Share

အလုပ်အကိုင်

Why join us

တယ်လီနောသည် ဝန်ထမ်းခန့်အပ်ရာတွင် ၄င်းတို့၏ လုပ်ငန်းကျွမ်းကျင်မှု နှင့် စိတ်ဓာတ်အပေါ်မှုတည်၍ ရွေးချယ်ပြီး ၄င်းတို့၏ အနာဂတ်ကို ပုံဖော်နိုင်ရန် အခွင့်အလမ်းများ ပေးထားပါသည်။ သင်သည် ရဲရင့်ပြီး စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုပါက တယ်လီနောသည် သင့်၏ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေပါသည်။


မိုဘိုင်းအော်ပရေးရှင်းအသစ်တည်ဆောက်ရာတွင် လုပ်ငန်းကျွမ်းကျင်မှု၊ အရည်အချင်းနှင့် အတွေ့အကြုံများလိုအပ် ပါသည်။ ထို့အပြင် ရည်မှန်းချက်ရှေးရှုမှု၊ ပြီးစီးအောင်လုပ်ဆောင်မှုနှင့် အောင်မြင်လိုမှုတို့လည်း လိုအပ်ပါသည်။ တယ်လီနောမြန်မာသည် ၄င်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စွမ်းဆောင်ရည်များအတွက် မြင့်မားသော ရည်မှန်းချက်များရှိပါသည်။
တယ်လီနောသည် ဝန်ထမ်းများနှင့် ၄င်းတို့၏အလုပ်အကိုင်တိုးတက်ရေးတို့တွင် ရင်းနှီးမြှုပ်နှံပါသည်။ တယ်လီနောသည် ဝန်ထမ်းများအား စိတ်ဝင်စားဖွယ်ကောင်းသော အလုပ်အကိုင်ပတ်ဝန်းကျင်ကို ပေးအပ်ပြီး ပြည်သူ့ဗဟိုပြု ဓလေ့ကို အခြေခံသော စွမ်းဆောင်ရည်နှင့် အောင်မြင်မှုကို တည်ဆောက်သွားမည် ဖြစ်ပါသည်။ တယ်လီနောသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်အပြည့်အဝဆုံးသို့ ရောက်ရှိစေရန် ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းရည်မြှင့်တင်ခြင်းတို့ကို အားပေးသော ကုမ္ပဏီဖြစ်ပါသည်။
တယ်လီနောသည် ဝန်ထမ်းများအတွက် ပညာပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကို ပေးအပ်မည့် “Telenor Myanmar Academy” ကို မကြာခင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ Academy မှ ပေးပို့သော ဘာသာရပ်များ သည် ဝန်ထမ်းများ၄င်းတို့၏ အလုပ်အကိုင်ရည်မှန်းချက်များ ပြည့်ဝစေရန်နှင့် ၄င်းတို့၏ အလုပ်အကိုင် ရာထူးနှင့်တာဝန်များ ဆောင်ရွက်ရာတွင် လိုအပ်သော အသိပညာနှင့် အတတ်ပညာတို့ပါဝင်သည့် လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်သော သင်တန်းနှင့် ခေါင်းဆောင်မှုသင်တန်းစသည်တို့ ဖြစ်ပါသည်။
တယ်လီနောသည် ၂၀၁၄ခုနှစ် အကုန်တွင် ဝန်ထမ်းပေါင်း ၁၀၀၀အထိ ခန့်အပ်သွားရန် စီစဉ်ထားပါသည်။ တိုက်ရိုက်မဟုတ်သော အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ကိုလည်း ပြည်တွင်းစီးပွားရေးလက်တွဲဖော်များနှင့် အရောင်းကိုယ်စားလှယ်များမှတစ်ဆင့် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။ တယ်လီနောသည် ပြည်တွင်းဝန်ထမ်းများ ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံရန် နှင့် မြန်မာလူမျိုးများကို ဦးစားပေး ခန့်အပ်ရန် ရည်သန်ပါသည်။

 

တယ်လီနော အလုပ်သင်အစီအစဉ်

တယ်လီနောသည် တက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများကို တက္ကသိုလ်များနှင့် ပူးပေါင်းလက်တွဲ ဖော်ဆောင်ပေးလျက် ရှိပါသည်။ ယင်းတို့အနက်မှ တစ်ခုမှာ အလုပ်သင်အစီအစဉ်ဖြစ်ပြီး ယင်းအစီအစဉ်အရ ၂၀၁၆ ခုနှစ်အတွင်းတွင် တက္ကသိုလ် ရ ခုမှ ကျောင်းသူကျောင်းသား ၂၆ ဦးသည် တယ်လီနောတွင် လာရောက် သင်ယူလေ့လာခဲ့ကြပါသည်။

Download Here!

Internship Application Form_Telenor Myanmar(excel)

Internship Application Form_Telenor Myanmar(pdf)

ပိုမိုသိရှိရန်

 

နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသားအစီအစဉ်

နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသားအစီအစဉ်သည် ပြည်တွင်းမှ အရည်အချင်း ရှိသော လူငယ်လူရွယ်များအနေနှင့် ပြိုင်ဆိုင်မှုပြင်းထန်သော အလုပ်ခွင်များတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ရာ၌ အဆင်သင့် ဖြစ်နေစေရေး အထောက်အကူပြုရန် ရည်ရွယ်ပါသည်။ ယခု အစီအစဉ်အရ အရည်အချင်းရှိ ဘွဲ့ရကာစ လူငယ်များအား ကုမ္ပဏီမှနေ၍ ‘နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသား’ အဖြစ် တစ်နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုပါမည်။ ထူးချွန်သော သင်တန်းသူ/သားများအနေနှင့် စာချူပ်သက်တမ်းကုန်ဆုံးချိန် တွင် ကုမ္ပဏီ၌ အချိန်ပြည့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ရရန် အခွင့်အလမ်းများမည်ဖြစ်ပါသည်။

ကွန်ပျူတာ တက္ကသိုလ်များမှ ဘွဲ့ရလူငယ်များနှင့် နည်းပညာတက္ကသိုလ်များမှ Electrical Communication နှင့် Information Technology ဘာသာရပ်များကို အထူးပြုသင်ကြားခဲ့သည့် ဘွဲ့ရလူငယ်များ အား အဆိုပါ အစီအစဉ်မှတဆင့် ခန့်အပ်နိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ယခုအစီအစဉ်နှင့် ကိုက်ညီသည့် ဒီပလိုမာ သို့မဟုတ် အောင်လက်မှတ် ကိုင်ဆောင်ထားသည့် ဘွဲ့ရလူငယ်များလည်း လျှောက်ထားနိုင်ပါသည်။

Download Here!

TTP - Application Form (pdf)

TTP - Application Form (excel)

 

အလုပ်အကိုင်

အလုပ်အကိုင်နှင့် ပတ်သက်၍ သိရှိလိုပါကhr.myanmar@telenor.com သို့ အီးမေးလ်ပေးပို့ နိုင်ပါသည်။ သင်၏ ကိုယ်ရေးအကျဉ်းကိုလည်း ထည့်သွင်းပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။