုသည့် ပထမဆုံးသော နိုင်ငံတကာကုမ္ပဏီဖြစ်လာပါသည်။ တယ်လီနော အနေဖြင့် ဝန်ထမ်း အဆင့်ဖွဲ့စည်းတည်ဆောက်ပုံကို အထက်အောက် အုပ်ချုပ်မှုအဆင့်နည်းပါးစွာ တည် ဆောက်ထားပြီး ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်ကို ပိုမိုခွင့်ပြုပေးထားသည်။ တယ်လီနောမြန်မာကို ဒေသခံ အရည်အသွေးရှိ ၀န်ထမ်းများဖြင့် စစ်မှန်သောပြည်တွင်းကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထွန်းတောက်လာမည့် အရည်အသွေးရှိ မြန်မာဝန်ထမ်းများကို အတွေ့အကြုံရှိ လုပ်ဖော်ကိုင်ဖက်များက ကူညီလမ်းညွှန် ပေးကြပါသည်။



Download Here!
Internship Application Form_Telenor Myanmar(excel)

Internship Application Form_Telenor Myanmar(pdf)
 

မီဒီယာများ ဆက်သွယ်နိုင်ရန် (တယ်လီနောမြန်မာ)

မနီနီမြင့်
Corporate Communications,
NiNi.Myint2@telenor.com.mm
(95) 9 79 100 0004

My Telenor