Share

တယ်လီနောအကြောင်း

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံတစ်ဝန်းတွင် သင့်တင့်သည့်စျေးနှုန်းဖြင့် လွယ်ကူစွာရယူနိုင်သည့် မိုဘိုင်းဆက်သွယ်ရေး၀န်ဆောင်မှုကို ပေးအပ်လျက်ရှိပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မြို့ကြီး ၃ မြို့ ၌ စတင်ခဲ့သော မိုဘိုင်းကွန်ရက်ကို မြန်မာနိုင်ငံတစ်လွှား မြို့ငယ်များနှင့် ကျေးလက်ဒေသများသို့ပါ ဖြန့်ကျက် လျက်ရှိ ပါသည်။ တယ်လီနောမြန်မာသည် ဥရောပနှင့် အာရှရှိ အသုံးပြုသူ သန်း ၁၆၀ ကျော်ကို မိုဘိုင်း၀န်ဆောင်မှု ပေးနေသော ကမ္ဘာ့ ထိပ်တန်းအော်ပရေတာ တစ်ခုဖြစ်သည့် တယ်လီနောအုပ်စု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။

တယ်လီနောမြန်မာအကြောင်း မိတ်ဆက်

တယ်လီနောသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်၌ ဆက်သွယ်ရေးလိုင်စင်ကို လက်ခံရရှိခဲ့ပြီး မိုဘိုင်းဝန်ဆောင်မှုများဖြစ်သော အသံ နှင့် အင်တာနက်ဝန်ဆောင်မှုများကို 2G နှင့် 3G GSM နည်းပညာများကို အသုံးပြုကာ ၂၀၁၄ ခုနှစ်ကတည်းက ပေးအပ်နေ ပါသည်။

တယ်လီနော၏ ကွန်ရက်သည် LTE (4G မိုဘိုင်းဆက်သွယ်မှု ကွန်ရက်) နှင့် အခြားအနာဂတ် နည်းပညာများကို အသုံးပြုနိုင်ရန် အသင့်ရှိနေမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ လူဦးရေ ၉၀% အား ၅ နှစ်အတွင်း မိုဘိုင်းဝန်ဆောင်မှု ပေးနိုင်ရန် စီစဉ်ထားပါသည်။

တယ်လီနောသည် ဝန်ထမ်း ၁၀၀၀ ခန့်ကို ခန့်အပ်သွားရန် ရည်ရွယ် ထားပါသည်။

တယ်လီနောအဖွဲ့ဝင်

မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်နိုင်ရန် လူအများ နေထိုင်လှုပ်ရှားသွားလာနေသည့် နေရာများတွင် တယ်လီနော တည်ရှိနေရပါမည်။ ကွန်ရက်ချိတ်ဆက်ခြင်းသာမက ဖြန့်ချိရေး နေရာများနှင့် အရောင်းကိုယ်စားလှယ်များ တိုးချဲ့ခြင်းဖြင့် ယင်းအချက်ကို အောင်မြင်စေရန် ကြိုးပမ်းနေပါသည်။မြန်မာနိုင်ငံ တစ်ဝှမ်း ချိတ်ဆက်မှုရှိစေရန် အတွက် တယ်လီနောနှင့် လက်တွဲဆောင်ရွက်နိုင်ပါသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ခေတ်မီဆက်သွယ်ရေးကွန်ရက် တိုးချဲ့မှုနှင့် အရည်အသွေးမြင့်မား၍ စျေးနှုန်းသင့်တင့်သော မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်နေပါသည်။

​တာ​ဝန်​သိ ​လူ​မှု​အ​ကျိုး​ပြု​လုပ်​ငန်း​များ