Share

SIM ကတ်နှင့်ငွေဖြည့်ကတ်

SIM ကတ်နှင့် ငွေဖြည့်ကတ်

၁၅၀၀ကျပ်

ကြိုတင်ငွေဖြည့် တယ်လီနောဖုန်း SIM ကတ် များဖြင့် ပြည်တွင်း ခေါ်ဆိုမှုများ သာမက ပြည်ပနိုင်ငံများ သို့ပါ သင့်တင့်မျှတတဲ့ စျေးနှုန်းဖြင့် ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ Activate ပြုလုပ်ဖို့ မလိုဘဲ ကြိုတင်ငွေဖြည့်ဖုန်း SIM ကတ်များနဲ့ SMS ပို့လို့ရသလို အင်တာနက်လည်း သုံးလို့ရပါတယ်။

Nano SIM ကို သတ်မှတ်ထားသောဆိုင်များတွင် ဝယ်ယူနိုင်ပါတယ်

အပို လက်ဆောင်များ

  • ၅ မိနစ် အခမဲ့( ပြည်တွင်း မည်သည့်ဖုန်းမဆို)

အသင့်ပါဝင်ပြီး ဝန်ဆောင်မှုများ

  • အင်တာနက် - ၁ MB လျှင် ၈ ကျပ်
  • ဖုန်းခေါ်ဆိုခြင်း - ၁ မိနစ်လျှင် ၂၇ ကျပ် ( ပြည်တွင်း မည်သည့်ဖုန်းမဆို)
  • စာတိုပေးပို့ခြင်း - ၁စောင်လျှင် ၁၅ ကျပ် ( ပြည်တွင်း မည်သည့်ဖုန်းမဆို)

Tourist SIM

မြန်မာပြည်ကို အလည်လာခြင်းဖြစ်စေ အလုပ်ကိစ္စနှင့်ဖြစ်စေ ရောက်ရှိနေသော မိတ်ဆွေတို့အတွက် အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသော ဖုန်းခေါ်ဆိုမှုကို တယ်လီနောမှ မိတ်ဆက်ပေးပါရစေ။ တယ်လီနော Tourist sim ဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အင်တာနက် ကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဖုန်းခေါ်ဆိုမှုများအပြင် မိမိချစ်ခင်ရသော သူငယ်ချင်း မိတ်ဆွေများနှင့် လူမှုကွန်ရက်များတွင် အမြဲမပြတ် ချိတ်ဆက်နိုင်ပါပြီ။ အနည်းဆုံး ၁၀၀၀ကျပ် မှစ၍ အများဆုံး ၁၀၀၀၀၀ ကျပ်အတိ E load ဖြင့်လည်း အချိန်မရွေး ငွေဖြည့်နိုင်ပါသည်။

Telenor Tourist SIM ကို ၂၀၁၆ ခုနှစ် နို၀င်ဘာ ၂၈ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်မိတ်ဆက်ခဲ့ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်လည်း ၀ယ်ယူရရှိနိုင်ပါသည်။

၁၅၀၀၀ကျပ်တန် Tourist SIM တွင်ပါ၀င်သော အစီအစဉ်များ

  • 5GB မြန်နှုန်းမြင့် အင်တာနက်
  • ပြည်တွင်းဖုန်းခေါ်ဆိုမှုအတွက် ၅၀ မိနစ်
  • မည်သည့်အစီအစဉ်မဆို အသုံးပြုရန်အတွက် ငွေကျပ် ၁၅၀၀
  • စတင်အသုံးပြုရန် ပထမဦးဆုံး ဖုန်းခေါ်ဆိုခြင်း
  • ပထမဦးဆုံး ဖုန်းခေါ်ဆိုသည့်ရက်မှ စ၍ ၁၄ရက်အတွင်း SIM card တွင်ပါရှိသော အကျိုးခံစားခွင့်များကိုအသုံးပြု၍ ရနိုင်ခြင်း
  • အခမဲ့ အ၀င်ခေါ်ဆိုမှု နှင့် SMS စာတိုလက်ခံမှု

ငွေဖြည့်ကတ်

အခု တယ်လီနောရဲ့ ကြိုတင်ငွေဖြည့် ဖုန်း သုံးစွဲသူ များအတွက် အဆင်ပြေပြေ သုံးလို့ရမယ့် ငွေဖြည့် ကတ်ပုံစံ (၄) မျိုးကို ထုတ်လုပ် ပေးလိုက် ပါတယ်။ ငွေဖြည့်ကတ် များကို ၁၀၀၀ကျပ်၊ ၃၀၀၀ကျပ်၊ ၅၀၀၀ကျပ် နှင့် ၁၀၀၀၀ကျပ် စသည့် ပုံစံ (၄) မျိုးဖြင့်ထုတ်လုပ် ပေးထားပြီး အနေနဲ့ မိမိ အဆင်ပြေရာကို ရွေးချယ် သုံးစွဲနိုင်မှာဖြစ်ပါတယ်။

၁၀၀၀ တန် ငွေဖြည့်ကတ်

၃၀၀၀ တန် ငွေဖြည့်ကတ်

၅၀၀၀ တန် ငွေဖြည့်ကတ်

၁၀၀၀၀ တန် ငွေဖြည့်ကတ်

fr

မေးလေ့ရှိသောမေးခွန်းများ

၁၅၀၀ ကျပ် ပဲပေးဆောင်ရပါမည်။ နံပါတ်အလှ မဟုတ်လျှင် ၁၅၀၀ ကျပ်ထက် ပိုပေးရန် မလိုပါ။
Telenor မှ ၀န်ဆောင်မှုပေးထားသော ဆိုင်တိုင်းတွင် ၀ယ်ယူနိုင်ပါသည်။ ဒါ့အပြင် Telenor အရောင်းဆိုင်များတွင်လဲ ၀ယ်ယူနိုင်ပါသည်။ Telenor မှ ပေးထားသော Form ပုံစံဖြည့်ပြီးမှသာ SIM Card များကို ၀ယ်ယူနိုင်ပါသည်။ မှတ်ပုံတင် (သို့) ထောက်ခံစာ တစ်ခုခု ယူဆောင်လာရမည်။ Form ပုံစံအသေးစိတ် အချက်အလက်များကို Telenor ဆိုင်များတွင် စုံစမ်းနိုင်ပါသည်။
ယခုလက်ရှိ အချိန်မှာတော့ အရောင်းဆိုင်များမှသာ ၀ယ်ယူနိုင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် Online မှတစ်ဆင့် ၀ယ်ယူနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်သည်။
မှတ်ပုံတင် ၊ ကားမောင်းလိုင်စင် ၊ Passport ၊ ကျောင်းသားကဒ် ၊ ထောက်ခံစာများ ဖြင့် ၀ယ်ယူနိုင်ပါသည်။
Telenor Call Center ဖုန်းနံပါတ် 09790097900 ကိုခေါ်ဆို၍ သော်လည်းကောင်း နီးစပ်ရာ ဖုန်းအရောင်းဆိုင်များတွင် မေးမြန်း၍သော်လည်းကောင်း care@telenor.com.mmသို့ Email ပို့၍သော်လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။